ဗြဟ္မဇာလသုတ် မိစ္ဆာဒိဋ္ဌိပြခန်း

ဝီကီပီးဒီးယား မှ
၀၅:၃၃၊ ၁၂ ဇူလိုင် ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (အရှင်ဇနကာဘိဝံသ၏ အကျဉ်းချုပ်ကို အသုံးပြု၍ ဖန်တီးလိုက်သည်။) တည်းဖြတ်သည့်မူ

ဗြဟ္မဇာလသုတ် မိစ္ဆာဒိဋ္ဌိခန်း၌ ၆၂-ပါးသော "အတ္တရှိ၏၊ မြဲ၏၊ သို့မဟုတ် ပြတ်စဲ၏"ဟုယူသော မိစ္ဆာအယူတို့အကြောင်းကို ရှင်းပြခဲ့သည်။ ထိုနောက် "အတ္တမရှိ၊ မြဲလည်းမမြဲ၊ သို့မဟုတ် အဆက်မရှိသောနည်းဖြင့် ပြတ်စဲ၍မသွား"ဟူ၍ ထို၆၂-မျိုးသောအယူတို့ဆိုသည့်အတိုင်း မဟုတ်ကြောင်းကို ရှင်းပြခဲ့သည်။ အပြီးသတ်၌ "ဘာမျှမဟုတ်၊ ဘာမျှမရှိ၊ သုညချည်းဖြစ်၏"ဟု မိစ္ဆာအယူဝါဒတို့၏ သုညဖြစ်ပုံကို ပြလိုက်သည်။ ဤသို့ သုညချည်းဖြစ်နေကြောင်းကို သဗ္ဗညုတာဉာဏ်တော်ဖြင့်သာ သိနိုင်သောကြောင့် ဤအခန်းကို သဗ္ဗညုတာဉာဏ်တော်ပြသောအခန်းဟုလည်း ခေါ်သင့်သည်။[၁]

ဆက်စပ်စာမျက်နှာများ

ကိုးကား

  1. အရှင် ဇနကာဘိဝံသ (၁၉၄၉)။ ဗြဟ္မဇာလသုတ်တော် မြန်မာဘာသာပြန်။ p. စာ ၄၇။