ဗြဟ္မဇာလသုတ် မဇ္ဈိမသီလခန်း

ဝီကီပီးဒီးယား မှ

ဗြဟ္မဇာလသုတ် မဇ္ဈိမသီလခန်း၌ ပုထုဇဉ်တစ်ယောက်သည် ဘုရား၏ဂုဏ်ကို အလယ်အလတ်ဖြစ်သော သီလစောင့်ထိန်းမှု ဆိုင်ရာ ဂုဏ်အင်္ဂါများဖြင့် ချီးမွမ်းပြောဆို နိုင်သည်ကို အကျယ်ရှင်းပြထားသည်။ မြတ်စွာဘုရားသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ အမျိုးမျိုးသော သုံးဆောင်ဖွယ်တို့ကို သိုမှီးသုံးဆောင်ခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ သူတော်ကောင်းတရား၏ ဆူးငြောင့်ဖြစ်သော ပွဲအမျိုးမျိုး ကြည့်ခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ မေ့လျော့ကြောင်းဖြစ်သော အမျိုးမျိုးသော လောင်းကစားမှုများ ပြုခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ (စည်းစိမ်ခံစားခြင်းနှင့်ဆိုင်သော) မြင့်သောနေရာ မြတ်သောနေရာများကို ရှောင်ကြဉ်တော်မူခြင်း၊ (အမွှေးနံ့သာ) လိမ်းခြယ်ခြင်း (လှပတင့်တယ်ရန်) ဆင်ယင်ခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်နှင့် ဆန့်ကျင်ဘက် ဖြစ်သော စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ အကျိုးမရှိပြိန်ဖျင်းသော အငြင်းအခုံ စကားပြောခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ လာဘ်အလို့ငှါ အံ့ဖွယ်ကိုဖြစ်စေခြင်း မြှောက်ပင့်ပြောဆိုခြင်းမှ ရှောင်ကြဉ်တော်မူခြင်း အစရှိသော အလယ်အလတ်ဖြစ်သော သီလစောင့်ထိန်းမှု ဆိုင်ရာ ဂုဏ်အင်္ဂါများဖြင့် ပြည့်စုံကြောင်း ကို ဤမဇ္ဈိမသီလခန်း၌ ဖော်ပြထားသည်။

ဗြဟ္မဇာလသုတ် မဇ္ဈိမသီလခန်း ပါဠိနှင့် မြန်မာပြန်[ပြင်ဆင်ရန်]

စဉ် ပါဠိ[၁] မြန်မာပြန်[၂]

၁၁။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပံ ဗီဇဂါမဘူတဂါမသမာရမ္ဘံ အနုယုတ္တာ ဝိဟရန္တိ၊ သေယျထိဒံ[မှတ်စု ၁]၊ မူလဗီဇံ ခန္ဓဗီဇံ ဖဠုဗီဇံ အဂ္ဂဗီဇံ ဗီဇဗီဇမေဝ ပဉ္စမံ[မှတ်စု ၂]၊ ဣတိ ဧဝရူပါ ဗီဇဂါမဘူတဂါမသမာရမ္ဘာ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍[မှတ်စု ၃] လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်း ဖျက်ဆီးခြင်းကို ပြုလုပ်လျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့ မျိုးစေ့တို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ ဂုဏ်ကို ပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။

၁၂။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပံ သန္နိဓိကာရပရိဘောဂံ အနုယုတ္တာ ဝိဟရန္တိ၊ သေယျထိဒံ၊ အန္နသန္နိဓိံ ပါနသန္နိဓိံ ဝတ္ထသန္နိဓိံ ယာနသန္နိဓိံ သယနသန္နိဓိံ ဂန္ဓသန္နိဓိံ အာမိသသန္နိဓိံ ဣတိ ဝါ၊ ဣတိ ဧဝရူပါ သန္နိဓိကာရပရိဘောဂါ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော သိုမှီး သုံးဆောင်ခြင်းကို ပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ဆွမ်းကို သိုမှီးခြင်း အဖျော်ကို သိုမှီးခြင်း အဝတ်ကို သိုမှီးခြင်း ယာဉ်ကို သိုမှီးခြင်း အိပ်ရာကို သိုမှီးခြင်း နံ့သာကို သိုမှီးခြင်း (အခြား) စားသုံးဖွယ်ကို သိုမှီးခြင်းတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော သိုမှီးသုံးဆောင်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၃။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပံ ဝိသူကဒဿနံ အနုယုတ္တာ ဝိဟရန္တိ၊ သေယျထိဒံ၊ နစ္စံ ဂီတံ ဝါဒိတံ ပေက္ခံ အက္ခာနံ ပါဏိဿရံ ဝေတာဠံ ကုမ္ဘထူဏံ[မှတ်စု ၄] သောဘနကံ[မှတ်စု ၅] စဏ္ဍာလံ ဝံသံ ဓောဝနံ ဟတ္ထိယုဒ္ဓံ အဿယုဒ္ဓံ မဟိံသယုဒ္ဓံ[မှတ်စု ၆] ဥသဘယုဒ္ဓံ အဇယုဒ္ဓံ မေဏ္ဍယုဒ္ဓံ ကုက္ကုဋယုဒ္ဓံ ဝဋ္ဋကယုဒ္ဓံ ဒဏ္ဍယုဒ္ဓံ မုဋ္ဌိယုဒ္ဓံ နိဗ္ဗုဒ္ဓံ ဥယျောဓိကံ ဗလဂ္ဂံ သေနာဗျူဟံ အနီကဒဿနံ ဣတိ ဝါ၊ ဣတိ ဧဝရူပါ ဝိသူကဒဿနာ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့ သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း သဘင်ပွဲ[မှတ်စု ၇] စာဟောပွဲ လက်ဝါးတီးပွဲ ကြေးနင်းခွက်ခွင်း စသည်တီးပွဲ စည်တီးပွဲ ပန်းချီပြပွဲ သံလုံးကစားပွဲ ဝါးထောင်၍ကစားပွဲ အရိုးဆေးပွဲ ဆင်တိုက်ပွဲ မြင်းတိုက်ပွဲ ကျွဲတိုက်ပွဲ နွားတိုက်ပွဲ ဆိတ်တိုက်ပွဲ သိုးတိုက်ပွဲ ကြက်တိုက်ပွဲ ငုံးတိုက်ပွဲ တုတ်သိုင်းပွဲ လက်ဝှေ့ထိုးပွဲ လက်ပမ်းလုံးပွဲ စစ်ထိုးပွဲ စစ်သည်စစ်ဆေးပွဲ စစ်ဆင်ပွဲ စစ်အင်ကျင်းပွဲတို့တည်း။ ရဟန်းဂေါတမသည် ဤသို့ သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။

၁၄။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပံ ဇူတပ္ပမာဒဋ္ဌာနာနုယောဂံ အနုယုတ္တာ ဝိဟရန္တိ၊ သေယျထိဒံ၊ အဋ္ဌပဒံ ဒသပဒံ အာကာသံ ပရိဟာရပထံ သန္တိကံ ခလိကံ ဃဋိကံ သလာကဟတ္ထံ အက္ခံ ပင်္ဂစီရံ ဝင်္ကကံ မောက္ခစိကံ စိင်္ဂုလိကံ[မှတ်စု ၈] ပတ္တာဠှကံ ရထကံ ဓနုကံ အက္ခရိကံ မနေသိကံ ယထာဝဇ္ဇံ ဣတိ ဝါ၊ ဣတိ ဧဝရူပါ ဇူတပ္ပမာဒဋ္ဌာနာနုယောဂါ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းကို ပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ရှစ်ကွက်ကျားကစားခြင်း ဆယ်ကွက်ကျားကစားခြင်း ကောင်းကင်ကျားကစားခြင်း ဖိုးလမင်းကျားကစားခြင်း ဇယ်တောက်ကစားခြင်း အန်ကစားခြင်း ကျည်းသားရိုက်ကစားခြင်း စုတ်ခတ်ရေးကစားခြင်း ဂေါ်လီကစားခြင်း ပီပီမှုတ်ကစားခြင်း ထွန်ငယ်ဖြင့်ကစားခြင်း ကျွမ်းထိုးကစားခြင်း စကြာဖြင့်ကစားခြင်း ခြင်ခွက်ငယ်ဖြင့်ကစားခြင်း ရထားငယ်ဖြင့်ကစားခြင်း လေးငယ်ဖြင့်ကစားခြင်း အက္ခရာဝှက်ကစားခြင်း စိတ်အကြံဖော်တမ်းကစားခြင်း ကျိုးယောင်ကန်းယောင်ပြု၍ ကစားခြင်းတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော မေ့လျော့ကြောင်းဖြစ်သော လောင်းကစားပြုခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ ဂုဏ်ကို ပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။

၁၅။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပံ ဥစ္စာသယနမဟာသယနံ အနုယုတ္တာ ဝိဟရန္တိ၊ သေယျထိဒံ၊ အာသန္ဒိံ ပလ္လင်္ကံ ဂေါနကံ စိတ္တကံ ပဋိကံ ပဋလိကံ တူလိကံ ဝိကတိကံ ဥဒ္ဒလောမိံ ဧကန္တလောမိံ ကဋ္ဋိဿံ ကောသေယျံ ကုတ္တကံ ဟတ္ထတ္ထရံ အဿတ္ထရံ ရထတ္ထရံ[မှတ်စု ၉] အဇိနပ္ပဝေဏိံ ကဒလိမိဂပဝရ-ပစ္စတ္ထရဏံ သဥတ္တရစ္ဆဒံ ဥဘတောလောဟိတကူပဓာနံ ဣတိ ဝါ၊ ဣတိ ဧဝရူပါ ဥစ္စာသယနမဟာသယနာ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့ သော မြင့်သောနေရာ မြတ်သောနေရာကို (သုံးစွဲခြင်း) ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မြင့်လွန်းသောနေရာ၃ ပလ္လင်၄ မွေးရှည်ကော်ဇောကြီး ဆန်းကြယ်သော သားမွေးအခင်း ဖြူသော သားမွေးအခင်း ပန်းပြောက်ခြယ် သားမွေးအခင်း လဲသွတ်အခင်း ရုပ်ပုံခြယ်သားမွေးအခင်း နှစ်ဖက်မွေးရှိအခင်း တစ်ဖက်မွေးရှိအခင်း ရွှေချည်ထိုးအခင်း ပိုးချည်အခင်း သားမွေးအခင်းကြီး ဆင်ကုန်းနှီး မြင်းကုန်းနှီး ရထားခင်းနှီး သစ်နက်ရေအခင်း ဝံပိုင့်ရေ အခင်းမြတ် (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိသောနေရာတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၆။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပံ မဏ္ဍနဝိဘူသနဋ္ဌာနာနုယောဂံ အနုယုတ္တာ ဝိဟရန္တိ၊ သေယျထိဒံ၊ ဥစ္ဆာဒနံ ပရိမဒ္ဒနံ နှာပနံ သမ္ဗာဟနံ အာဒါသံ အဉ္ဇနံ မာလာဂန္ဓဝိလေပနံ[မှတ်စု ၁၀] မုခစုဏ္ဏံ မုခလေပနံ ဟတ္ထဗန္ဓံ သိခါဗန္ဓံ ဒဏ္ဍံ နာဠိကံ အသိံ[မှတ်စု ၁၁] ဆတ္တံ စိတြုပါဟနံ ဥဏှီသံ မဏိံ ဝါလဗီဇနိံ ဩဒါတာနိ ဝတ္ထာနိ ဒီဃဒသာနိ ဣတိ ဝါ၊ ဣတိ ဧဝရူပါ မဏ္ဍနဝိဘူသနဋ္ဌာနာနုယောဂါ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ (နံ့သာဖြင့်) ပွတ်သပ်ခြင်း (ဆီဖြင့်) ဆုပ်နယ်ခြင်း (နံ့သာဖြင့်) ရေချိုးခြင်း (လက်ရုံးကြီးထွားရန်) ထုရိုက်ခြင်း မှန်ကြည့်ခြင်း မျက်စဉ်းဆေးခြယ်ခြင်း ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်း မျက်နှာကို ခြယ်ခြင်း မျက်နှာကို လိမ်းကျံခြင်း လက်ဝတ်တန်ဆာဆင်ခြင်း သျှောင်ထုံးခြင်း လက်ကိုင်တုတ်ဆောင်ခြင်း ကျည်တောက်လွယ်ခြင်း သန်လျက်ဆောင်ခြင်း (ဆန်းကြယ်သော) ထီးကို ဆောင်းခြင်း ဆန်းကြယ်သော ဖိနပ်ကိုစီးခြင်း သင်းကျစ်ဖွဲ့ခြင်း ပတ္တမြားဆံကျင်ထိုးခြင်း သားမြီး ယပ်ဆောင်ခြင်း အမြိတ်ရှည်ဝတ်ဖြူ တို့ကို ဝတ်ခြင်းတို့တည်း။ ရဟန်းဂေါတမသည် ဤသို့ သော လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၇။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပံ တိရစ္ဆာနကထံ အနုယုတ္တာ ဝိဟရန္တိ၊ သေယျထိဒံ၊ ရာဇကထံ စောရကထံ မဟာမတ္တကထံ သေနာကထံ ဘယကထံ ယုဒ္ဓကထံ အန္နကထံ ပါနကထံ ဝတ္ထကထံ သယနကထံ မာလာကထံ ဂန္ဓကထံ ဉာတိကထံ ယာနကထံ ဂါမကထံ နိဂမကထံ နဂရကထံ ဇနပဒကထံ ဣတ္ထိကထံ[မှတ်စု ၁၂] သူရကထံ ဝိသိခါကထံ ကုမ္ဘဋ္ဌာနကထံ ပုဗ္ဗပေတကထံ နာနတ္တကထံ လောကက္ခာယိကံ သမုဒ္ဒက္ခာယိကံ ဣတိဘဝါဘဝကထံ ဣတိ ဝါ၊ ဣတိ ဧဝရူပါယ တိရစ္ဆာနကထာယ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏ ဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော ဖီလာစကား[မှတ်စု ၁၃] ကို ပြောလျက်နေကြ၏၊ ဤသည်တို့ကားအဘယ်နည်း၊ မင်းနှင့်စပ်သောစကား ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့်စပ်သောစကား စစ်သည်နှင့်စပ်သောစကား ကြောက်ဖွယ်နှင့်စပ်သောစကား စစ်ထိုးခြင်းနှင့်စပ်သောစကား စားဖွယ်နှင့်စပ်သောစကား သောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သောစကား အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကား နိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား ယောက်ျားနှင့်စပ်သောစကား သူရဲကောင်းနှင့်စပ်သောစကား လမ်း[မှတ်စု ၁၄]နှင့်စပ်သောစကား ရေခပ်ဆိပ်နှင့်စပ်သောစကား သေလွန်သူနှင့်စပ်သောစကား အထွေထွေနှင့်စပ်သောစကား လောက (အကြောင်း) နှင့် စပ်သောစကား သမုဒ္ဒရာ (အကြောင်း) နှင့် စပ်သောစကား ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော ဖီလာစကားကိုပြောခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။

၁၈။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပံ ဝိဂ္ဂါဟိကကထံ အနုယုတ္တာ ဝိဟရန္တိ၊ သေယျထိဒံ၊ န တွံ ဣမံ ဓမ္မဝိနယံ အာဇာနာသိ၊ အဟံ ဣမံ ဓမ္မဝိနယံ အာဇာနာမိ၊ ကိံ တွံ ဣမံ ဓမ္မဝိနယံ အာဇာနိဿသိ၊ မိစ္ဆာ ပဋိပန္နော တွမသိ၊ အဟမသ္မိ သမ္မာ ပဋိပန္နော၊ သဟိတံ မေ၊ အသဟိတံ တေ၊ ပုရေဝစနီယံ ပစ္ဆာ အဝစ၊ ပစ္ဆာဝစနီယံ ပုရေ အဝစ၊ အဓိစိဏ္ဏံ တေ ဝိပရာဝတ္တံ၊ အာရောပိတော တေ ဝါဒေါ၊ နိဂ္ဂဟိတော တွမသိ၊ စရ ဝါဒပ္ပမောက္ခာယ၊ နိဗ္ဗေဌေဟိ ဝါ သစေ ပဟောသီတိ ဣတိ ဝါ၊ ဣတိ ဧဝရူပါယ ဝိဂ္ဂါဟိကကထာယ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော အငြင်းစကားကို ပြောလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ သင်သည် ဤ ဓမ္မဝိနယ[မှတ်စု ၁၅] ကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မဝိနယကို အသို့သိနိုင်အံ့နည်း၊ သင်သည် မှားသောအကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သောအကျင့်ရှိသူ ဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦးဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏၊ သင်၏ ကြာမြင့်စွာ လေ့လာထားသော စကားသည် (သင့်ဆီသို့) ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသော အပြစ်ကို ငါ တင်ပြပြီ၊ သင် အရေးနိမ့်ပြီ၊ (ငါ တင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့၊ ဤသည်တို့တည်း။ ရဟန်းဂေါတမသည်ဤသို့သော အငြင်းစကား (ကိုပြောခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ ဂုဏ်ကို ပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။

၁၉။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပံ ဒူတေယျပဟိဏဂမနာနုယောဂံ အနုယုတ္တာ ဝိဟရန္တိ၊ သေယျထိဒံ၊ ရညံ၊ ရာဇမဟာမတ္တာနံ၊ ခတ္တိယာနံ၊ ဗြာဟ္မဏာနံ၊ ဂဟပတိကာနံ၊ ကုမာရာနံ "ဣဓ ဂစ္ဆ၊ အမုတြာဂစ္ဆ၊ ဣဒံ ဟရ၊ အမုတြ ဣဒံ အာဟရာ"တိ ဣတိ ဝါ၊ ဣတိ ဧဝရူပါ ဒူတေယျပဟိဏဂမနာနုယောဂါ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မင်းတို့၏ အမတ်ကြီးတို့၏ မင်းမျိုးတို့၏ ပုဏ္ဏားတို့၏ သူကြွယ်တို့၏ လုလင်ပျိုတို့၏ 'ဤအရပ်မှ (ထိုအရပ်သို့) သွားလော့၊ ထိုအရပ်မှ (ဤအရပ်သို့) လာလော့၊ ဤသည်ကို (ဤအရပ်မှ) ဆောင်သွားလော့၊ ဤသည်ကို (ထိုအရပ်မှ) ဆောင်ခဲ့လော့' ဟူသော အမှုတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၂၀။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ကုဟကာ စ ဟောန္တိ၊ လပကာ စ နေမိတ္တိကာ စ နိပ္ပေသိကာ စ၊ လာဘေန လာဘံ နိဇိဂီသိတာရော စ[မှတ်စု ၁၆] ဣတိ[မှတ်စု ၁၇] ဧဝရူပါ ကုဟနလပနာ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် လာဘ်အလို့ငှါ အံ့ဖွယ်ကိုလည်း ဖြစ်စေကုန်၏၊ မြှောက်ပင့်၍လည်း ပြောကုန်၏၊ အရိပ်အခြည်လည်း ပြကုန်၏၊ အတင်းအကျပ်လည်း ပြုကုန်၏၊ လာဘ်ဖြင့် လာဘ်ကိုလည်း ရှာမှီးကုန်၏၊ ဤသည်တို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော လာဘ်အလို့ငှါ အံ့ဖွယ်ကိုဖြစ်စေခြင်း မြှောက်ပင့်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။

မဇ္ဈိမသီလံ နိဋ္ဌိတံ။

မဇ္ဈိမသီလခန်း ပြီး၏။

မှတ်စု[ပြင်ဆင်ရန်]

  1. သေယျထီဒံ (သီ၊ သျာ)
  2. ပဉ္စမံ ဣတိ ဝါ (သီ၊ သျာ၊ က)
  3. ဤ၌ ယုံကြည်ခြင်းဟူသည် = ကံ ကံ၏ အကျိုး စသည်ကို ယုံကြည်ခြင်းပင်တည်း။
  4. ကုမ္ဘထူနံ (သျာ၊က)၊ ကုမ္ဘထုဏံ (သီ)
  5. သောဘနဃရကံ (သီ)၊ သောဘနဂရကံ (သျာ၊ကံ၊ဣ)
  6. မဟိသယုဒ္ဓံ (သီ၊သျာ၊ကံ၊ဣ)
  7. သဘင်ပွဲဟူသည် ဇာတ် ရုပ်သေး အငြိမ့် စသည်ပင်တည်း။
  8. စိင်္ဂုလကံ (က-သီ)
  9. ဟတ္ထတ္ထရဏံ အဿတ္ထရဏံ ရထတ္ထရဏံ (သီ၊ က၊ ဣ)
  10. မာလာဝိလေပနံ (သီ၊ သျာ၊ ကံ၊ ဣ)
  11. ခဂ္ဂံ (သီ၊ ဣ)၊ အသိံ ခဂ္ဂံ (သျာ၊ ကံ)
  12. ဣတ္ထိကထံ ပုရိသကထံ (သျာ၊ ကံ၊ က)
  13. ဤ၌ ဖီလာစကားဟူသည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်နှင့် ဆန့်ကျင်ဘက် စကားတို့တည်း။
  14. လမ်းဟူသည် မြို့တွင်းရှိလမ်းကို ဆိုသည်။
  15. ဓမ္မဝိနယဟူသည် ဓမ္မ = တရား၊ ဝိနယ = အဆုံးအမ။
  16. လာဘေန လာဘံ နိဇိဂိံ သိတာရော (သီ၊ သျာ)၊ လာဘေန စ လာဘံ နိဇိဂီသိတာရော (ဣ)
  17. ဣတိ ဝါ၊ ဣတိ (သျာ၊ ကံ၊ က)

ဆက်စပ်စာမျက်နှာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. သာသနာရေးဦးစီးဌာန (၂၀၁၀)။ ဆဋ္ဌသင်္ဂီ တိပိဋကံ၊ သုတ္တန္တပိဋကေ ဒီဃနိကာယေ၊ သီလက္ခန္ဓဝဂ္ဂပါဠိ။ p. စာ ၆-၈။
  2. သာသနာရေးဦးစီးဌာန (၂၀၁၁)။ ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် ဒီဃနိကာယ်ဝင် သုတ္တန်ပိဋကတ် သီလက္ခန္ဓဝဂ်ပါဠိတော် မြန်မာပြန်။ p. စာ ၅-၈။