ဗြဟ္မဇာလသုတ် မိစ္ဆာဒိဋ္ဌိပြခန်း

ဝီကီပီးဒီးယား မှ
ဗြဟ္မဇာလသုတ်လာ မိစ္ဆာဒိဋ္ဌိ ၆၂-မျိုး သရုပ်ပြပုံ

ဗြဟ္မဇာလသုတ် မိစ္ဆာဒိဋ္ဌိပြခန်း၌ ၆၂-ပါးသော "အတ္တရှိ၏၊ မြဲ၏၊ သို့မဟုတ် ပြတ်စဲ၏"ဟုယူသော မိစ္ဆာအယူတို့အကြောင်းကို ရှင်းပြခဲ့သည်။ ထိုနောက် "အတ္တမရှိ၊ မြဲလည်းမမြဲ၊ သို့မဟုတ် အဆက်မရှိသောနည်းဖြင့် ပြတ်စဲ၍မသွား"ဟူ၍ ထို၆၂-မျိုးသောအယူတို့ဆိုသည့်အတိုင်း မဟုတ်ကြောင်းကို ရှင်းပြခဲ့သည်။ အပြီးသတ်၌ "ဘာမျှမဟုတ်၊ ဘာမျှမရှိ၊ သုညချည်းဖြစ်၏"ဟု မိစ္ဆာအယူဝါဒတို့၏ သုညဖြစ်ပုံကို ပြလိုက်သည်။ ဤသို့ သုညချည်းဖြစ်နေကြောင်းကို သဗ္ဗညုတာဉာဏ်တော်ဖြင့်သာ သိနိုင်သောကြောင့် ဤအခန်းကို သဗ္ဗညုတာဉာဏ်တော်ပြသောအခန်းဟုလည်း ခေါ်သင့်သည်။[၁]

ဗြဟ္မဇာလသုတ်လာ မိစ္ဆာဒိဋ္ဌိ ၆၂-မျိုး[ပြင်ဆင်ရန်]

  • ပုဗ္ဗန္တာနုဒိဋ္ဌိ - ၁၈ မျိုး
    • သဿတဒိဋ္ဌိ - တည်မြဲအယူ - ၄ မျိုး
    • ဧကစ္စသဿတဒိဋ္ဌိ - အချို့တည်မြဲအယူ - ၄ မျိုး
    • အန္တာနန္တဒိဋ္ဌိ - အဆုံးရှိ အဆုံးမရှိအယူ - ၄ မျိုး
    • အမရာဝိက္ခေပဝါဒ - အဆုံးမရှိပစ်လွှင့်သော အယူ - ၄ မျိုး
    • အဓိစ္စသမုပ္ပန္နဝါဒ - အကြောင်းမဲ့အယူ - ၂ မျိုး
  • အပရန္တာနုဒိဋ္ဌိ - ၄၄ မျိုး
    • ဥဒ္ဓမာဃာတနိက သညီဝါဒ - သေပြီးနောက် သညာရှိအယူ - ၁၆ မျိုး
    • ဥဒ္ဓမာဃာတနိက အသညီဝါဒ - သေပြီးနောက် သညာမရှိအယူ - ၈ မျိုး
    • ဥဒ္ဓမာဃာတနိက နေ၀သညီ နာသညီဝါဒ - သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ် အယူ - ၈ မျိုး
    • ဥစ္ဆေဒဝါဒ - ပြတ်စဲအယူ - ၇ မျိုး
    • ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ - မျက်မှောက် (လောကီ) နိဗ္ဗာန်အယူ - ၅ မျိုး

[၂]

ဆက်စပ်စာမျက်နှာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင် ဇနကာဘိဝံသ (၁၉၄၉)။ ဗြဟ္မဇာလသုတ်တော် မြန်မာဘာသာပြန်။ p. စာ ၄၇။
  2. သာသနာရေးဦးစီးဌာန (၂၀၁၁)။ ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် ဒီဃနိကာယ်ဝင် သုတ္တန်ပိဋကတ် သီလက္ခန္ဓဝဂ်ပါဠိတော် မြန်မာပြန်။ p. စာ ၁၁-၃၉။