အတုအယောင်နိုးထခြင်း

ဝီကီပီးဒီးယား မှ

အတုအယောင်နိုးထခြင်း (False awakening) ဆိုသည်မှာ အိပ်မက်မှနိုးထလာပြီဟု အထင်အရှားသိနေသည်ဟုထင်ရသော်လည်း အိပ်မက်မက်သူသည် အမှန်တကယ်နိုးထလာခြင်း မဟုတ်ဘဲ ဆက်လက်အိပ်ပျော်နေသည့် ဖြစ်စဉ်တစ်မျိုးဖြစ်သည်။ အများစုသည် အတုအယောင်နိုးထပြီးချိန်၌ ဆက်လက်မက်သောအိပ်မက်မှာ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ နံနက်စာစားခြင်း အစရှိသည့် နံနက်တိုင်းလုပ်နေကျကိစ္စများ ဖြစ်လေ့ရှိသည်။

အခြားအယူအဆများ[ပြင်ဆင်ရန်]

အတုအယောင်နိုးထခြင်းမှာ အိပ်မက်တစ်ခုပြီးသည့်နောက် သို့မဟုတ် အသိရှိအိပ်မက်တစ်ခုမက်ပြီးနောက် ဆက်လက်မက်မည့် အိပ်မက်သို့အကူး၌ ဖြစ်ပွားလေ့ရှိသည်။ (အသိရှိအိပ်မက်ဆိုသည်မှာ အိပ်မက်မက်နေစဉ် မက်သူကလည်း အိပ်မက်မက်နေကြောင်း သိလျက်နှင့်ပင် အိပ်မက်မက်နေခြင်းဖြစ်သည်။) အတုအယောင်နိုးထခြင်းဖြစ်ချိန်တွင် အိပ်မက်မက်သူသည် အိပ်မက်မှနိုးထလာပြီဟု မြင်မက်လျက် ဒုတိယမြောက်အိပ်မက်ကို ဆက်လက်မြင်မက်သည်။ ဟားဗတ်စိတ်ပညာရှင် Deirdre Barrett ၏ လေ့လာမှုတွင် အိပ်မက် ၂,၀၀၀ တွင် (၂၀၀)မှာ အတုအယောင်နိုးထခြင်းများမှာ တစ်ညတည်းတွင်မက်သော မတူညီသည့် အိပ်မက်နှစ်ခုတွင်လည်းကောင်း၊ တစ်ထပ်တည်းတူညီသည့် အိပ်မက်နှစ်ခုကြား တစ်ခုမှတစ်ခုသို့ ကူးပြောင်းချိန်တွင် ဖြစ်လေ့ရှိကြောင်းတွေ့ရှိရသည်။