အဆုတ်ငါး

ဝီကီပီးဒီးယား မှ
အဆုတ်ငါး
Temporal range: Early Devonian–Recent
ကွင်းစလန်း အဆုတ်ငါး တစ်ကောင်၏ ပုံဏ္ဍာန်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
Clade: Sarcopterygii
Clade: Rhipidistia
Clade: Dipnomorpha
Ahlberg, 1991
မျိုးစဉ်: Dipnoi
J. P. Müller, 1844
မျိုးရင်း ကွဲများ
  • Suborder Ceratodontoidei
    • Neoceratodontidae
    • Lepidosirenidae]]

ငါးသည် ရေသတ္တဝါဖြစ်၍ သာမန်အားဖြင့် လေထဲတွင် ကြာရှည်ထားလျှင် သေတတ်သည်။ ညစ်ပတ် နေသောရေထဲ တွင်လည်း ကြာရှည် အသက်မရှင်တတ်ချေ။ သို့သော် အဆုတ်ငါး မျိုးကား ရေထဲတွင်ရော လေထဲတွင်ပါ အသက်ရှူနိုင်ကြ၍ ကြာရှည် နေနိုင်ကြသည်။ အဆုတ်ငါးတွင် အခြားငါးများကဲ့သို့ ပါးဟက်များရှိသည့်ပြင် ငါးစည်ဖောင်းခေါ် လေအိတ်လည်းရှိရာ ပါးဟက်များဖြင့် ရေအောက်တွင် အသက်ရှူ၍လေအိတ်ကိုကား အဆုတ်သဖွယ် ကုန်းပေါ်၌ အသက်ရှူ ရာတွင်အသုံးပြုကြသည်။

အဆုတ်ငါးသည် ငါးရှဉ့်ကဲ့သို့ ငါးမျိုးဖြစ်၍ ၁၂ လက်မမှ ၁၈ လက်မအထိ ရှည်ပြီးလျှင် အကြေးများ ရှိသည်။ များသော အားဖြင့် ၁၅ ပေါင်မှ ပေါင် ၂ဝ အထိ အချိန်စီးသည်။ အဆုတ်ငါးများသည် အာဖရိက တိုက်နှင့် ဩစတြေးလီးယား တိုက်တို့တွင် နေထိုင်ကျက်စားကြသည်။ အဆုတ်ငါး အားလုံး သည် ဒစ်ပနျူးစတီး မျိုးစဉ်တွင် ပါဝင်သည်။

အာဖရိကတိုက်အဆုတ်ငါးများ၏ ပါဏဗေဒအမည်မှာ ပရို တော့တာရပ် အနက်တန်း ဖြစ်၍ တောင်အမေရိကတိုက် အဆုတ်ငါးများ၏ ပါဏဗေဒအမည်မှာ လက်အီဒိုဆိုင်ရပ် ပါရောဒေါ့ဆား ဖြစ်သည်။ ဩစတေးယားတိုက် အဆုတ်ငါး များ၏ ပါဏဗေဒအမည်မှာ နီအိုအက်ရက်တိုဒပ် ဖော့စတီရီ ဖြစ်၍ ယင်းသည် အာဖရိကတိုက်နှင့် အမေရိကတိုက် အဆုတ် ငါးမျိုးတို့ထက် ကြီး၍ သုံးလေးပေထိ ရှည်လေသည်။

အဆုတ်ငါးသည် ညစ်ပတ်သော ရေထဲ၌ နေထိုင်သည့်ပြင် ခြောက်သွေ့သော နွေရာသီ တစ်လျှောက်လုံး၌လည်း နေနိုင် သည်။ နွေရာသီကျရောက်လာသည့်အခါ ရေများ ခန်းခြောက်၍ ရွှံ့များ တဖြည်းဖြည်း မာလိုက် လာသည့်အလျောက် ဤငါးများ သည် ရွှံ့ထဲတွင် တွင်းကလေးများ ပြုလုပ်ကာ နောက်မိုးကျ သည့်အချိန်တိုင်အောင် ကွေး၍ အိပ်နေတတ်ကြသည်။ တွင်း ပေါက်များကိုမူ ရွှံ့များဖြင့် ပိတ်ဆို့ထားပြီးလျှင် လေဝင်ရန် အပေါက်ကလေးများ တစ်ပေါက်နှစ်ပေါက် ဖောက်ထားကြ သည်။ ဤအဆုတ်ငါးများ ခိုအောင်းနေသော ရွှံ့ခဲများကို အလွယ်တကူ တူးယူနိုင်ပြီးလျှင် အခြားတိုင်းပြည်များသို့ သင်္ဘောဖြင့် တင်ပို့ပေးနိုင်သည်။ ရွှံ့ခဲကို ရေကန်ထဲသို့ ထည့် လိုက်သည့်အခါ ရွှံ့ခဲသည် ပျော်သွား၍ အထဲမှ အဆုတ်ငါး ထွက်လာပြီးလျှင် ရေကန်ထဲတွင် ကူးလူးသွားလာနေတော့၏။

အဆုတ်ငါးများတွင် အလွန်ရှေးကျသော ရှေ့နှင့်နောက် ဆူးတောင်များရှိရာ သိပ္ပံပညာရှင်များက ယင်းတို့ကို ငါး အစစ်နှင့်ပုတ်သင်၊ ဆလမန္ဒာကောင်တို့ အကြားတွင် ရှိသော သတ္တဝါတစ်မျိုးမှ ကြွင်းကျန်ရစ်ခဲ့သော ငါးတစ်မျိုးဖြစ်တန်ရာ သည်ဟု ယူဆကြသည်။ အဆုတ်ဖြင့် အသက်ရှူသောအစွမ်း ရှိသည့် ငါးအချို့ရှိ ငြားသော်လည်း ယင်းတို့ကို အဆုတ်ငါးဟု မခေါ်ကြချေ။ အထက်ပါ ငါးသုံးမျိုးကိုသာ အဆုတ်ငါးဟု ခေါ် ကြသည်။

အဆုတ်ငါးများ၏ ရှေ့နှင့်နောက် ဆူးတောင်များသည် ကြီး ၍ သန်မာကာ ယင်းတို့ကို ခြေထောက်သဖွယ် အသုံးပြုကြ သည်။ တောင်အာဖရိကတိုက်နှင့် ဩစတြေးလီးယားတိုက်ရှိ လူ အချို့သည် အဆုတ်ငါးများကို စားကြသည်။

ကိုးကား[ပြင်ဆင်ရန်]