မာတိကာသို့ ခုန်သွားရန်

အဆင့်ရှင်းပြည့် ဝါဒ

ဝီကီပီးဒီးယား မှ
အဆင့်ရှင့်ပြည့်နည်းအားဖြင့် လူမဟုတ်သော တိရစ္ဆာန်များကို ခွဲခြမ်းစိတ်ဖြာလျှင် ရှုပ်ထွေးလှသော သံပတ်ရုပ်သဖွယ်သာ ဟု ပြင်သစ်လူမျိုး သင်္ချာနှင့် အတွေးအခေါ် ပညာရှင် ဒေကား (Descartes) က ဆိုဖူး။

ဒဿနိကဗေဒမှ အဆင့်ရှင်းပြည့် ဝါဒ (အင်္ဂလိပ်: reductionism) သည် "သဘာဝဖြစ်အင်နှင့် သဘာဝသဘောတရား မျိုးစုံကို အခြေခံကျ ရှင်းလင်းသော အခြေခံ ဖြစ်စဉ်များဖြင့် အပြည့်ရှင်းပြရန် အားထုတ်ခြင်း ဖြစ်သည်။ ရှုပ်ခတ် အစုအဝေး (complex system) တခုခုကို သူ့အစိတ်အပိုင်းများ၏ ပေါင်းလဒ်အဖြစ် ကောက်ယူရှင်းပြမည့် သင်္ချာဉာဏ်၊ ဒဿနိက တွေးနည်းဟုလည်း ဆိုကြသည်။[၁]

Definitions[ပြင်ဆင်ရန်]

အောက်စဖို့ဒ် ဒသနိကဗေဒ လက်စွဲ စာအုပ်တွင် ဤ အဆင့်ရှင်းပြည့် ဝါဒ သည် "ဒဿနိကဗေဒ ဝေါဟာရထဲမှ အသုံး အများဆုံးနှင့် အသုံး အလွဲဆုံး စကားလုံး" ဟု ဆို၍ ကဏ္ဍအဆင့် ၃ပိုင်း ဆက်ခွဲနိုင်သည်ဟု ဆို၏။[၂]

  1. ဖြစ်ဖွဲ့မှု အဆင့်ရှင်းပြည့်ဝါဒ သည် "လောကတခုလုံးက လက်တဆုပ်စာ အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသည်" ဟု ယူမှတ်ခြင်း။
  2. သိပ္ပံ အဆင့်ရှင်းပြည့်ဝါဒ သည် ပိုမိုအခြေခံကျ၊ အစိတ်အပိုင်းဆန်သော အရာများအဖြစ် စိုင်းယန့်စ်ကျကျ နားလည်ပြန်ဆိုရန် အားထုတ်ခြင်း။
  3. သီအိုရီ အဆင့်ရှင်းပြည့်ဝါဒ သည် အသစ်ပေါ်လာသည့် အယူဝါဒဖြစ်လျက်၊ ရှိနှင့်ပြီးသော ၂ခုကို ပယ်ဖျက်ခြင်း မမည်သော်လည်း ပိုမိုအခြေခံ အစိတ်အပိုင်းကျအောင် ဆက်လက် ခွဲစိတ်သည်။ သူ့ထံ၌ သဘောဖတ်ယူမှု၊ တွေးဆက်မှု၊ ဖြေရှင်းချက်ထုတ်မှု ဟူသည့် အဆင့် ၃ပိုင်း ထပ်ကွဲသေးသည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. Kricheldorf၊ Hans R. (2016)။ Getting It Right in Science and Medicine: Can Science Progress through Errors? Fallacies and Facts (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cham: Springer။ p. 63။ ISBN 978-3319303864
  2. Michael Ruse (2005)။ "Entry for "reductionism""။ in Ted Honderich (ed.)။ The Oxford Companion to Philosophy (2nd ed.)။ Oxford University Press။ p. 793။ ISBN 978-0191037474