အစ္စလာမ်ဘာသာရှိ ဘုရားသခင်

ဝီကီပီးဒီးယား မှ

အစ္စလာမ်ဘာသာတွင် ဘုရားသခင် (အာရပ်: الله‎, ရောမအက္ခရာ: Allāh) သည် ခွဲခြားမရနိုင်သည့် တစ်ဆူတည်းသော အနန္တတန်ခိုးရှင်ဖြစ်ပြီး စကြဝဠာကို အုပ်စိုးသည့် အသိဉာဏ်ရှင်ဖြစ်ကာ စကြဝဠာတွင်းရှိ အရာခပ်သိမ်းအားလုံး၏ ဖန်ဆင်းရှင် ဖြစ်သည်။ အစ္စလာမ်ဘာသာတွင် ဘုရားသခင်သည် တစ်ဆူတည်းသော အရှင်မြတ် (tawḥīd ) ဖြစ်ပြီး[၁] ဂရုဏာရှင်နှင့် တန်ခိုးရှင် ဖြစ်သည်။[၂] အရှင်မြတ်သည် အစ္စလာမ် သာသနာကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သော့ချက်ဖြစ်သည်။

ဆွေဖှာသေ စဘူသီယာ[ပြင်ဆင်ရန်]

၎င်း၏ဆိုလိုရင်းမှာ အရှင်မြတ်၏ ဇာတိပကတိတွင်ရှိနေသည့် (သို့) အရှင်မြတ်၏ ဇာတိပကတိတော်နှင့် တစ်ခုတည်းတစ်ထပ်တည်းရှိနေသည့် ဂုဏ်ပုဒ်များကို ခေါ်ဆိုသည်။

ဇာသီး[ပြင်ဆင်ရန်]

အရှင်မြတ်၏ဇာတိတော်နှင့် သက်ဆိုင်သော ဂုဏ်ပုဒ်ဖြစ်ပြီး အိုင်းနေဇာသ်- အရှင်မြတ်၏မူလပကတိဇာတိတော် ဖြစ်သည်။ ဆွေဖှာသေ ဇာသီး ကို အဓိကကျသည့် ဆွေဖှာသ် လေးခု၌ စုစည်းတင်ပြနိုင်သည်။

  1. ဝါဟ်ဒါနီယသ် - အလ္လာဟ် အရှင်မြတ်သည်တစ်ပါးတည်းတည်ရှိပြီး အရှင်မြတ်နှင့်နှိုင်းဆတုပပြစရာဟူ၍အလျင်းမရှိ ပေါင်းစပ်ဖွဲ့စည်းထားသည့်အရာမျိုးလည်းမဟုတ်ပေ ၊ ထိုအဓိကဂုဏ်ပုဒ်အပေါ် အခြေခံသည့် အခြားသောဂုဏ်ပုဒ်များမှာ - အဟဒ် ၊ ဝါဟိဒ် ၊ မရှ်ဟူရ် ၊ မာအ်ရူဖှ် ၊ ဖှရ်ဒ် ၊ ကာဖှီ ၊ ဝသ်ရ် ၊ မောင်ဂျူးဒ် ၊ ဂါယသ် [၃]
  2. စဲရ်မဒီယသ် - အလ္လာဟ် အရှင်မြတ်သည် အဇလီ ၊ အဗဒီ - အဆုံးအစဟူသည်နှင့်ဘောင်ခတ်၍မရ အမြဲထာဝရတည်ရှိခဲ့သည် တည်ရှိနေလိမ့်မည် - ဖြစ်၏။ ၎င်းဂုဏ်ပုဒ်အပေါ်အခြေခံသည့်အခြားသောဂုဏ်ပုဒ်များမှာ - အာခဲရ် ၊ အောင်ဝလ် ၊ ဘာကီး ၊ ဟိုင်း ၊ ဒါအင်မ် ၊ စာဗစ်က် ၊ စဲရ်မဒ် ၊ ကဒီးမ် ၊ ကရီးဗ် ၊ ကာအင်မ် ၊ ကိုင်ယူးမ် ၊ မသီးန် ၊ မကီးန် ၊ ဟတ္က ၊ အဇလီ ၊ အဗဒီ ၊ ဝါဂျစ်ဘွလ်ဝိုဂျူးဒ်
  3. အာလင်မီယသ် - အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်အား တတ်သိနားလည်တော်မူသော အရှင်ဖြစ်တော်မူ၏ ၊ အရှင့်၏ပညာတော်သည် အချိန်တိုင်းနေရာတိုင်းကို လွှမ်းခြုံလျက် ရှိပြီး အကြွင်းမဲ့ သိမြင်တော်မူသောအရှင် ဖြစ်သည်။ ဤဂုဏ်တော်ကို အခြေခံသည့်အခြားသောဂုဏ်ပုဒ်များမှာ - ဘဆွီးရ် ၊ ဘာသွင်န် ၊ ဗွရ်ဟာန် ၊ ဂျမီးလ် ၊ ဟွတ်စ်န် ၊ ဟကီးမ် ၊ မိုဟီးသွ် ၊ ခဗီးရ် ၊ မွတ်ဒရစ်က် ၊ ဒလီးလ် ၊ ရာအ်(ယ) ၊ စဲရ်ဝဲရ် ၊ စာမေ့အ် ၊ စမီးအ် ၊ စနဒ် ၊ ရှာဟိဒ် ၊ ရှဟီးဒ် ၊ အာလင်မ် ၊ အလီးမ် ၊ အလ္လာမ် ၊ ဖှခ်ရ် ၊ နာသွစ်(က) ၊ နာဇီရ် ၊နူရ် ၊ ကာရှစ်ဖှ် ၊ ကာမိလ် ၊ ကန်ဇ် ၊ မို့အ်လင်န် ၊ အာရစ်ဖှ်
  4. ကာဒီရ်ရီယသ် - အရှင်မြတ်သည် အရာခပ်သိမ်းကိုစွမ်းဆောင်ရန် တတ်နိုင်သော အင်အားရှိတော်မူသောအရှင်ဖြစ်တော်မူ၏ ၊ ထိုဂုဏ်တော်မှအခြေခံသည့်အခြားသောဂုဏ်ပုဒ်များမှာ - اذخ-جبار-جلیل-محول-ذخز-رافع-رفیع-سریع-سال-سید-شدید-شریف-صادق-عده-عز-عزیز-معز-عظیم-علی-عالی-اعلی- فوق-عون-معین-مستعانغالب-غناء-غنی-مغنی-فاتح-فتاح-فالق-فارج-مفرج-فاتق-فائق-قادر-قدیر-مقنی-قاهر-قهار-ماجد-مجید-منیع-ناصر-نصیر-کبیر-متکبر-کثیر-واسع-موسع-مهیمن-مکین-مانع-مطلق-حق-فاصل-فارق-مفصل-قابض

ဖှေ့အ်လီ[ပြင်ဆင်ရန်]

အလ္လာဟ် အရှင်မြတ်၏လုပ်ရပ်များနှင့် ပတ်သက်သည့် ဂုဏ်တော်များဖြစ်ပြီး အရှင့်၏ ပညာနှင့် အင်အားတော်မှ ဖြစ်ပေါ်လာခြင်းဖြစ်၏။ အရှင်မြတ်၏ ဆွေဖှာသေဖှေ့အ်လ် ကို ဖော်ပြပါ အခြေခံဂုဏ်တော် ၄ ပါးတွင် ခြုံငုံ၍ တင်ပြနိုင်သည်။

  1. ခါလစ်ကီယသ် - အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်၏။ တည်ရှိမှုအရာအားလုံးကို အလ္လာဟ်ရည်ရွယ်တော်မူသည်နှင့် တစ်ပြိုင်နက် ဖန်ဆင်းပြီးဖြစ်သည်။ ဆိုလိုသည်မှာအရှင့်၏ အေရာဒါ နှင့် အရာခပ်သိမ်းတို့ ဖြစ်ပေါ်တည်ရှိလာပြီး အရှင်မြတ်၏ အေရာဒါ ဖြင့်သာ ရှင်သန်နေကြရ၏။ ဤဂုဏ်တော်မှအခြေခံသည့် အခြားဂုဏ်တော်များမှာ - ی-مبدء-مبدل-بارء-باعث-جاعل-محیی-خالق-خلاق-مسبب-مسخر-صانع-مصور-مضعف-معید-مغیر-فاطر-فاعل-فعال-فالق-مغنی-مقلب-ماهی-ممکن-ممیت-منشئ-منور-مکون-موسع-ماهد[၄]
  2. ရဗ်ဗာနီယသ် - အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို မွေးမြူထိန်းကျောင်းတော်မူသော အရှင်ဖြစ်တော်မူသည်။ စကြဝဠာကြီးသည် အရှင့်၏ ဂရုပြုထိန်းကျောင်းမှုမရှိဘဲ တစ်ခဏတစ်စက္ကန့်မျှ လည်ပတ်နေခြင်းမျိုး မရှိပေ။ ဤဂုဏ်တော်ကို အခြေခံသည့် အခြားဂုဏ်တော်များမှာ - ان-امین-مومن-انیس-مونس-مستانس-بر-بار-باسط-مبشر-مبین-مبین-تواب-مثیب-جابر-مجزل-جلیس-مجمل-مجیب-مجاب-جواد-جار-مجبر-حبیب-محبوب-محذر-داعی -مدعو-حفیظ-حافظ-حفی-حلیم-حامد-حمید-محمود-حنان-محیل-مخوف-خیر-مختار-مدبر-حرز-حاسب-حسیب-دافع-مدیل-دیان-ذارء-ذاکر-مذکور-رئوف-رب-مرتب-راتق-رجاء-راحم-رحیم-رحمان-ارحم-رازق-رزاق-راضی-رضی-مرضی-رضوان-مرغوب-مرغب-رفیق-رقیب-موهوب-مرتاح-مزین-ساتر-ستار-سلام-سامق-مسهل-شافی-شاکر-شکور-مشکور-صبور-صبار-صریخ-جبار-ضامن-طبیب-مطعم-طالب-مطلوب-مطور-عدل-عادل-عاصم-عصمت-عطوف-معطی-عفو-معافی-غافر-غفار-غفور-غفران-غیاث-مغیث-مطرح-مفرغ-مفضل-قابل-قبیل-قاسم-مقسم-مقسط-مقیت-مقیل-ملجا-ملقن-ملهم-ملی-منان-ممهل-منجی-منذر-منزل-منزل-منعم-منفس-منول-منیل-کریم-اکرم-مکرم-کالئ-ودود-موسع-ماصل-موصوف-وافی-وفی-وقی-واقی-واهب-وهاب
  3. ဟာကင်မီယသ် - အရာခပ်သိမ်းကုန်တို့သည် အရှင်မြတ်၏ အုပ်ချုပ်မှုစိုးစံမှုအောက်တွင် ရှိသည်။ အရှင်မြတ်သည် ဥပဒေ ပညတ်တော်များသတ်မှတ်သူ တရားစီရင်အုပ်ချုပ်ခြင်း၏ အဓိကအရင်းအမြစ်ဖြစ်သည်။ (ဆိုလိုသည်မှာ လိုအပ်သမျှ ပြဋ္ဌာန်းချက်များကို သတ်မှတ်ပြဋ္ဌာန်းသူ အုပ်ချုပ်သူအပေါင်း၏အုပ်ချုပ်သူ တရားသူကြီးအပေါင်းအား တရားစီရင်မည့်သူ စကြဝဠာကြီးတစ်ခုလုံးအား နရာမကြွင်း အုပ်ချုပ်လွှမ်းမိုးနိုင်သူ ဖြစ်သည်။) ၎င်းဂုဏ်တော်အား အခြေခံသည့် အခြားဂုဏ်တော်များမှာ - اله-امر-حاکم-دلیل-راشد-مرشد-رشید-راعی-مسئول-معبود-معقب-عماد-غایت-مقصود-قاضی-منی-ناهی-منتهی-ولی-والی-مولی-هادی-حکم
  4. မာလစ်ကီယသ် - ဖန်ဆင်းခံ အရာခပ်သိမ်းကို ပိုင်ဆိုင်တော်မူသောအရှင်မှာ အလ္လာဟ် အရှင်မြတ်သာတည်း။ အရှင်သည် မာလစ်ကေအလလ်အစ်သွလာ(က)- အကြွင်းမဲ့စိုးပိုင် ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်၏။ ထိုဂုဏ်

ပုဒ်ကို အခြေပြုသော အခြားသောဂုဏ်ပုဒ်များမှာ- جامع-سلطان-شافع-شفیع-صاحب-مالک-ملیک-ملک-مقدر-مقدم-کاسر-کفیل-وکیل တို့ဖြစ်သည်။[၅]

ဆွေဖှာသေစဲလ်ဗီယာ[ပြင်ဆင်ရန်]

( အရှင်မြတ်တွင် မရှိအပ်သော ဂုဏ်ပုဒ် များဖြစ်သည် ဥပမာ - အရှင်မြတ်သည်မဲရ်အီး မဟုတ်ပါ ၊ ဆိုလိုသည်မှာ အလ္လာဟ် အရှင်မြတ်ကို မျက်စေ့ဖြင့်မမြင်တွေ့နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မျက်စေ့ဖြင့် မြင်တွေ့ရန် အရာဝတ္ထုတစ်ခုခုဖြစ်ရတော့မည်။ အရာဝတ္ထုတစ်ခုခုဆိုပါက အရှင်မြတ်တွင်ရုပ်ခန္ဓာရှိရတော့မည်။ အရှင်မြတ်သည် ဂျစ္စမ် - ရုပ်ခန္ဓာနှင့်တည်ရှိခြင်းမျိုးမဟုတ်ပါ။)

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. John L. Esposito, Islam: The Straight Path, Oxford University Press, 1998, p.88
  2. "Allah." Encyclopædia Britannica. 2007. Encyclopædia Britannica
  3. تفسیر موضوعی قرآن کریم تألیف آیت‌الله مکارم شیرازی بخش صفات خداوند
  4. لا مؤثر فی الوجود الا الله (حدیث)
  5. دعای جوشن کبیر از مفاتیح الجنان