တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း

ဝီကီပီးဒီးယား မှ

ဘာသာရေးဆိုင်ရာ ပညာရပ်တွင် တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း (ဂရိ (μόνος )မှလာသည် “တစ်ခုတည်း” - နှင့် (θεός) “ဘုရား” )သည် ဘုရားတစ်ဆူတည်းသာ ရှိသည်ဟူသော ယုံကြည်မှုဖြစ်သည်။ “တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း” ၏သဘောသဘာဝသည် ဂျူးအယူဝါဒ၊ ခရစ်ယာန်ဘာသာအစ္စလာမ်နှင့် ဒရုတ်ကဲ့သို့သောအေဗရာဟင်၏ဘာသာရေးများတွင်ရှိသည့် ဘုရား ၏ သဘောသဘာဝများ လွှမ်းမိုးနေသယောင်ဖြစ်သည်။

တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း၏ခံယူချက်[ပြင်ဆင်ရန်]

ဒရုတ် သည် ဘုရား၏ ချစ်ခင်နှစ်သက်မှုသဘောသဘာဝရှိပြီး ၎င်းအမြင်ကိုရှေ့ရောက်လာစေရန် ဂရိ ခေတ် ဒိုင်အိုနီဆီးယပ်အေရိုဖက်အတုအယောင် (Pseudo-Dionysius the Areopagite) နှင့်ထိုနည်းတူစွာ ဟိန္ဒူအယူ ဝါဒအတွေးအခေါ်များဖြစ်ကြသည့် အတ်ဝိတ်တ၊ ဒဝိတ်တ- နှင့် ဗစ်ရှစ်အတ်ဝိတ်တ တို့က လုပ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း ဟိန္ဒူအတွေးအခေါ်များသည် နတ်ဘုရားများအလျှံပယ်တည်ရှိနေမှု ကို ခွင့်ပြုထားသည်။ ယင်းဟိန္ဒူအတွေးအခေါ်များသည် ဒေဝါနတ်သိကြားများ ကဲ့သို့သော တန်ဖိုးအာဏာ အနည်းငယ်လျော့နည်းသည့် အထင်ကရပုဂ္ဂိုလ်ကြီးများကိုလည်း သက်ဝင်ယုံကြည်ကြသည်။

အေဗရာဟင်၏ အဖွဲ့တွင် ရှိနေသည့်အတွက်ကြောင့်၊ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်း၏ ခံယူချက်သည် ရံဖန်ရံခါတစ်ပါးမကသောနတ်ဘုရားများကို ကိုးကွယ်ခြင်းနှင့်သဘာဝအားလုံးတွင် ရှိသောဘုရားကို ကိုးကွယ်ခြင်းတို့နှင့် ခြားနားလျက်ရှိပြီး၊ တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်းသည် အခြားသောတစ်ခုတည်းအဖြစ် ထင်ရှားသောခံယူချက်ဖြစ်သည့် စကြဝဠာတစ်ခုလုံးသည် တစ်ခုတည်းဖြစ်သည် ဟူသောအတွေးအခေါ်များနှင့် ဒွေးရောယှက်တင်ဖြစ်နေသကဲ့သို့ တွေ့မြင်ရသည်။ သို့သော်လည်း သဘာဝအားလုံးတွင်ရှိသော ဘုရားကိုးကွယ်ခြင်းတွင် ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်သည့် နမူနာရှိနေသည်။ ထို့ကြောင့် ၎င်းကို တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်းဟုသိရှိနိုင်သည်။ ဥပမာ ရှေးပါရှား(အီရန်)ကိုးကွယ်မှု ဇိုရိုအက်စ်ထရီးယန်းနစ်ဆင် ။

အပြင်ပန်းအားဖြင့် တစ်ဆူတည်းသောဘုရားကိုကိုးကွယ်သည့် ဘာသာရေးများတွင် နတ်ဘုရား၏ များစွာသော သဘောသဘာဝများ ပါဝင်နေဦးမည်ဖြစ်သည်။ ဥပမာ- သုံးပါးတစ်ဆူု(Trinity) တွင် တစ်ဆူတည်းသောဘုရားကို သုံးကိုယ်ခွဲ မြင်ရခြင်းများ (ခမည်းတော်၊ သားတော်နှင့်သန့်ရှင်းသော ဝိညာဉ်တော်)။ ထပ်မံဖြည့်စွက်ရလျှင်၊ များစွာသော ခရစ်ယာန်ဘုရား ကျောင်းများသည် ယေရှုကို သဘာဝနှစ်မျိုးဖြင့် သင်ကြားပြီး (ဘုရားနှင့်လူသား)၊ တစ်ဦးစီသည် သူနှင့်သက် ဆိုင်သော သဘာဝကို အပြည့်အဝသဘောထားကြရာတွင် ထိုသဘောထားများသည် တစ်ခုနှင့်တစ်ခု ရောထွေးခြင်း၊ ရော နှောခြင်းမရှိပါ။ ဤအမြင်ကို အားလုံးသောခရစ်ယာန်ဘာသာဝင်များ လက်ခံခြင်းမရှိပါ။ အထူးသဖြင့် အရှေ့ပိုင်း ရှေးရိုးစွဲ ဘုရားကျောင်းများ ဖြစ်သည်။

ခရစ်ယာန်ဘာသာရေး[ပြင်ဆင်ရန်]

Mother Mary
ယေရှု၏မိခင် မယ်တော်မာရီ

ခရစ်ယာန်ဘာသာရေး ဆိုင်ရာပညာရပ်သည်ဘုရားကိုးကွယ်မှုအတွက်အရန်ထားရှိသော်လည်း၊ ယေရှုကိုဘုရားအဖြစ်ကိုးကွယ်ခြင်းဖြစ်ပြီး၊လူသားအဖြစ်ကိုးကွယ်ခြင်းမဟုတ်ဆိုသည့်ထူးခြားပေါ်လွင်မှုကို ခရစ်ယာန်ဘာသာဝင် မဟုတ်သူများ ( နှင့် သာမန်ခရစ်ယာန်ဘာသာဝင်များလည်း ) လက်ခံရန် ခက်ခဲနိုင်သည်။ ကက်သလစ်ခရစ်ယာန်ဓလေ့သည် သူတော်စင်များ ကို ကြည်ညိုလေးစားရိုသေသည်။(သူတော်စင်များ တွင် မယ်တော် မေရီ လည်းပါသည်။) သူတော်စင်များသည် လူသားများဖြစ်ကြသော်လည်း၊ မှတ်သားလောက် ဖွယ် အရည်အသွေးများရှိကြပြီး၊ ဘုရားသခင်ထံတွင် ၎င်းတို့၏ ယုံကြည်မှုကို အဆုံးစွန်ထိထားရှိကာ၊ အခြားသူများ အတွက် ကယ်တင်ခြင်းလုပ်ငန်းများတွင် မပြတ်တမ်းကူညီရန် သက်ဝင်ယုံကြည်သူများဖြစ်သည်။ [3] သို့သော်လည်း အစ္စလာမ်နှင့် ဂျူဒါအစ်ဇင်တွင် တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း ခံယူချက်သည် ဝေးကွာလျက်ရှိပြီး တစ်ဆူတည်းသောဘုရားဆိုသည်မှာ အဘယ်မှာနည်းဟု မေးခွန်းထုတ်နိုင်ခွင့်မရှိပဲ များစွာသောဘုရားများအတွက် ဆွေးနွေးစရာအ ကြောင်း မရှိပါ။

မူလနှင့်ဖွံ့ဖြိုးတိုးတက်မှု[ပြင်ဆင်ရန်]

တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း စကားလုံးသည် ဂရိစကား μόνος [4] အဓိပ္ပာယ် “တစ်ခုတည်း” နှင့် θεός အဓိပ္ပာယ် “ဘုရား”မှဖြစ်ပေါ်လာသည်။ အင်္ဂလိပ်ဝေါဟာရကို ဟင်နရီမိုး (၁၆၁၄ - ၁၆၈၇) မှ စတင်သုံး စွဲခဲ့သည်။ သဘောထားခံယူချက်သည် တစ်ခုခုကိုးကွယ်ခြင်း (အခြားသော ဘုရားများ တည်ရှိနေခြင်း သို့မဟုတ် တည်ရှိရန် ဖြစ်နိုင်ခြေရှိခြင်းကို လက်ခံပြီး၊ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်ခြင်း)နှင့် တစ်ဆူတည်း ကိုးကွယ်ခြင်း (များစွာသောဘုရားများရှိနေခြင်းကို အသိအမှတ်ပြုသော်လည်း၊ဘုရားတစ်ဆူတည်း သင့်လျော် သလို ကိုးကွယ်ခြင်း)တို့၏ ယူဆချက်များအပြင်မှ တစ်ဖြည်းဖြည်းတိုးတက်လာသည်ကို တွေ့ရသည်။ ရှေးဟောင်းအရှေ့တိုင်း အနီးအနား တွင်၊ မြို့တိုင်းတွင် လာဆာ မှ ရှာမား သို့မဟုတ် အူအာ မှ စငး် ကဲ့သို့သော ဒေသဆိုင်ရာအစောင့်အရှောက်ဘုရားတစ်ဆူရှိသည်။

ကမ္ဘာတစ်ခုလုံးတွင် အကြီးမြတ်ဆုံးဟု သီးသန့်ဘုရားတစ်ဆူကို ပထမဆုံးပြောဆိုတင်ပြနိုင်သည်မှာ ကြေးခေတ်နှောင်းပိုင်းတွင် အက်ခဲနတ်တန် (Akhenaten) ၏ အေတန်သို့ မဟာဓမ္မတေး နှင့်အတူ ဖြစ်သည်။ (ဆစ်ဂမွန် ဖရိုက် ၏ မိုးဇက် နှင့် တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း စာအုပ်တွင် ဂျူဒါအစ်ဇင် နှင့် ဆက်စပ်နေသည် )။ တစ်ခုတည်းကိုးကွယ်မှု သို့မဟုတ် တစ်ဆူတည်းသောဘုရားကိုကိုးကွယ်မှု၏ ဆင်းသက်လာခြင်းများသည် ဗေဒစ် အိန္ဒိယ နှင့် အချိန်ကာလတူတွင်ရှိသော နာစတီယ ဆုတ တွင်ထွက်ပေါ်လာသည်။ ဒဿနိကဆိုင်ရာ တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်းနှင့်ပတ်သက်သော သဘောထားခံယူချက်ဖြစ်သည့် လုံးဝ ကောင်းခြင်းနှင့် ဆိုးသွမ်းခြင်းသည် ဂျူဒါအစ်ဇင်တွင် ထွက်ပေါ်လာပြီး၊ နောက်ပိုင်းတွင် ရှေးဦးခရစ်ယာန်သာသနာ၏ ခရစ်ယာန်စာပေပညာရပ်ဆိုင်ရာမိန့်ဆိုချက်များ အတွင်းသို့ ရောက်ရှိပြီး၊ နောက်ဆုံးတွင် ( ၇ ရာစုနှစ်) အစ္စလာမ်ဘာသာ၏ တော်ဟစ် ကျမ်းဂန်သို့ ရောက်ရှိလာသည်။

အမြင်များကို စတင်ထုတ်ဖော်ခဲ့ကြခြင်း[ပြင်ဆင်ရန်]

ဩစထရီးယားလူမျိုး မနူဿဗေဒပညာရှင် ဝီဟိန်းစမစ် (WilhelmSchmidt)သည်၁၉၁၀ခုနှစ်များတွင်အူအာတစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း၊“မူလ”သို့မဟုတ်“ကမ္ဘာဦးတစ်ဆူတည်းသောဘုရား ကို ကိုးကွယ်ခြင်း” ကို တင်ပြထုတ်ဖော်ခဲ့သည်။ သမိုင်းအရ၊ အချို့သော ရှေးဟောင်းအရှေ့တိုင်းအနီးအနားရှိ ဘာသာရေးများသည် ကြေးခေတ်နှောင်းပိုင်း ကာလမှ စတင်ပြီးတစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်း သို့မဟုတ် တစ်ဆူတည်းကိုးကွယ်ခြင်းအမြင်များကို စတင်ထုတ်ဖော်ပြခဲ့သည်။

ဤကိစ္စတွင်အထူးမှတ်သားတွေ့ရှိရသည်မှာအီဂျစ်ဘုရင်ဖာရိုအာခီနတ်တန်လက်ထက်နေဘုရားကိုးကွယ်ခြင်းဖြစ်သည်။ သို့သော်ထို့နည်းတူစွာဗာဗုလုန်နိုင်ငံကြီး၏အစောင့်အရှောက်ပုဂ္ဂိုလ်တော်ကြီးများ ထဲမှ မာဒပ် ဘုရားထွက်ပေါ်လာပြီး၊ စင်္ကြာဝဠာကြီး၏ အမြင့်ဆုံးဘုရား အဖြစ် တင်ပြထားသည်။

ဇိုရိုအက်စထရီးယန်းနစ်ဆင်တွင်၊ အဟူရာမာဇဒါ(Ahura Mazda) သည် အမြင့် မြတ်ဆုံးနှင့် အားလုံးထက်သာလွန်သော ဘုရားအဖြစ်ပေါ်ပေါက်ခဲ့သည်။ ဇိုရိုအက်စတာ၏ ခေတ်ကာလပေါ်မူတည်ပြီး (သံခေတ်အစောပိုင်းတွင်ရှိသည်) ၎င်းသည် အိန္ဒိယ- ဥရောပဘာသာတစ်ခုတွင် ဘာသာတစ်ခုကိုးကွယ်မှု ထွက်ပေါ်လာ ခြင်း၏ အစောဆုံးသော တစ်ခုတည်းကိုးကွယ်ခြင်း မှတ်တမ်းဝင် ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်သည်။ ထိုနည်းတူစွာအိန္ဒိယအီရန်ဓလေ့ထုံးတမ်းတွင်၊ရစ်ဗေဒ(Rigveda)သည်ဘာသာတစ်ခုကိုးကွယ်ခြင်း၏မှတ်သားချက်များကိုဖော်ပြနေပြီး၊သီးခြားအနေဖြင့်နှိုင်းယှဉ်နိုင်လောက်အောင်နောက်ပိုင်း ဆယ်ခုမြောက်စာအုပ်၊ သံခေတ်အရှေ့ပိုင်းကာလတွင်လည်း ပါရှိ သည်။ ဥပမာ- နဆဒီယဆုတ။

နှိုင်းယှဉ်ဘာသာရေး၊ ဘုရား၏ခံယူချက်သဘောများနှင့် ကိုးကွယ်မှု[ပြင်ဆင်ရန်]

အချို့ထောက်ပြပြောဆိုကြသည်မှာ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်းပုံစံအမျိုးမျိုးရှိသည့်အကြောင်း ဖြစ်သည်။ ၎င်းတို့တွင် –

  • တစ်ခုခုကိုးကွယ်ခြင်း သည် အခြားသော ဘုရားများရှိသည်ကို သိရှိလက်ခံထားကြသော်လည်း၊ ဘုရားတစ်ဆူကိုသာ ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။ ထိုနည်းတူစွာပင် တစ်ဆူတည်းကိုးကွယ်ခြင်း သည် တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်း ဖြစ်ပြီး၊ ထိုဘုရားနှင့် ပတ်သက်သောသဘာဝတရား တောင်းဆိုမှုများ၏ လွတ်လပ်မှု ရှိသော ဘုရား ဖြစ်သည်။
  • သဘာဝနှင့်ကျိုးကြောင်းပြ ဘုရားကိုးကွယ်ခြင်း သည် ဘုရားတစ်ဆူတည်း သို့မဟုတ် သဘာဝတရား တစ်ခုတည်း သို့မဟုတ် သဘာဝတရားတွင် ပုံစံအမျိုးမျိုးကို ပုံသွင်းပေးသူရှိမှုကို ခံယူထားသည်။ အချို့သော ဤဘာသာကိုးကွယ်သူများသည် ကမ္ဘာကြီးတွင် ဝင်ရောက်မစွက်ဖက်သည့် ပုဂ္ဂိုလ်ရေးမဆန်သော ဘုရားကို ယုံကြည်ကြ ပြီး၊ အချို့သည် ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် ဝင်ရောက်စွက်ဖက်မှုကို ယုံကြည်ကြသည်။
  • တစ်ခုသာ ကိုးကွယ်ခြင်း သည် တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်း၏ အမျိုးအစားတစ်ခုအဖြစ် ဟိန္ဒူ အယူဝါဒတွင် တွေ့ရှိရပြီး၊ သဘာဝအားလုံးတွင်ရှိသော ဘုရားကိုးကွယ်ခြင်း နှင့် ဖြစ်တည်မှုအားလုံး၏ ဘုရားကိုးကွယ်ခြင်း တို့၏ တစ်ခုတည်းကိုးကွယ်မှုကို ဝန်းရံထားသည်။
  • သဘာဝအားလုံးတွင်ရှိသော ဘုရားကိုးကွယ်ခြင်း သည် စင်္ကြာဝဠာကိုယ်တိုင်က ဘုရားဖြစ်သည်ဟု ယုံကြည်မှုဆုပ် ကိုင်ထားသည်။ သဘာဝကို ကျော်လွန်၍ ပြင်ပတွင် အမြင့်ဆုံးသော ဘုရားတည်ရှိနေသည်ကို ငြင်းဆိုထားသည်။
  • ဖြစ်တည်မှုအားလုံး၏ ဘုရားကိုးကွယ်ခြင်းသည် တစ်ဆူတည်း၏ တစ်ခုတည်းသော ကိုးကွယ်ခြင်း ပုံစံဖြစ်ပြီး၊ ဘုရား သည် ဖြစ်တည်ရှိနေမှုအားလုံးဖြစ်သည်ဟုစွဲကိုင်ထားသည်။ သို့သော် စင်္ကြာဝဠာကို ထည့်သွင်းဖော်ပြခြင်းမရှိပါ။ “တစ်ဆူ ဘုရား” သည် တန်ခိုးတော်အနန္တနှင့် အားလုံးသောနေရာများသို့ ရောက်ရှိပျံ့နှံ့နေပြီး၊ စင်္ကြာဝဠာသည် ဘုရား၏ တစ်စိတ် တစ်ပိုင်းသာဖြစ်သည်။ ဘုရားသည်စိတ်တွင် ထာဝရတည်မြဲနေခြင်းနှင့် အားလုံးကို ကျော်လွန်နိုင်ခြင်း၊ နှစ်မျိုးစလုံးဖြစ် သည်။
  • အကောင်အထည်ရှိသော တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်းကို အချို့သော တိုင်းရင်းအာဖရိက ဘာသာရေးများတွင် တွေ့ရ ပြီး၊ ဘုရားအများအပြားသည် တစ်ခုတည်းသော အခြေခံအနှစ်သာရ၏ အမျိုးမျိုးကွဲလွဲနေသော ပုံစံများဖြစ်သည် ဟု ခံယူထားသည်။
  • သုံးပါးတစ်ဆူသောဘုရားကို ကိုးကွယ်ခြင်း သည် ဘုရားတစ်ဆူကိုသာ ယုံကြည်ပြီး၊ ထိုဘုရားသည် ထူးခြားဂုဏ်ရှိသည့် ပုဂ္ဂိုလ်သုံးဦးဖြစ်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား။


နှစ်မျိုးကိုးကွယ်ခြင်းနှင့်ခြားနားချက်[ပြင်ဆင်ရန်]

အပေါ်ယံတွင် တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်းသည် နတ်ဘုရားအများအပြားကို ယုံကြည်သည့် တစ်ပါးမကသော နတ်ဘုရားများကိုကိုးကွယ်ခြင်း နှင့် ခြားနားလျက်ရှိသည်။ သို့သော်လည်း တစ်ပါးမကသော နတ်ဘုရားများကို ကိုးကွယ်ခြင်းသည် ပြည့်စုံသော တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်း နှင့် ပြန်လည်ပေါင်းစည်း၍ ရနိုင်သည်။ ပြည့်စုံသော တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်း တင်ပြထားသည်မှာ အားလုံး သော ဘုရားများသည် တစ်ဆူတည်းသော ဘုရား၏အမည်အမျိုးမျိုး သို့မဟုတ် ပုံစံအမျိုးမျိုးဖြစ်သည်။ ဤချဉ်းကပ်မှု သည် ဟိန္ဒူဘာသာတွင်လည်း တွေ့မြင်နေကျဖြစ်သည်။ ဥပမာ- စမာတီဇင်၊ အခြားတစ်ဘက်တွင် မပြည့်စုံသော တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်းသည် တစ်ပါးမကသော နတ်ဘုရားတို့ကိုကိုးကွယ်ခြင်းကို တက်ကြွစွာဆန့်ကျင်သည်။

တစ်ဆူတည်းသောဘုရားကို ကိုးကွယ် ခြင်း သည်ရံဖန် ရံခါ ကိုးကွယ်မှု နှစ်မျိုး (နှစ်မျိုးကိုးကွယ်ခြင်း)နှင့်ခြားနားသည်။ သို့သော်လည်း၊ဂနော့စ်တစ်ဇင်ကဲ့သို့နှစ်မျိုးကိုးကွယ်ခြင်းဘာသာရေးပညာများတွင် ဘုရားနှစ်ဆူသည် ညီမျှသည့် အဆင့်မဟုတ် ကြပဲ၊ ဂနော့စ်တစ် မိစ္ဆာနတ်ဘုရား၏ အခန်းကဏ္ဍသည် ဘုရားနှင့် တန်းတူခေါ်ဆိုနိုင်သည့် နှစ်ဦးဂိုဏ်းချုပ်ထက်ခရစ်ယာန်ကျမ်းစာတွင်ပါရှိသည့် စေတန် (မာရ်နတ် ) နှင့်ပို၍ နီးစပ်သည်။ (သဘာဝအားလုံးတွင်ရှိသော ဘုရားကိုးကွယ်ခြင်း ဟန်ပန်တွင်၊ ထိုဘုရားမျိုးကို ပလာရိုးမား အဖြစ် ကိုယ်စား ပြုတင်ပြထားသည်။)

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]