အစ္စရေး-ဖိလစ်ပိုင် ဆက်ဆံရေး

ဝီကီပီးဒီးယား မှ
အစ္စရေး-ဖိလစ်ပိုင် ဆက်ဆံရေး
Israel နှင့် Philippines တို့၏ တည်နေရာများပြ မြေပုံ

အစ္စရေး

ဖိလစ်ပိုင်

အစ္စရေး-ဖိလစ်ပိုင်ဆက်ဆံရေး သည် အစ္စရေးနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးကို ညွှန်းသည်။

၁၉၅၈ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ချစ်ကြည်ရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အပြည့်ရှိသည်။ မနီလာရှိ အစ္စရေးသံရုံးနှင့် တဲလ်အဗစ်ရှိ ဖိလစ်ပိုင်သံရုံး နှစ်ခုလုံးကို ၁၉၆၂ ခုတွင် ဖွင့်သည်။ [၁]

သမိုင်း[ပြင်ဆင်ရန်]

ဖိလစ်ပိုင်သည် ကုလသမဂ္ဂဆုံးဖြတ်ချက် ၁၈၁ကို ထောက်ခံပြီး ပါလက်စတိုင်းအား ခွဲခြားရန်နှင့် ဂျူးနိုင်ငံတည်ထောင်ရန် ၁၉၄၇ ခုတွင် လက်ခံသည်။ ဖိလစ်ပိုင်သည် အစ္စရေးနိုင်ငံထူထောင်ရေးကို ထောက်ခံအားပေးသည့်နိုင်ငံ ၃၃ နိုင်ငံနှင့် ထိုဆုံးဖြတ်ချက်အတွက် မဲပေးခဲ့သည့် တခုတည်းသော အာရှနိုင်ငံဖြစ်သည်။ [၂] အစ္စရေးနှင့်ဖိလစ်ပိုင် ၁၉၅၇ ခုတွင်အပြည့်အဝသံဆက်ဆံရေးကို စသည်။ [၃] [၄] သံရုံးများကို ၁၉၆၂ တွင် တဲလ်အဗစ်နှင့် မနီလာတို့တွင် ဖွင့်သည်။ ၁၉၉၇ ခုတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက နှစ်နိုင်ငံအကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ဖွဲ့စည်းသည့် နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ထိုးသည်။ ထိုစာချွန်တွင် ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ နည်းပညာအကူအညီ စသည့် အကြောင်းအရာများ ပါသည်။

၂၀၀၇ ခု၊ နိုဝင်ဘာလ ၂၈ တွင် အစ္စရေးနိုင်ငံ နှစ် ၆၀ ပြည့် အခမ်းအနားတွင် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် ၁၈၁ ကို ထောက်ခံသည့် ၃၂ နိုင်ငံအား အစ္စရေးက ဂုဏ်ပြုခဲ့သည်။ နှစ်စဉ် ဇန်နဝါရီလ ၂၇ ရက်အား အဆိပ်ငွေတိုက်သွင်းခံရသူများအား ဝမ်းနည်းကြောင်းအထိမ်းအမှတ်နေ့အဖြစ် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ရရန် ဖိလစ်ပိုင်ကအဆိုသွင်းသည်။ [၅] ၂၀၁၂ ခု၊ အောက်တိုဘာလတွင် ဖိလစ်ပိုင်ဒုတိယသမ္မတ ဂျီဂျိုမာ ဘင်နေးသည်အစ္စရေးနိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ်ခရီးသွားပြီး ဂျေရုဆလင်၌ အစ္စရေးသမ္မတ ရှီမွန် ပီရက်နှင့်တွေ့သည်။ [၆]

စီးပွားရေး ဆက်ဆံမှု[ပြင်ဆင်ရန်]

အစ္စရေးနှင့်ဖိလစ်ပိုင်တို့အကြားကုန်သွယ်မှုသည် ဆက်လက်၍ တိုးတက်နေသော်လည်းဥရောပနှင့်အမေရိကအကြားကုန်သွယ်ရေးလုပ်ငန်းနှင့်နှိုင်းယှဉ်လျှင်အရေးမကြီးပေ။ ဖိလစ်ပိုင်သို့အစ္စရေးတင်ပို့မှုသည်ဖိလစ်ပိုင်ကိုအစ္စရေးသို့တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်ပိုမိုမြင့်မားသည်။ အစ္စရေးပို့ကုန်သည်ဒေါ်လာ ၂၄၈,၄၄၈,၉၁၈ နှင့်ဖိလစ်ပိုင်မှ ၂၀၀၇ တွင်ဒေါ်လာ ၃၃,၉၂၉,၆၃၁ ပမာဏရှိသည်။ နှစ်နိုင်ငံလုံးမှနံပါတ်တစ်ပို့ကုန်တစ်ခုမှာအီလက်ထရွန်းနစ်ဖြစ်သည်။ [၇]

ယဉ်ကျေးမှု ဆက်ဆံရေး[ပြင်ဆင်ရန်]

ဂျူးဘုန်းတော်ကြီး အာမန်ဒို ခရူဇန်နှင့် အသင်းတော်သားများ ဒေသတွင်း အစ္စရေးလွတ်လပ်ရေးရခြင်း ဂုဏ်ပြုနေ့အခမ်းအနားကို ဖိလစ်ပိုင်၌ ကျင်းပစဉ် (၂၀၁၆ မေ ၁၂)

၂၀၀၇ ခုတွင် ဖိလစ်ပိုင်စီးပွားရေးလုပ်ငန်းရှင်နှင့် အစ္စရေးထောက်ခံသူ ဂရေ့ ဂလင်ဒက် ဂူပနာသည် အစ္စရေးနှင့်ဖိလစ်ပိုင်တို့အကြား အနှစ် ၅၀ ဆက်ဆံရေးကို ဂုဏ်ပြုရန် အစ္စရေးအလံကြီး ဖိလစ်ပိုင်၌ထောင်ရန် ငွေထောက်သည်။ [၈]

အစ္စရေး အလံကြီး

၂၀၀၉ ခုတွင် အစ္စရေးနိုင်ငံရှိ ရှုန်လီဇီယန်ရှိ အဆိပ်တိုက်သွင်း အောက်မေ့ပွဲ၌ ကျောက်တိုင် စိုက်သည်။ နာဇီအစိုးရလက်မှ ထွက်ပြေးလာသူ ဂျူးဒုက္ခသည်များအား လုံခြုံသောဆိပ်ကမ်း တရားဝင်ကမ်းလှမ်းခြင်းနှင့် ဗီဇာ ၁၀,၀၀၀ ထုတ်ပေးခြင်းတို့အတွက် ဖိလစ်ပိုင် ဓနသဟာယအစိုးရလက်ထက် သမ္မတ မာနျူရယ် ကွေဇွန်၏ လုပ်ဆောင်ချက်ကို စ္စရေးတို့က ဂုဏ်ပြုသည်။ ထိုကိစ္စဖြစ်မြောက်ရန် (ကော်မရှင်နာမင်းကြီး ပေါမက္ကနပ်နှင့် ဒုဗိုလ်မှူးကြီး ဒွိုက် အိုက်ဆင်ဟောင်ဝါတို့ အပါအဝင်) အမေရိကန် ဓနသဟာယအရာရှိများ၊ ဒေသခံ ဂျူး-ဖိလစ်ပိုင်အသိုင်းအဝိုင်းများနှင့် ညှိလုပ်ခြင်း ဖြစ်သည်။ ၁၉၃၇ မှ ၁၉၄၁ ခုအတွင်း ခန့်မှန်းခြေအားဖြင့် ဂျူးဒုက္ခသည် ၁,၂၀၀ မှ ၁၅၀၀ (ဂျာမနီ နှင့် ဩစတြီးယား မှအများစု) သည် မာရီကီနာရှိ အစိုးရထောက်ပံ့သော အိမ်ရာများ၌ အခြေချသည်။ နောက်ထပ် ဒုက္ခသည် ၁၀၀,၀၀၀ ဗီဇာပေးရန်နှင့် မင်ဒါနာအိုကျွန်းတွင် နေရာချရန်ခွင့်ပြုထားသော်လည်း ဂျပန်ကျူးကျော်မှုကြောင့် ပျက်သည်။ ထိုအချိန်က ဂျူးဒုက္ခသည်များကို ပေါ်ပေါ်ထင်ထင် တံခါးဖွင့်ပေးသည့် သမ္မတ ကွေဇွန်၏ လုပ်ရပ်မှာ ဂုဏ်ပြုဖွယ် ဖြစ်သည်။ ထိုစဉ်က နာဇီတို့အား အာခံသော နိုင်ငံငယ်ခေါင်းဆောင်များအနက် တယောက်လည်း ဖြစ်ခဲ့သည်။ [၉] [၁၀] [၁၁] [၁၂] [၁၃] [၁၄]

ဖိလစ်ပိုင်ပြပွဲသည် ဟိုင်ဖာတွင် နှစ်စဉ်ကျင်းပသော ပွဲဖြစ်သည်။ ၂၀၁၃ ခု၊ ဇူလိုင်လတွင် တဲလ်အဗစ်ရှိ ဖိလစ်ပိုင်သံရုံးနှင့် ဟိုင်ဖာစည်ပင်မှ စီစဉ်သော ၂ ရက်ကြာပြပွဲကို ကစ္စထြာကုန်တိုက်တွင် ဖွင့်သည်။ ပြပွဲတွင် ဖိလစ်ပိုင်လက်မှုပညာနှင့် အစားအစာများ ရောင်းချသည့် ပြခန်းများအပြင် ဖိလစ်ပိုင်ရိုးရာ ဂီတနှင့်အကကိုပြသည့် ယဉ်ကျေးမှုအစီအစဉ်တခု ပါရှိသည်။ ကုန်တိုက်တွင် "မနေ့နဲ့ဒီနေ့ - ဖိလစ်ပိုင်-အစ္စရေးဆက်ဆံရေးတလျှောက်အား ခြင်္သေ့လည်ပြန်" ဓာတ်ပုံပြပွဲ ပါသည်။ အချို့ပုံများမှာ ၁၉၃၀ ဝန်းကျင် ဂျူးများအား တံခါးဖွင့်ဝါဒ ကျင့်သုံးကြောင်း ကြေညာချက်ကြောင့် ဖိလစ်ပိုင်သို့ ပြေးသည့် ဥရောပသား ဂျူး ၁၂၀၀ ကျော်တို့၏ ပုံများ ဖြစ်သည်။ [၁၅]

စစ်ရေး ပေါင်းစည်းမှု[ပြင်ဆင်ရန်]

၂၀၁၄ ခု ဇန်နဝါရီလတွင် ဖိလစ်ပိုင်စစ်တပ်သည် အစ္စရေးသံချပ်ကာယာဉ် ၂၈ စီးအားဝယ်ယူရန် သဘောတူခဲ့သည်။ [၁၆]

၂၀၁၈ ခု၊ မေလတွင် ဖိလစ်ပိုင်ရေတပ်သည် Spike-ER ဒုံးကျည်များကို Rafael Advanced Defense Systems မှ ဝယ်သည်။ ၎င်းသည် ဖိလစ်ပိုင်ရေတပ်သင်္ဘောများပေါ်တွင် ပထမဆုံးတပ်သည့် မြေပြင်မှမြေပြင်ပစ် ဒုံးကျည်များ ဖြစ်သည်။ [၁၇]

ဖိလစ်ပိုင်နိုင်ငံသည် Galil နှင့် TAR-21 ကဲ့သို့သော အစ္စရေးသေနတ်များကို အသုံးပြုခဲ့သည်။ Soltam M-71 ၁၅၅-မမ ဟောင်ဝစ်ဇာကို ဖိလစ်ပိုင်စစ်တပ်နှင့် မရိန်းများကအသုံးပြုသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 11 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2019 တွင် ပြန်စစ်ပြီး။
  2. UN General Assembly Resolution 181။ Ministry of Foreign Affairs (Israel)။
  3. "Why Israel offers visa-free access to Filipino tourists"။ 
  4. "The ties that bind: Filipinos and Jews, the Philippines and Israel"။ 
  5. Philippine-Israel diplomatic history။ 11 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2019 တွင် ပြန်စစ်ပြီး။
  6. VP Binay's official visit strengthens ties with Israel။ 16 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2019 တွင် ပြန်စစ်ပြီး။
  7. Philippine-Israel trade cooperation။ 8 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2019 တွင် ပြန်စစ်ပြီး။
  8. Largest Flag-world record set by Israeli Flag။ 7 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2019 တွင် ပြန်စစ်ပြီး။
  9. Madison Park (3 February 2015)။ How the Philippines saved 1,200 Jews during the Holocaust။ CNN။ 26 January 2016 တွင် ပြန်စစ်ပြီး။
  10. Danny Pins (23 December 2014)။ A Christmas Story of Philippine Charity Repaid။ The Wall Street Journal။ 26 January 2016 တွင် ပြန်စစ်ပြီး။
  11. Volt Contreras (13 December 2010)။ Monument in Israel Honors Filipinos။ Asian Journal။ 26 January 2016 တွင် ပြန်စစ်ပြီး။
  12. History of the Jews in the Philippines။ Embassy of the Republic of the Philippines, Tel Aviv။ 26 January 2016 တွင် ပြန်စစ်ပြီး။
  13. Lilach Gavish (7 August 2009)။ An Overdue Thank You။ The Jerusalem Post။ 26 January 2016 တွင် ပြန်စစ်ပြီး။
  14. Federico D. Pascual, Jr. (5 August 2014)။ Filipino hospitality saved 1,300 Jews။ PhilStar။ 26 January 2016 တွင် ပြန်စစ်ပြီး။
  15. In Tel Aviv Philippine Fair celebrates Filipino-Israeli friendship through songs and dances။ 4 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2019 တွင် ပြန်စစ်ပြီး။
  16. "Philippines to purchase 28 Israeli armored vehicles"။ 
  17. http://www.janes.com/article/79787/philippine-navy-receives-spike-er-missile-systems