အင်္ဂဘိုရာဘာ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း

ဝီကီပီးဒီးယား မှ

စခန်း၏ နောက်ခံသမိုင်းအကျဉ်း

၁။ ယခင် သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ ကျောက်မိုင်းကော်ပိုရေးရှင်း ကို   ၁-၄-၁၉၇၉ ရက်နေ့တွင်    အကျဉ်းဦးစီးဌာနသို့   လွှဲပြောင်းပေးအပ်သည့်အခါ မွန်ပြည်နယ်၊   ကျိုက်ထိုမြို့နယ်၊    မရမ်းချောင်ကျေးရွာအနီးရှိ    ကျောက်မိုင်းအား မုပ္ပလင်ကျောက်ထုတ်အလုပ်စခန်း(၁/၂)ဟူ၍ သတ်မှတ်ကာ ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းကို အကျဉ်းဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့သည်။

၂။ ၃၁-၁-၁၉၈၁ ရက်နေ့တွင် ပြည်ထဲရေးနှင့်သာဿနာရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ် စိန်လွင်နှင့်အဖွဲ့     ကျောက်ထုတ်အလုပ်စခန်းသို့    လာရောက်စစ်ဆေးစဉ် ကျောက်မိုင်းအနီးရှိ ပလပ်မြေနေရာများတွင်  ရာဘာပင်များစိုက်ပျိုးရန် လမ်းညွှန်မှု ပြုခဲ့သဖြင့် ကျောက်ထုတ်အလုပ်စခန်းအမှတ်(၁)ကို ဖျက်သိမ်းကာ ၁-၄-၁၉၈၁ ရက် နေ့မှစ၍  နှစ်ရှည်ပင်ဖြစ်သည့်   ရာဘာပင်စိုက်ပျိုးခြင်းလုပ်ငန်းအား   စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။


စခန်းတည်နေရာ/အကျယ်အဝန်း

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအုပ်စု၊

သစ်ဆိမ့်ပင်ကျေးရွာအနီး။

ရန်ကုန်-မုတ္တမကားလမ်း မိုင်တိုင်အမှတ် (၉၇/၅)တွင် တည်ရှိသည်။

ခန့်မှန်းမြေပုံအညွှန်း − ဂျီ-၄၄၅၁၂၂

စခန်း၏ အရှေ့ဘက် − သစ်ဆိမ့်ပင်ကျေးရွာ

စခန်း၏ အနောက်ဘက် − မုပ္ပလင်(အမျိုးသား)ကုန်ထုတ်စခန်း

စခန်း၏ တောင်ဘက် − ခလွန်ကျေးရွာ

စခန်း၏ မြောက်ဘက် − ပျဉ်းကတိုးကုန်းကျေးရွာ

အကျယ်အဝန်း − ၁၅၃၇.၈၉ ဧက