အင်းကုန်း

ဝီကီပီးဒီးယား မှ

အင်းကုန်းရွာ သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက် နယ်မြေ (၂) တွင် ပါဝင်သော အရပ်တစ်ခု ဖြစ်သည်။ သို့သော် ဒေသခံတို့က ရွာဟုလည်း ခေါ်လေ့ရှိသည်။ အိမ်ခြေ ၁၅၀ ကျော်ခန့်ရှိပြီး လူဦးရေ (၈၀၀) ခန့်ရှိသည်။ လျှပ်စစ်မီး ကို (၁၉၆၈) ခုမှ စတင်ရရှိသည်။ အင်းကုန်ရပ်၏ တောင်ဘက်တွင် ဓမ္မအောင်စည် ဘုန်းတော်ကြီးကျောင်း နှင့် အရှေ့ဘက်တွင် သာသနာ့ရိက္ခတ ဘုန်းတော်ကြီးကျောင်း (ပစ်တိုင်းထောင်ရုပ် ရှိသောကြောင့် ပစ်တိုင်ထောင်ကျောင်းဟုလည်း တချို့က ခေါ်ကြသည်) ရှိသည်။ သာသနာ့ရိက္ခတကျောင်း၏ အရှေ့ဘက်တွင် အခြေခံပညာ မူလတန်းကျောင်း အမှတ်(၁၆) / အမက (၁၆) ရှိသည်။ ၂၀၁၃ မိတ္ထီလာ ပဋိပက္ခကြောင့် မြန်မာဒုက္ခသည်စခန်း ဖွင့်ထားရသည်။ ၎င်းကျောင်းသို့ တူရကီဝန်ကြီးချုပ်[၁]၊ မြန်မာရုပ်ရှင်သရုပ်ဆောင် ပြေတီဦး နှင့် အခြားနာမည်ထင်ရှားသူများ လာရောက်လည်ပတ်ဖူးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. World | The Progressive Press - Part 8။ 9 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2016 တွင် ပြန်စစ်ပြီး။