အက်ဖ်-၁၁၇ နိုက်ဟော့ခ်

ဝီကီပီးဒီးယား မှ
F-117 Nighthawk
အမျိုးအစား ရေဒါမြင်ကွင်း ပုံရိပ်လျော့ တိုက်လေယာဉ်
မူလပထမနိုင်ငံ အမေရိကန်ပြည်ထောင်စု
ထုတ်လုပ်သူ လော့ခ်ဟိ ကော်ပိုရေးရှင်း
လော့ခ်ဟိမာတင်
ပထမဦးဆုံးခရီးစဉ် ဇွန် ၁၈ရက် ၁၉၈၁ ခုနှစ်
စတင်ပျံသန်းခြင်း ၁၅ အောက်တိုဘာလ ၁၉၈၃
အဓိကအသုံးပြုသူ အမေရိကန် လေတပ်
တည်ဆောက်ပြီးခဲ့သည့် အရေအတွက် ၆၄
တစ်စီးချင်း၏တန်ဖိုး US$42.6 million (flyaway cost)
US$111.2 million (total program)[၁]

လော့ခ်ဟိ အက်ဖ်-၁၁၇ နိုက်ဟော့ခ်သည် အမေရိကန် လေတပ်မှ ယခင်က အသုံးပြုခဲ့သော လူတစ်ဦးစီး အင်ဂျင် ၂လုံးတပ် ရေဒါမြင်ကွင်းမှ ဖမ်းမိရန် ခက်ခဲသော ရေဒါလှိုင်း ပုံရိပ်လျော့ မြေပြင် တိုက်ခိုက်ရေး လေယာဉ်ဖြစ်သည်။ F117-A သည် ၁၉၈၁ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ပျံသန်းခဲ့ပြီး ၁၉၈၃ခုနှစ် အောက်တိုဘာလတွင် အစကနဦး အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ F-117A တီထွင်မှု ကို ၁၉၈၈ နိုဝင်ဘာတွင် ကမ္ဘာသို့ ကြေညာခဲ့သည်။

လော့ခ်ဟိ စကန့်ခ် ဝေါ့ခ် (Lockheed Skunk Works) မှ ထုတ်လုပ်ခဲ့သော ထိုလေယာဉ်သည် ရေဒါမြင်ကွင်းမှ ဖမ်းမိရန် ခက်ခဲသော ရေဒါလှိုင်း ပုံရိပ်လျော့ နည်းပညာ (stealth technology) ကို ပထမဆုံး အသုံးပြု တီထွင် ထားသော လေယာဉ်ဖြစ်သည်။ F117-A ကို ၁၉၉၁ ခုနှစ် ပါရှန်း ပင်လယ်ကွေ့ စစ်ပွဲ အတွင်း အသုံးပြုခဲ့ခြင်းကို လူသိများ ထင်ရှားသည်။ မြေပြင်တိုက်ခိုက်ရေး လေယာဉ်ဖြစ်သော်လည်း အများစုက ခေါ်ဝေါ်ကြသော အမည်မှာ Stealth Fighter ဟူ၍ ဖြစ်သည်။

အမေရိကန် လေတပ်သည် F-117 အသုံးပြုခြင်းကို ၂၀၀၈ ခုနှစ် ဧပြီလ ၂၂ တွင် ရပ်နားခဲ့သည်။ အကြောင်းမှာ အက်ဖ်-၂၂ ရက်ပ်တာ ကို စတင်အသုံးပြုခြင်းနှင့် အက်ဖ်-၃၅ လိုက်တနင်း ၂ ကို စတင် အသုံးပြုတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Aronstein and Piccirillo 1997, p. 267.
  • Aronstein၊ David C. and Albert C. Piccirillo။ HAVE BLUE and the F-117A။ Reston, Virginia: AIAA, 1997။ ISBN 1-56347-245-7
  • Crocker၊ H.W. III (2006)။ Don't Tread on Me။ New York: Crown Forum, 2006။ ISBN 978-1-4000-5363-6
  • Donald၊ David (ed.)။ Black Jets: The Development and Operation of America's Most Secret Warplanes။ Norwalk, Connecticut: AIRtime Publishing Inc., 2003။ ISBN 1-880588-67-6
  • Eden၊ Paul, ed. (2006-06-01)။ The Encyclopedia of Modern Military Aircraft။ London, UK: Amber Books, 2004။ ISBN 1-904687-84-9
  • Goodall၊ James C (1992)။ "The Lockheed F-117A Stealth Fighter"။ America's Stealth Fighters and Bombers: B-2, F-117, YF-22 and YF-23။ St. Paul, Minnesota: Motorbooks International, 1992။ ISBN 0-87938-609-6
  • Logan၊ Don (2009)။ Lockheed F-117 Nighthawks: A Stealth Fighter Roll Call။ Atglen, Pennsylvania: Schiffer Publishing, 2009။ ISBN 978-0-7643-3242-5
  • Miller၊ Jay (1990)။ Lockheed F-117 Stealth Fighter။ Arlington, Texas: Aerofax Extra, 1990။ ISBN 0-942548-48-5
  • Rich၊ Ben။ Skunk Works။ New York: Back Bay Books, 1994။ ISBN 0-316-74330-5
  • Richardson၊ Doug (2001)။ Stealth Warplanes။ New York: Salamander Books Ltd, 2001။ ISBN 0-7603-1051-3

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]