အက်ဖ်-၃၅ လိုက်တနင်း ၂

ဝီကီပီးဒီးယား မှ
F-35 Lightning II
F35A Prototyp AA1 2.jpg
အမျိုးအစား ဘက်စုံသုံး ရေဒါမြင်ကွင်း ပုံရိပ်လျော့ တိုက်လေယာဉ်
မူလပထမနိုင်ငံ အမေရိကန်ပြည်ထောင်စု
ထုတ်လုပ်သူ လော့ခ်ဟိမာတင် အေရိုနော့တစ်
ပထမဦးဆုံးခရီးစဉ် ဒီဇင်ဘာ ၁၅ရက် ၂၀၀၆ ခုနှစ်
အဓိကအသုံးပြုသူ အမေရိကန် လေတပ်
တည်ဆောက်ပြီးခဲ့သည့် အရေအတွက် ၁၃ (အစမ်း)
တစ်စီးချင်း၏တန်ဖိုး F-35A: ယူအက်စ် ဒေါ်လာ ၁၂၂ သန်း (ထုတ်လုပ်စရိတ် ၂၀၁၁)[၁]
F-35B: ယူအက်စ်ဒေါ်လာ ၁၅၀ သန်း (ပျမ်းမျှစရိတ် ၂၀၁၁)[၂]
F-35C: US$139.5M (avg. cost, 2011)[၂][၃]

လော့ခ်ဟိမာတင် အက်ဖ်-၃၅ လိုက်တနင်း ၂ သည် တစ်ယောက်စီး အင်ဂျင်တစ်လုံးတပ် ပဉ္စမမျိုးဆက် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး ယခုလက်ရှိတွင် စမ်းသပ်ဆဲဖြစ်သည်။ မြေပြင်တိုက်ခိုက်ရေး၊ ထောက်လှမ်းရေးနှင့် လေကြောင်းရန် ကာကွယ်ရေး အတွက် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်ပြီး ရေဒါမြင်ကွင်းမှ ဖမ်းမိရန် ခက်ခဲသော ရေဒါလှိုင်း ပုံရိပ်လျော့ နည်းပညာကို အသုံးပြုထားသည်။ အက်ဖ် ၃၅ တွင် မော်ဒယ်လ် ၃ မျိုးရှိပြီး ပထမတစ်မျိုးမှာ ပုံမှန် အတက်အဆင်း ပြုလုပ်နိုင်သည့် အမျိုးအစား၊ ဒုတိယ တစ်မျိုးမှာ ပြေးလမ်း အတိုတွင် တက်နိုင်ပြီး ဒေါင်လိုက် ဆင်းသက်နိုင်သော အမျိုးအစား နှင့် တတိယတစ်မျိုးမှာ လေယာဉ်တင်သင်္ဘောတွင် အတက်အဆင်း ပြုလုပ်နိုင်သော အမျိုးအစား ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "FY 2012 Budget Estimates" Archived 24 July 2011 at the Wayback Machine., p. 01–1. United States Air Force, February 2011.
  2. ၂.၀ ၂.၁ Nick Schwellenbach (15 February 2011)။ JSF Likely Far More Expensive Than Aircraft They're Replacing။ Project on Government Oversight။
  3. Fulghum, David A. "Canada Expects Much Higher JSF Unit Costs." Aviation Week, 10 March 2011.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]