မာတိကာသို့ ခုန်သွားရန်

အက်တမ် (ဆက်သွယ်ရေးကုမ္ပဏီ)

ဝီကီပီးဒီးယား မှ
အက်တမ်
ATOM
လုပ်ငန်းတယ်လီကွန်
လွှဲအပ်သူတယ်လီနော မြန်မာ
တည်ထောင်သည့်နှစ်ဇွန် ၈၊ ၂၀၂၂; ၃ နှစ် အကြာက (၂၀၂၂-၀၆-08)
အရေးပါ ပုဂ္ဂိုလ်များAhmad Abdallah, CEO
ပိုင်ရှင်များအက်တမ်မြန်မာလီမိတက်

အက်တမ် (အင်္ဂလိပ်: ATOM) သည် ၂၀၂၂ ခုနှစ်တွင် စတင်အခြေစိုက်ခဲ့သော မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုပြီးနောက် တယ်လီနော မြန်မာအား လက်ဘနွန်အခြေစိုက် M1 Group သို့ ရောင်းချခဲ့သည်။[] ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် တယ်လီနောမြန်မာအား အက်တမ် ဟု အမည်ပြောင်းလဲခဲ့သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

တယ်လီနောမြန်မာကုမ္ပဏီသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် မိုဘိုင်းဝန်ဆောင်မှုပေးခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် "ကြားဖြတ် ဖမ်းယူစက်များ တပ်ဆင်ခြင်းကို နော်ဝေနှင့် နိုင်ငံတကာတွင် ပိတ်ဆို့ထားသည့် အတွက် တယ်လီနော အနေဖြင့် လက်ခံနိုင်စရာမရှိကြောင်း" တယ်လီနောက ဆိုခဲ့ကာ[] ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် တယ်လီနောမြန်မာ၏ လုပ်ငန်းများကို လက်ဘနွန်အခြေစိုက် M1 အုပ်စုအား အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချကြောင်း တယ်လီနောက ကြေညာသည်။[] အဆိုပါ ရောင်းချမှုကို ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာအာဏာပိုင်များနှင့် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က ခွင့်ပြုခဲ့သည်။ အစုရှယ်ယာများ လွှဲပြောင်းရောင်းချခြင်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြီးမြောက်ခဲ့ပြီး လုပ်ငန်းအား ပိုင်ရှင်သစ်ထံ လွှဲပြောင်းခဲ့သည်။[]

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရွှေဗျိုင်းဖြူအုပ်စုက တယ်လီနောမြန်မာ၏ ရှယ်ယာ ၈၀% ကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုက ဆိုသည်။[] တယ်လီနောမြန်မာလုပ်ငန်းအား လွှဲပြောင်းရယူရန် ရွှေဗျိုင်းဖြူနှင့် M1 အုပ်စုတို့က ပူးတွဲကုမ္ပဏီ Investcom ကို တည်ထောင်ခဲ့သည်။[] ရွှေဗျိုင်းဖြူအုပ်စု၏ စစ်တပ်နှင့် ဆက်နွယ်မှု၊ အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုများအပေါ် စိုးရိမ်မှုများကြောင့် ဤရောင်းချမှုသည် မြန်မာပြည်သူများ အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့သည်။[] ဥပဒေရေးရာကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်နိုင်ရန် တယ်လီနော၏ ရောင်းချမှုကို ရပ်တန့်ထားရန် သို့မဟုတ် ရောင်းချခြင်း မတိုင်မီ အချက်အလက်များ ဖျက်ပစ်ရန် တောင်းဆိုခဲ့ကြသည်။

၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် တယ်လီနောမြန်မာအား အမ်ဝမ်းအုပ်စုသို့ ရောင်းချခြင်းကို မြန်မာအာဏာပိုင်များက ခွင့်ပြုချက်ပေးခဲ့ကာ မတ်လ ၂၅ ရက်နေ့တွင် ပိုင်ဆိုင်သူအသစ်သို့ လွှဲပြောင်းပေးခဲ့သည်။ ဇွန်လ ၈ ရက်နေ့တွင် အမည်အား အက်တမ် ဟု ပြောင်းလဲခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Telenor wanted to quit Myanmar with $105 mln sale to Lebanon's M1 Group, Victoria Klesty, July 8, 2021, reuters
  2. Myanmar FDI drops to 8-year low, reflecting post-takeover unrest (in en-GB)။ 2021-11-02 တွင် ပြန်စစ်ပြီး။
  3. Telenor Group sells Telenor Myanmar to M1 Group (2021-07-08)။ 22 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2022 တွင် ပြန်စစ်ပြီး။
  4. ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ The Irrawaddy။ 24 August 2025 တွင် ပြန်စစ်ပြီး။
  5. "EXCLUSIVE-Myanmar firm poised to control Telenor unit after military backs bid-sources" (in en)၊ Reuters၊ 2022-02-11။
  6. 1 2 Telenor sale gets green light from Myanmar junta’s telecoms regulator (in en)။ 2022-03-07 တွင် ပြန်စစ်ပြီး။