အကူအညီ:Wiki Markup ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်/အားလုံး

ဝီကီပီးဒီးယား မှ

စာမျက်နှာများ တည်းဖြတ်ခြင်း[ပြင်ဆင်ရန်]

A note about editing on mobile devices: Most Wikipedians prefer to edit from a computer, as the editing interface works better there. You can edit from a mobile device, though. See this page for more information.

ဝီကီပီးဒီးယားကို ကိုယ်ပိုင်ဘာသာစကားဖြစ်တဲ့ Wiki markup (Wikitext ဟုလည်းခေါ်) ဖြင့် ပုံစံချ ပြင်ဆင်ထားပါတယ်။ ယင်း၏ အခြေခံကို လေ့လာရန်အတွက် အလွန်လွယ်ကူပါတယ်။


တည်းဖြတ်ကိရိယာ နှစ်ခုအနက် သင်အလိုရှိရာကို ရွေးချယ်နိုင်ပြီး "ရင်းမြစ်တည်းဖြတ်" (Source Editor) ကတော့ wiki markup ကို အသုံးပြုပါတယ်။


သင့်အနေနဲ့ မျက်မြင်တည်းဖြတ် (VisualEditor) ကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါသေးတယ်။ VisualEditor က အသုံးပြုဖို့ ပိုမိုရိုးရှင်းပြီး ရင်းမြစ်တည်းဖြတ် (Source Editor) ကတော့ အချို့နေရာတွေမှာ ပိုပြီး အကျိုးရှိပါတယ်။ တည်းဖြတ်နေဆဲအချိန်မှာ သူတို့နှစ်ခုကို ညာဖက်မှာ ပြထားသလို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။


တည်းဖြတ်ခလုတ်ကိုနှိပ်ဖို့ မကြောက်ပါနဲ့(၁:၀၆ မိနစ်)

စာမျက်နှာတစ်ခုကို Wiki markup အသုံးပြုပြီး ကြည့်ရှုဖို့နဲ့ ပြင်ဆင်ဖို့အတွက် မည်သည့်စာမျက်နှာမဆိုရဲ့ အပေါ်ဖက်မှာရှိတဲ့ ပြင်ဆင်ရန် (Edit source) ကို နှိပ်ပါ။ အဲဒီလိုလုပ်လိုက်ရင် သင်ထည့်သွင်းလိုတဲ့ စာသားကို စာရိုက်ပြီး ရေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ စာသားတွေ ပြင်ဆင်ဖို့နဲ့ ပုံတွေ၊ ဇယားတွေ ထည့်သွင်းဖို့ wiki markup ကိုသုံးပြီး ပြင်ဆင်နိုင်မှာပါ။


Wiki markup က အစပိုင်းမှာတော့ အနည်းငယ် လန့်စရာကောင်းပေမယ့် နားလည်ဖို့နဲ့ အသုံးပြုနိုင်ဖို့ စည်းကမ်းအနည်းငယ်ပဲ လိုတဲ့အတွက် သင့်အနေနဲ့ မြန်မြန်ဆန်ဆန်ပဲ တတ်သိသွားပါလိမ့်မယ်။ သင့်အနေနဲ့ နည်းပညာအသစ်တွေကို စမ်းသပ်ဖို့ ကိုယ်ပိုင် "sandbox" စာမျက်နှာမှာ စမ်းသပ်နိုင်ပါတယ်

ပုံစံချခြင်း[ပြင်ဆင်ရန်]

ဆောင်းပါးအများစုကတော့ စာသား ပုံစံချခြင်းအနည်းအကျဉ်းပဲ လိုတာပါ။

စာသားရဲ့ တစ်ဖက်တစ်ချက်မှာ သင်္ကေတတွေ ချရေးခြင်းက ပုံစံချခြင်းအားလုံးကို ဖန်တီးပေးပါတယ်။ markup ကို သည်အတိုင်း ရေးချနိုင်သလို တည်းဖြတ်ဧရိယာ အပေါ်မှာရှိတဲ့ ကိရိယာဘားကနေလည်း ထည့်သွင်းနိုင်ပါတယ်။


ခေါင်းစဉ်တွေနဲ့ ခေါင်းစဉ်ခွဲတွေကို  အဆင့်မြင့် နှိပ်ပြီးပေါ်လာတဲ့အထဲက ခေါင်းစဉ်  ကိုနှိပ်ပြီး ထည့်သွင်းနိုင်ပါတယ်။

"အဆင့် ၂" ကို ရွေးချယ်ခြင်းက စာသားတွေကို စာမျက်နှာတွေမှာ အပိုဒ်ခွဲတွေ အနေနဲ့ အများဆုံး အသုံးပြုတဲ့ပင်မခေါင်းစဉ်အဖြစ် ပုံစံချပေးမှာ ဖြစ်ပါတယ်။
"အဆင့် ၃" ကတော့ အဆင့် ၂ ခေါင်းစဉ်အောက်က ခေါင်းစဉ်ခွဲအဖြစ် ပုံစံချပေးမှာ ဖြစ်ပြီး ကျန်တာတွေလဲ အလားတူ ဖြစ်ပါတယ်။
ကိရိယာဘားကို မသုံးဘဲ ခေါင်းစဉ်ဖန်တီးဖို့ဆိုရင်တော့ စာသားကို = သင်္ကေတ နှစ်ခုအကြားမှာ ထားပါ။ စာသား တစ်ဖက်တစ်ချက်က = သင်္ကေတ အရေအတွက်က ခေါင်းစဉ်အဆင့်ကို ရည်ညွှန်းပါတယ်။
==ခေါင်းစဉ်== (Level 2)
===ခေါင်းစဉ်ခွဲ=== (Level 3)


စာသားတွေကို စာလုံးထူ ဒါမှမဟုတ် စာလုံးစောင်းတွေအဖြစ် ကိရိယာဘားပေါ်က B နဲ့ I ခလုတ်တွေကို သုံးပြီး ပုံစံချနိုင်ပါတယ်။
စာလုံးထူ ဒါမှမဟုတ် စာလုံးစောင်းတွေကို ကိရိယာဘားမသုံးဘဲ ဖန်တီးမယ်ဆိုရင် စာသားကို ' မျက်တောင်သင်္ကေတအကြားမှာထားနိုင်ပြီး စာသားတစ်ဖက်တစ်ချက်မှာ သုံးခုစီဆိုရင် စာလုံးထူဖြစ်ပြီး နှစ်ခုစီဆိုရင် စာလုံးစောင်း ဖြစ်ပါတယ်။
'''စာလုံးထူ'''
''စာလုံးစောင်း''
ဆောင်းပါးရဲ့ အကြောင်းအရာကို ပထမဆုံးဖော်ပြရေးသားရင် အမြဲတမ်း စာလုံးထူနဲ့ ရေးပြီး နောက်ပိုင်းဖော်ပြရင်တော့ စာလုံးထူ မသုံးတော့ပါဘူး။ စာလုံးထူနဲ့ စာလုံးစောင်းတွေကို ဘယ်လိုနေရာမျိုးတွေမှာ သုံးရမလဲဆိုတဲ့ အသေးစိတ် လမ်းညွှန်ချက်တွေကိုတော့ စာလုံးထူ နဲ့ စာလုံးစောင်း ပုံစံချခြင်း အပိုင်းတွေမှာ ဆက်လက်ကြည့်ရှုပေးပါ။

အချိတ်အဆက်များနှင့် ဝီကီလင့်ခ်များ[ပြင်ဆင်ရန်]

လင့်ခ်တွေ ဖန်တီးခြင်းအပါအဝင် wiki markup အခြေခံအကြောင်းတွေ ရှင်းပြထားတဲ့ သင်ခန်းစာ ဗီဒီယို(၃:၃၇ မိနစ်)

ဝီကီလင့်ခ်တွေ (Wikilinks) ဟာ ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဝီကီလင့်ခ်တွေက စာမျက်နှာတွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားပြီး စွယ်စုံကျမ်းတစ်ခုလုံးကို အချင်းချင်း ချည်နှောင်ထားတာပါ။


ယေဘုယျအနေနဲ့ ဝီကီလင့်ခ်တွေကို ဆောင်းပါးတစ်ခုထဲက အရေးပါတဲ့ ဒါမှမဟုတ် မရင်းနှီးတဲ့ အယူအဆတွေကို ပထမဆုံး ညွှန်းဆိုဖော်ပြတဲ့အခါမှာ သုံးသင့်ပါတယ်။

စာရိုက်တဲ့ပုံစံအနေနဲ့ ဝီကီလင့်ခ်တွေဟာ ဒီလို [[ရည်ညွှန်း စာမျက်နှာ]] လေးထောင့်ကွင်းတွေကို သုံးပါတယ်။


ဆောင်းပါးတစ်ပုဒ်ဆီကို ချိတ်ဆက်လိုပေမယ့် လင့်ခ်နေရာမှာ အခြားစာသားကို ဖော်ပြလိုရင်တော့ pipe | သင်္ကေတတစ်ခု (⇧ Shift+\) ကို သုံးနိုင်ပါတယ်။
[[ရည်ညွှန်း စာမျက်နှာ|ဖော်ပြလိုသည့် စာသား]]


# သင်္ကေတကို သုံးပြီးတော့လည်း စာမျက်နှာတစ်ခုထဲက ခေါင်းစဉ်ခွဲတွေဆီကိုလည်း ချိတ်ဆက်နိုင်ပါတယ်။
[[ရည်ညွှန်း စာမျက်နှာ#ရည်ညွှန်း ခေါင်းစဉ်ခွဲ|ဖော်ပြလိုသည့် စာသား]]


ဒါကတော့ နမူနာ အချို့ပါ။


စာမျက်နှာတွေ အများကြီးမှာ ဖော်ပြပေးနိုင်ဖို့ အသုံးလေ့ရှိတဲ့ တမ်းပလိတ်တွေကိုလည်း သင်တွေ့ရနိုင်ပါတယ်။ သူတို့တွေကိုတော့ တွန့်ကွင်း {{template name|parameters}} သင်္ကေတနဲ့ အသုံးပြုပါတယ်။


[ကိုးကားချက်လိုသည်] စာတွဲကို ထည့်သွင်းဖို့ဆိုရင် {{ကိုးကားချက်လိုသည်|date=မတ် ၂၀၂၄}} ကုဒ်ကို သုံးစွဲနိုင်ပါတယ်။

ပြောင်းလဲမှုများ သိမ်းဆည်းခြင်း[ပြင်ဆင်ရန်]

အ​ကျဉ်း​ချုပ်​ -

 

အရေးမကြီးသော ​ပြင်​ဆင်​မှု ​ဖြစ်​သည်​ ဤစာမျက်နှာကို စောင့်ကြည့်ရန်

ဤပြောင်းလဲချက်များကို သိမ်းဆည်းခြင်းဖြင့် သင်သည် အသုံးပြုခြင်းဆိုင်ရာ သိမှတ်စရာများကို သဘောတူညီပြီး ဖြစ်ပြီး၊ သင့်ဆောင်ရွက်ချက်များအား CC BY-SA 4.0 လိုင်စင်နှင့် GFDL လိုင်စင်များဖြင့် ဖြန့်ချိခြင်းကို ယတိပြတ် သဘောတူသည်။ hyperlink သို့မဟုတ် URL သည်လည်း Creative Commons လိုင်စင်အောက်တွင် လုံလောက်သော ဖြန့်ချိမှုဖြစ်ကြောင်းကိုလည်း သဘောတူညီသည်။

ပြောင်းလဲမှုများကို လွှင့်တင်ရန် န​မူ​နာ​ပြ​ရန် ပြင်​ဆင်​ထား​သည်​များ​ကို​ ပြရန် မလုပ်တော့ပါ

 


သင့်ပြောင်းလဲမှုတွေ လွှင့်တင် (သိမ်းဆည်း)ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ဦးစွာလုပ်ရမယ့် အချက်တစ်ချို့ ရှိပါသေးတယ်။


သင့်တည်းဖြတ်မှုတွေက သင်လိုချင်တဲ့အတိုင်း ဖြစ်မဖြစ်ကို န​မူ​နာ​ပြ​ရန် ခလုတ်ကို နှိပ်ပြီး ပြောင်းလဲမှုတွေကို နမူနာကြည့်သင့်ပါတယ်။ ကျွန်ုပ်တို့အားလုံး အမှားတွေ လုပ်မိကြတဲ့အတွက် ဒီအဆင့်က ဆောင်းပါးမှာ ပြောင်းလဲမှုမဖြစ်ခင် အမှားရှိမယ်ဆို အလွယ်တကူသိမြင်နိုင်အောင်လို့ ကူညီပေးပါတယ်။


ဘယ်လိုပြောင်းလဲမှုတွေ လုပ်ခဲ့တယ်၊ ဘာကြောင့်လုပ်ခဲ့တယ်ဆိုတာကို အခြားတည်းဖြတ်သူတွေ သိရှိနားလည်နိုင်အောင် "အကျဉ်းချုပ်" အကွက်ထဲမှာ တည်းဖြတ်မှု အကျဉ်းချုပ် ကို ရေးသင့်ပါတယ်။ ဥပမာ စာလုံးပေါင်းပြင်ဆင်တာမျိုးဆိုရင် "စာလုံးပေါင်း ပြင်ဆင်"ဆိုပြီး ရေးခဲ့နိုင်ပါတယ်။


စာလုံးပေါင်းပြင်တာ၊ သဒ္ဒါပြင်တာ စတဲ့ အငြင်းပွားဖွယ်ရာ မရှိနိုင်တဲ့ တည်းဖြတ်မှုမျိုးအတွက်ဆိုရင် "☑ အရေးမကြီးသော ပြင်ဆင်မှု ဖြစ်သည်" အကွက်ကို အမှန်ခြစ်ပြီး သာမန်ပြောင်းလဲမှု အဖြစ် အမှတ်အသားပြုနိုင်ပါတယ်။ အရေးမကြီးတဲ့ ပြင်ဆင်မှုဆိုတာမျိုးက စာမျက်နှာရဲ့ ဆိုလိုရင်းကို မပြောင်းလဲတာမျိုး၊ တည်းဖြတ်သူတစ်ယောက်ယောက်က အငြင်းပွားဖွယ်ရာ မရှိတဲ့ ပြောင်းလဲမှုမျိုး ဖြစ်ပါတယ်။


စာမျက်နှာတစ်ခုကို ပြောင်းလဲချက်တိုင်းကို အသိပေးချက် ရရှိနိုင်ဖို့အတွက် စာမျက်နှာကို သင့်ရဲ့ စောင့်ကြည့်စာရင်းထဲ ထည့်ဖို့အတွက် "☑ ဤစာမျက်နှာကို စောင့်ကြည့်ရန်" အကွက်မှာ အမှန်ခြစ်ခဲ့လို့ ရပါတယ်။


စာမျက်နှာကို နမူနာကြည့်ပြီးပြီ၊ တည်းဖြတ်မှု အကျဉ်းချုပ်လဲ ရေးပြီးပြီဆိုရင်တော့ နောက်ဆုံးအဆင့်အတွက် အဆင်သင့် ဖြစ်ပါပြီ။ ပြောင်းလဲမှုများကို လွှင့်တင်ရန် ခလုတ်ကို နှိပ်လိုက်မယ်ဆိုရင် သင့်ပြောင်းလဲပြင်ဆင်မှုတွေက ဝီကီပီးဒီးယားပေါ်ကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။

ဆောင်းပါးသစ်များ ဖန်တီးခြင်း[ပြင်ဆင်ရန်]

ဝီကီပီးဒီးယားမှာ ဆောင်းပါးပေါင်း ၁၀၇၅၃၉ ရှိပါပြီ။ သင့်အနေနဲ့ ရှိနှင့်ပြီး စာမျက်နှာတွေကို ပြင်ဆင်ခြင်း၊ မွမ်းမံခြင်းတွေကို အချိန်တော်တော်များများမှာ လုပ်ခဲ့နိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဆောင်းပါးအသစ်တစ်ပုဒ်ကိုတော့ သင် ဖန်တီးလိုကောင်း လိုနိုင်ပါတယ်။ အဲလိုမလုပ်ခင်မှာ သင့်အနေနဲ့ သိသင့်ထားတဲ့ သတ်မှတ်ချက်သုံးခု ရှိနေပါတယ်။

ထင်ရှားအရေးပါမှု

အကြောင်းအရာက ထင်ရှားအရေးပါရဲ့လား။ ခေါင်းစဉ်အကြောင်းအရာတွေဟာ ဝီကီပီးဒီးယားမှာ ပါဝင်နိုင်ဖို့အတွက် လုံလောက်တဲ့ အရေးပါမှု ရှိဖို့လိုပါတယ်။ ဆိုလိုတာက အကြောင်းအရာနဲ့ နှီးနွယ်ခြင်းမရှိတဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ပညာရပ်ဆိုင်ရာ ဂျာနယ်တွေနဲ့ စာအုပ်တွေလိုမျိုး လွတ်လပ်ပြီး ခိုင်လုံတဲ့ ရင်းမြစ်တွေမှာ အကြောင်းအရာတစ်ခုကို လုံလုံလောက်လောက် လွှမ်းခြုံဖော်ပြထားတာမျိုး ရှိရပါမယ်။

Try it! Take a quiz on notability

ခိုင်လုံတဲ့ ရင်းမြစ်များ

အခိုင်အမာ ပြောဆိုတာတွေအတွက် ခိုင်လုံပြီး စိစစ်အတည်ပြုနိုင်တဲ့ ရင်းမြစ်တွေရှိပြီလား။ ဆောင်းပါးတစ်ပုဒ်ကို စမရေးခင်မှာ လွတ်လပ်တဲ့၊ ခိုင်လုံတဲ့၊ စိစစ်အတည်ပြုနိုင်တဲ့ ရင်းမြစ်တွေကို ကိုးကားအဖြစ် အသုံးပြုနိုင်ဖို့ ကြိုတင်စုဆောင်းထားတာ အကောင်းဆုံးပါ။ အဲဒါဟာ ဝီကီပီးဒီးယားရဲ့ အကြောင်းအရာတွေဟာ တိကျ၊ ခိုင်လုံ၊ စိစစ်အတည်ပြုနိုင်ပြီး ယုံကြည်စိတ်ချနိုင်အောင်အတွက် မရှိမဖြစ် အရေးပါ ပါတယ်။

ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ခြင်း

သင့်မှာ ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ခြင်းတွေ (Conflicts of interest) ရှိနေသလား။ It is best to avoid writing articles about သင့်အကြောင်း၊ သင့်ကုမ္ပဏီအကြောင်း၊ ဒါမှမဟုတ် သင်ရင်းနှီးတဲ့ တစ်စုံတစ်ဦးအကြောင်းကို ဆောင်းပါးအဖြစ် ရေးသားတာကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီ အကြောင်းအရာတွေမှာ ဘက်လိုက်မှုတွေ ရှောင်နိုင်ဖို့ ခက်ခဲပြီး ဘက်မလိုက်တဲ့ အမြင် နဲ့ ရေးဖို့လဲ ခက်နိုင်ပါတယ်။ သင့်အကြောင်းဆောင်းပါးကို သင်ကိုယ်တိုင်မရေးနိုင်ပေမယ့် တစ်စုံတစ်ယောက်က ရေးပေးနိုင်ဖို့အတွက် ခိုင်လုံတဲ့ ရင်းမြစ်တွေကို ပေးပြီး ဆောင်းပါးရေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

စာမျက်နှာအသစ်တစ်ခုကို ဘယ်ကနေ စမလဲ

ဆောင်းပါးအသစ်တစ်ပုဒ်ကို Sandbox ဒါမှမဟုတ် ကိုယ်ပိုင် sandbox မှာ စတင်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက သင့်ဆောင်းပါးကို ဝီကီပီးဒီးယားရဲ့ ပင်မအမည်ညွှန်းထဲကို မရွှေ့ပြောင်းမီမှာ ပြင်ဆင်ရေးသား တည်းဖြတ်နိုင်ပါတယ်။


အခြားကြည့်ရန်[ပြင်ဆင်ရန်]