အကူအညီ:မျက်မြင်တည်းဖြတ်ဖြင့် ဇယားများထည့်ခြင်း မိတ်ဆက်/၃

ဝီကီပီးဒီးယား မှ

ဇယားများ မိတ်ဆက်
ဘယ်လို၊ ဘာကြောင့်

ဇယားများ တည်းဖြတ်ခြင်း
အချက်အလက်များ မွမ်းမံခြင်း

ဇယားအသစ်များ ထည့်သွင်းခြင်း
ထင်ထားတာထက် ပိုလွယ်ပါတယ်

ဇယားများ ချဲ့ကားခြင်း
တိုင်၊ တန်းများ ထည့်ခြင်း

အနှစ်ချုပ်
ဘာတွေသိသွားပြီလဲ



ဇယားအလွတ် ထည့်ခြင်း

ဇယားအလွတ်ထည့်ဖို့အတွက် Insert  မီနူးကနေ "Table" ကို ရွေးချယ်ပါ။


ဇယား အတိုင်နဲ့ အတန်းအရေအတွက်ကို ရွေးချယ်ပြီးပါက ဆောင်းပါးထဲကို ဇယားထည့်သွင်းပေးမှာဖြစ်ပြီး ဇယားကွက်တစ်ခုချင်းစီမှာ အကြောင်းအရာတွေ ထည့်သွင်းနိုင်ပါတယ်။


Tab ↹ ကိုနှိပ်မယ်ဆိုရင် ညာဖက်က ဇယားကွက်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။

↵ Enter ကို နှိပ်ရင် အောက်က ဇယားကွက်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။


အချက်အလက်ဇယား ထည့်ခြင်း

spreadsheet (ဥပမာ Excel) တွေကနေ ဇယားကွက်တွေကို ကူးယူပြီး တည်းဖြတ်ဧရိယာထဲကို ထည့်သွင်းနိုင်ပါသေးတယ်။

အလားတူ ရှိနှင့်ပြီး ဇယားတစ်ခုလုံးကို ထည့်သွင်းမယ်ဆိုရင် သင့်ကွန်ပြူတာထဲက comma-separated value (.csv) ဖိုင်ကို drag လုပ်ဆွဲယူကာ တည်းဖြတ်အကွက်ထဲ ထည့်သွင်းနိုင်ပါတယ်။