အကူအညီ:မျက်မြင်တည်းဖြတ်ဖြင့် ဇယားများထည့်ခြင်း မိတ်ဆက်/၂

ဝီကီပီးဒီးယား မှ

ဇယားများ မိတ်ဆက်
ဘယ်လို၊ ဘာကြောင့်

ဇယားများ တည်းဖြတ်ခြင်း
အချက်အလက်များ မွမ်းမံခြင်း

ဇယားအသစ်များ ထည့်သွင်းခြင်း
ထင်ထားတာထက် ပိုလွယ်ပါတယ်

ဇယားများ ချဲ့ကားခြင်း
တိုင်၊ တန်းများ ထည့်ခြင်း

အနှစ်ချုပ်
ဘာတွေသိသွားပြီလဲ



ရှိနှင့်ပြီးတဲ့ ဇယားတစ်ခုထဲက အကြောင်းအရာတွေကို မျက်မြင်တည်းဖြတ်နဲ့ ပြင်ဆင်ဖို့အတွက် ဇယားကွက်တစ်ခုကို ကလစ်နှစ်ချက် နှိပ်လိုက်ရုံပါပဲ။ ပြီးရင် စာသားတွေ၊ လင့်ခ်တွေ၊ ကိုးကားတွေကို ပြင်ဆင်လို့ရပါပြီ။


ဇယားကွက်တစ်ခုကို ပုံစံချဖို့အတွက် ပထမဆုံး ဇယားကွက်ကို ရွေးချယ်ဖို့ ကလစ်တစ်ချက် နှိပ်ပါ။ ယင်းအကွက်ကို ခေါင်းစီးအဖြစ် ထားရှိဖို့ Content cell  မီနူးကို သုံးနိုင်ပါတယ်။ A  မီနူးကတော့ ဇယားကွက်ကို စာလုံးအထူ ဒါမှမဟုတ် စာလုံးအစောင်းလုပ်ဖို့ ဖြစ်ပါတယ်။


နောက်ဆုံးအနေနဲ့ ဇယားကွက်တွေကို ပေါင်းချင်တယ်ဆိုရင် ဇယားကွက်တွေကို ရွေးချယ်ပြီး   မီနူးကနေ "merge" ကို ရွေးချယ်ပြီး ပေါင်းနိုင်ပါတယ်။