ဟိုင်အီးနား

ဝီကီပီးဒီးယား မှ
ဟိုင်အီးနား
Temporal range: 22–0 Ma
Early Miocene – ယနေ့ထိ
Hyaenidae Diversity.jpg
The four living species of hyena, clockwise from upper left: spotted hyena (Crocuta crocuta), brown hyena (Parahyaena brunnea), aardwolf (Proteles cristata) and striped hyena (Hyaena hyaena)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
Infraorder: Viverroidea
မျိုးရင်း: Hyaenidae
Gray၊ ၁၈၂၁
အမျိုးအစား မျိုးစု
ဟိုင်အီးနား
Brisson၊ ၁၇၆၂
မျိုးစုကွဲများ
Hyaenidae range.png
Synonyms
  • Protelidae Flower၊ ၁၈၆၉

ဟိုင်းအီးနား သည် ဝံပုလွေနှင့် ခပ်ဆင်ဆင်တူသော တိရစ္ဆာန်တစ်မျိုးဖြစ်သည်။ ဟိုင်းအီနာကောင်သည် စိတ်တက်ကြွသောအခါများတွင် ရူးသွပ်နေသူ၏ ရယ်သံကဲ့သို့သော အသံကို ပြုလုပ်တတ်လေသည်။ ဟိုင်အီးနားသည် ကြည့်၍ နှစ်မြို့ဖွယ်မကောင်းချေ။ ထိုတိရစ္ဆာန်သည် ကြောက်လည်းကြောက်တတ်သည်။ သို့သော် ယင်း၌ ကြောက်မက်ဖွယ်ကောင်းသော မျက်စိများ ရှိသည်။ ဟိုင်းအီနာကောင်၏ နားရွက်များသည် ရှည်၍ ထောင်နေကြလေသည်။ နောက်ခြေထောက်များသည် ရှေ့ခြေထောက်များထက် တိုသဖြင့် အကြည့်ရဆိုးပြီးလျှင် ကျောကုန်းနေပုံရလေသည်။ ခြေထောက်များတွင် ခြေချောင်းကလေးပေါင်း လေးချောင်းစီသာ ရှိသည်။ ငြိမ်သက်စွာ ရပ်၍နေသော တိရစ္ဆာန်တစ်ကောင်ကိုပင်ဟိုင်းအီနာကောင်သည် ကိုက်ခဲလေသည်။ သို့သော် မြင်းနှင့် ကျွဲနွားများသည် ယင်းအား တွေ့သောအခါ ကြောက်၍ အားကုန်ပြေးကြလေသည်။ နောက်ဆုံးတွင် အမောဆို့၍ သေကုန်ကြလေသည်။ ထိုကဲ့သို့သော အသေကောင်များနှင့် အခြား တိရစ္ဆာန်များ ကိုက်သတ်ထားသည့် တိရစ္ဆာန်များကို ဟိုင်းအီးနားများ တွေ့သောအခါတွင် စားကြလေသည်။

ရှေးအခါက ထိုတိရစ္ဆာန်များသည် အာဖရိကတိုက်နေ လူများ၏အိမ်သို့ ညဉ့်အခါဝင်ရောက်ပြီးလျှင် မိဘများ၏ နံဘေးတွင် အိပ်ပျော်နေကြသော ကလေးငယ်ကို ကိုက်ချီ၍ သွားတတ်ကြသည်။ ထိုကြောင့် လူများက ထို ဟိုင်အီးနားများကို လွန်စွာကြောက်ရွံ့ကြလေသည်။ ထိုတိရစ္ဆာန်သည် နေ့အခါများတွင် ဂူနှင့်တွင်းများတွင် အိပ်၍ နေတတ်ကြပြီးလျှင် ညဉ့်အခါများတွင်သာ ထွက်၍ အခြားသားရဲတိရစ္ဆာန်များ ကိုက်သတ်၍ ထားခဲ့သော အသေကောင်များကို ရှာဖွေ စားသောက်ကြသည်။

ဟိုင်းအီနာကောင်၌ သန်မာသည့် မေးရိုးကြီးများနှင့်သွားများရှိသည်။ ထိုသွားများဖြင့် ကျွဲ၊ နွားတို့၏ ခြေထောက်ရိုးများကိုပင် ကွဲအောင် ကိုက်နိုင်လေသည်။ အသားမရှိတော့သော အရိုးများကိုသာ တွေ့ရသောအခါမျိုးတွင် ဟိုင်းအီနာကောင်သည် ထိုနည်းဖြင့် အရိုးတွင်းရှိ ချဉ်ဆီကို ထုတ်ယူ၍ စားသောက်လေသည်။

ဟိုင်းအီနာကောင် သုံးမျိုးရှိရာ ဟိုင်းအီနာအကျား၊ အညိုနှင့် အပြောက်ဟူ၍ဖြစ်သည်။ ဟိုင်းအီနာအကျား၏အရောင်မှာ အညိုရောင်ဖြစ်ပြီးလျှင် ယင်း၏ ဘေးဘက်များ၌ အထက်နှင့်အောက် အမည်ကျားများ ရှိသည်။ ဟိုင်းအီနာအပြောက်နှင့် ဟိုင်းအီနာအညိုတို့သည် အာဖရိကတိုက်ရှိ ဆဟားရားသဲကန္တရ၏ တောင်ဘက်တွင် နေထိုင်ကြ၍ ဟိုင်းအီနာအကျားသည် အာဖရိကတိုက် အရှေ့ပိုင်းနှင့် အာရှတိုက်တောင်ပိုင်း၊ အီသီယိုးပီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံအထိ ပြန့်နှံနေကြလေသည်။

ဟိုင်အီးနားသည် ဟိုင်ရေးနားမျိုးတွင်ပါဝင်၍ ဟိုင်အီးနားအကျားသည် ပါဏဗေဒအရ ဟိုင်ရေးနား ဟိုင်ရေးနား ဟူ၍လည်းကောင်း၊ ဟိုင်အီးနားအညိုကို ဟိုင်အင်နီဒီးဗရွန်နီယာ ဟူ၍လည်းကောင်း၊ ဟိုင်းအီနာအပြောက်ကို ကရိုလူတာ ကရိုလူတာဟူ၍လည်းကောင်း ခေါ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)