ဟိန်းထက်

ဝီကီပီးဒီးယား မှ
(ဟိန်းထက် (လယ်ဝေး) မှ ပြန်ညွှန်းထားသည်)
ဟိန်းထက်(လယ်ဝေး)
Academy Hein Htet (Lewe)
မွေးဖွားဟိန်းထက်ဗိုလ်
(1981-09-12) စက်တင်ဘာ ၁၂၊ ၁၉၈၁ (အသက် ၄၂)
လယ်ဝေးမြို့နေပြည်တော်ပြည်ထောင်စုနယ်မြေမြန်မာနိုင်ငံ
အလုပ်အကိုင်ရုပ်ရှင်တည်းဖြတ်
မိဘ(များ)ဦးမြင့်အောင်၊ ဒေါ်မြင့်မြင့်အေး
ရရှိသည့်ဆုများမြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၂၀၁၁)

ဟိန်းထက်(လယ်ဝေး)သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုရှင်)တစ်ဦးဖြစ်သည်။ နေပြည်တော်ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့ ဇာတိဖြစ်သည်။ မွေးချင်း သုံးယောက်အနက် အလတ်ဖြစ်ပြီး အမည်ရင်းမှာ ဟိန်းထက်ဗိုလ် ဖြစ်သည်။

(၁၉၉၈) ခုနှစ်တွင် အ.ထ.က(၁)၊လယ်ဝေး မှ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့ပြီး AGTI(EP) နှင့် BA(Eng) ဘွဲ့များ ရရှိခဲ့သည်။(၂၀၀၅)ခုနှစ်တွင် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်ကူးသော ထာဝရအလင်းတန်းများရုပ်ရှင်ဇာတ်ကားကို စတင်တည်းဖြတ်ခဲ့ပြီး ၎င်းရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု၊အ​ကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ရရှိခဲ့သည်။[၁]

အ​ကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုရရှိခဲ့သော ထာဝရအလင်းတန်းများရုပ်ရှင်ကို ကွန်ပျူတာ(ဒီဂျစ်တယ်)နည်းပညာဖြင့် တည်းဖြတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း (၃၀) ကျော်ကို တည်းဖြတ်ခဲ့ပြီး ရန်ကုန်မြို့တွင်နေထိုင်ကာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁၁ခုနှစ် အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် မှတ်တမ်း (9 ဒီဇင်ဘာ 2016)။ 6 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 December 2021 တွင် ပြန်စစ်ပြီး။