မာတိကာသို့ ခုန်သွားရန်

ဟာမင်း ဂါရင်း

ဝီကီပီးဒီးယား မှ
ဟာမင် ဂိုးအားရင်း
Hermann Göring
Göring at the Nuremberg trials, c.1946
16th President of the Reichstag
တာဝန်သက်တမ်း
30 August 1932  23 April 1945
သမ္မတPaul von Hindenburg
(1932–1934)
FührerAdolf Hitler
(1934–1945)
Chancellor
ယခင်လူPaul Löbe
ဆက်ခံသူ
Chief of the Luftwaffe High Command
တာဝန်သက်တမ်း
1 March 1935  23 April 1945
လက်ထောက်Erhard Milch
FührerAdolf Hitler
ယခင်လူOffice established
ဆက်ခံသူRobert Ritter von Greim
Reichsstatthalter of Prussia
Acting
25 April 1933[]  23 April 1945
ယခင်လူAdolf Hitler
ဆက်ခံသူOffice abolished
Ministerpräsident of Prussia
တာဝန်သက်တမ်း
11 April 1933  23 April 1945
ယခင်လူFranz von Papen
(Reichskommissar)
ဆက်ခံသူOffice abolished
Additional positions
ကိုယ်ရေး အချက်အလက်များ
မွေးဖွားHermann Wilhelm Göring
(1893-01-12)၁၂ ဇန်နဝါရီ၊ ၁၈၉၃
Rosenheim, Germany
ကွယ်လွန်၁၅ အောက်တိုဘာ၊ ၁၉၄၆(1946-10-15) (အသက် ၅၃)
Nuremberg, Germany
ကွယ်လွန်ရသည့် အကြောင်းရင်းSuicide by cyanide poisoning
နိုင်ငံရေးပါတီNazi Party (1922–1945)
ကြင်ဖော်
သားသမီးEdda Göring
ဖခင်Heinrich Ernst Göring
ဆွေမျိုးသားချင်းAlbert Göring (brother)
နေထိုင်ရာCarinhall
မိခင်ကျောင်းUniversity of Munich
အလုပ်အကိုင်
အစိုးရအဖွဲ့Hitler cabinet
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲ
အမှုထမ်းကာလ
  • 1912–1918
  • 1933–1945
ရာထူး
CommandsJagdgeschwader 1
တိုက်ပွဲ/စစ်ပွဲများ
ဆုတံဆိပ်များ
ရာဇဝတ်ပြစ်ဒဏ်Death
ရာဇဝတ်မှု အခြေအနေDeceased
ပြစ်ဒဏ်ကျခြင်း(များ)Conspiracy to commit crimes against peace
Crimes of aggression
War crimes
Crimes against humanity
ဟာမင် ဂိုးအားရင်း

ဂျာမနီနိုင်ငံ နာဇီပါတီီ ခေါင်းဆောင်တစ်ဦးဖြစ်သော ဟာမင် ဂိုးအားရင်းသည် ဘာဘေးရီးယားပြည် ရိုဇင်ဟိုင်းမြို့၌ ၁၈၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၂ ခုနှစ်တွင် ကြည်းတပ်ဗိုလ်အဖြစ်ဖြင့် စစ်မှုထမ်းရာမှ ပထမကမ္ဘာစစ်ဖြစ်သော် လေတပ်သို့ ကူးပြောင်းခဲ့သည်။ ရန်သူလေယာဉ်ပျံများကို အများဆုံး ပစ်ချနိုင်သဖြင့် ပထမတန်းလေယာဉ်သူရဲကောင်းဟု ချီးကျူးခြင်း ခံရသည်။

၁၉၂၂ ခုနှစ်တွင် ဟစ်တလာတည်ထောင်သော နာဇီအဖွဲ့သို့ ဝင်သည်။ နာဇီအဖွဲ့ မုန်တိုင်းတပ်ကိုဖွဲ့စည်း အုပ်ချုပ်ရသည်။ ၁၉၃၃ ခုနှစ်၌ ပရပ်ရှားပြည်နယ် ဝန်ကြီးချုပ်ဖြစ်၍ ပြည်ထဲရေးဝန်ကြီးလည်း ဖြစ်လာသည်။ ဂျာမန်လေတပ်ကို ကိုယ်တိုင်ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။ ၁၉၃၆ ခုနှစ်၌ ဒုတိယကမ္ဘာစစ်အတွက် ပြင်ဆင်မှုဖြစ်သော ၄ နှစ် စီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ နာဇီများ တန်ခိုးကြီးချိန်တွင် ဂျာမန်လေတပ်စစ်သူကြီးဖြစ်သော ဂိုးအားရင်းသည် အလွန်အရေးပါ အရာရောက်ခဲ့၍ ဟစ်တလာ၏ ညာလက်ရုံးကြီး ဖြစ်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး ၁၉၄၅ ခုနှစ်တွင် ဟစ်တလာနှင့် မသင့်မတင့်ဖြစ်၍ နာဇီပါတီမှ နုတ်ထွက်ခဲ့လေသည်။ စစ်ကြီးအပြီး စစ်တရားခံများကို စစ်ဆေးသော မဟာမိတ်စစ်ခုံရုံးက ဂိုးအားရင်းအား စစ်တရားခံအဖြစ်ဖြင့် ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့၌ သေဒဏ်အမိန့်ချမှတ် လိုက်သည်။ သေဒဏ်အပြစ်ပေးရန်နေ့သို့ မရောက်မီ ဂိုးအားရင်းသည် မိမိကိုယ်ကို မိမိအဆိပ်ခတ်၍ အဆုံးစီရင်လိုက်လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Kershaw 2008, p. 284.
  2. မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၅၆)။ "ဟာမင် ဂိုးအားရင်း"မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း