ဟရိယာဏာပြည်နယ်

ဝီကီပီးဒီးယား မှ

ဟရိယာဏာပြည်နယ်(ဟင်ဒီ: हरियाणा; ပန်ချာပီ: ਹਰਿਆਣਾ)သည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။

မြို့တော်မှာ စဏ္ဍီဂြဟဖြစ်ပြီး ပဉ္စာပပြည်နယ်၏ မြို့တော်နှင့် ပြည်ထောင်စုနယ်မြေအဖြစ် တည်ရှိသည်။ လူဦးရေသည် ၂၅,၃၅၃,၀၈၁ဦး(၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ) ဖြစ်ပြီး ဧရိယာမှာ ၄၄,၂၁၂km2 ဖြစ်သည်။

၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ပဉ္စာပပြည်နယ်မှ သီးခြားပြည်နယ်အဖြစ် ခွဲထွက်ခဲ့သည်။ မြောက်ဘက်တွင် ပဉ္စာပပြည်နယ်နှင့် ဟိမာစလပဒေသပြည်နယ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ရာဇဌာနပြည်နယ်၊ အရှေ့ဘက်တွင် ယမုနာမြစ်၊ ဥတ္တရာခဏ္ဍပြည်နယ်နှင့် ဥတ္တရပဒေသပြည်နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။