ဟက်ဒဂ်ငါး
| Haddock | |
|---|---|
![]() | |
| Haddock at the New England Aquarium | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Actinopterygii |
| မျိုးစဉ်: | Gadiformes |
| မျိုးရင်း: | Gadidae |
| မျိုးစု: | Melanogrammus T. N. Gill, 1862 |
| မျိုးစိတ်: | M. aeglefinus |
| ဒွိနာမ | |
| Melanogrammus aeglefinus | |
| Synonyms | |
ဟက်ဒဂ် သည် ရေငန်ငါးတမျိုးဖြစ်ပြီး ဂက်ဒီဒီးမျိုးရင်းတွင် ပါသည်။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဆက်စပ်သောပင်လယ်များတွင် တွေ့ရပြီး ငါးလုပ်ငန်းအတွက် အရေးပါသော ငါးမျိုးစိတ်တခုဖြစ်သည်။ အထူးသဖြင့် ဥရောပမြောက်ပိုင်းတွင် အစိမ်းကိုဖြစ်စေ၊ ရေခဲရိုက်၍ဖြစ်စေ၊ ကျပ်တင်၍ဖြစ်စေ ဈေးကွက်သို့ တင်ပို့၏။
ဟက်ဒဂ်ငါး
[ပြင်ဆင်ရန်]ဟင်းလျာအဖြစ်အရေးကြီးသော ငါးတစ်မျိုးဖြစ်သည့် ဟက်ဒဂ်ငါးသည် ကော့ဒငါးပါဝင်သည့် ဂက်ဒီဒီးမျိုးရင်း၌ပင်ပါဝင်သည်။ ထိုငါး အမြောက်အမြားကို ဗြိတိသျှ ကျွန်းစုတစ်ဝိုက်နှင့် မြောက်ပင်လယ်အတွင်း၌တွေ့နိုင်၍ နွေအခါတွင် အမေရိကန်နိုင်ငံမက်ဆချူး ဆက် ပြည်နယ်၏ ကမ်းခြေတစ်လျှောက်တွင် တွေ့နိုင်သည်။ များသောအားဖြင့် နှစ်ပေပင်မပြည့် တတ်သော်လည် တစ်ခါတစ်ရံတွင် သုံးပေအထိကြီးသော ဟက်ဒဂ်ငါးများကိုတွေ့ရတတ်သည်။ ဟက်ဒဂ်ငါးနှင့်ကော့ဒငါးတို့ခြားနားခြင်းမှာ ဟက်ဒဂ်ငါး၌ ထူးခြားသည့်အမည်းစင်းတစ်စင်းသည် ဦးခေါင်းမှ အမြီးတိုင်အောင်ရှိနေခြင်း၊ ပါးစပ်သေးငယ်ခြင်းနှင့် ကျောပေါ်ရှိ ပထမငါးဆူး တောင်ပို၍ရှည်ခြင်းဖြစ်သည်။ ဟက်ဒဂ်ငါးများသည် အုပ်ဖွဲ့၍ ရွှံ့နွံ၊ သို့မဟုတ် သဲထူထပ်သော ပင်လယ်အောက်ခြေတွင်နေထိုင်တတ်ကြသည်။ အစာကိုပင်လယ်၏အောက်ခြေ၌စားသောက်ကြသည်။ ဟက်ဒဂ်ငါးကိုပါဏဗေဒအလိုအရမီလန်နိုဂရမ်မပ်အီးဂလီဖီနပ် ဟုခေါ်သည်။[၂]
