သောမာဝသိယစေတီတော်

ဝီကီပီးဒီးယား မှ
သောမာဝသိယစေတီတော်
သောမာဝသိယစေတီတော် သည် သီရိလင်္ကာနိုင်ငံ တွင် တည်ရှိသည်
သောမာဝသိယစေတီတော်
သီရိလင်္ကာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာSomawathiya National Park, Polonnaruwa, Sri Lanka
ကိုဩဒိနိတ်08°07′15.16″N 81°10′07.9″E / 8.1208778°N 81.168861°E / 8.1208778; 81.168861ကိုဩဒိနိတ်: 08°07′15.16″N 81°10′07.9″E / 8.1208778°N 81.168861°E / 8.1208778; 81.168861
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Polonnaruwa
စီရင်စုNorth Central Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument[၁] (7 July 1967)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

သောမာဝသိယစေတီတော် (သီဟိုဠ်: සෝමාවතිය චෛත්‍ය, တမီးလ်: சோமாவதிய சைத்யா)သည် သီရိလင်္ကာနိုင်ငံ၊ ပေါဠောန္နရုဝမြို့ (Polonnaruwa) တွင်တည်ရှိသည့် ဗုဒ္ဓဘာသာစေတီတော်တစ်ဆူ ဖြစ်သည်။[၂] စေတီတော်၏ ဘွဲ့တော်မှာ “သောမာဝသိယရာဇမဟာဝိဟာရ” ဖြစ်သည်။[၃][၄]

စေတီတော်သည် မဟာဝေလီမြစ် (Mahaweli) မြစ်၏ ဘယ်ဘက်ကမ်း သောမာဝသိယအမျိုးသားဥယျာဉ်အတွင်းတွင် တည်ရှိသည်။[၅][၆] စေတီတော်ကို ဒုဋ္ဌဂါမဏိမင်းသည် မြတ်စွာဘုရား၏ သွားဓာတ်တော်ကို ဌာပနာခြင်း မပြုမီအချိန်ကပင် တည်ခဲ့သည်ဟု ယုံကြည်ရသည်။ စေတီတော်ကို ဒုဋ္ဌဂါမဏိမင်း၏ ဖမည်းတော်ဖြစ်သူ ကာဝန္တိဿမင်းက တည်ခဲ့သည်ဟု မှတ်ယူနိုင်သည်။ ထို့ကြောင့် ဤစေတီတော်သည် မဟာစေတီတော်၊ မိရိသဝေဋိယဝိဟာရ၊ ဇေတဝနရာမ (Jetavanaramaya) စသည်တို့ထက် ပို၍ ရှေးကျသည်။

စေတီတော်၏ အမည်သည် အဘယမင်းသား (Abhaya) ၏ ဇနီး၊ ကာဝန္တိဿမင်း (Kavantissa) ၏ အစ်မတော်စပ်သူဖြစ်သည့် သောမာဝသိမင်းသမီး (Somawathi) ကို အစွဲပြု၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။ မဟိန္ဒရဟန္တာထံမှ ရခဲ့သည် ဗုဒ္ဓဓာတ်တော်ကို ဌာပနာရန်အတွက် မင်းသားသည် စေတီတော်တစ်ဆူ တည်ခဲ့သည်။ ထို့နောက်တွင် စေတီတော်၏ ဘွဲ့အမည်ကို မင်းသမီး၏ အမည်ကို ပေးခဲ့သည်။ စေတီတော်နှင့် အခြားသော တည်ဆောက်မှုများ ပြီးစီးသည့်အခါတွင် မင်းသားနှင့် မင်းသမီးတို့သည် ကျောင်းတော်ကို မဟိန္ဒရဟန္တာနှင့် အခြားရဟန်းများသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

Approach Road
Approach Road
Approach Road 
The interior of the Stupa
The interior of the Stupa
The interior of the Stupa 
Bodhi Tree at Somawathiya
Bodhi Tree at Somawathiya
Bodhi Tree at Somawathiya 

အခြားဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Protercted Monument List 2012-12-12Department of Archaeology (12 December 2012)။ 23 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2016 တွင် ပြန်စစ်ပြီး။
  2. Hundreds and thousands of devotes participate in Hiru Shraddhabhi Vandana at Somawathiya sacred premises။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။
  3. Miraculous Somawathi Chaitya Archived 2014-09-12 at the Wayback Machine.
  4. President opens access road to Somawathiya Archived 2014-09-12 at the Wayback Machine.
  5. Chandrasena passes the buck Clearing of forest for banana growing။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။
  6. President participates in religious functions at Somawathiya temple, Agbopura Rajamaha Viharaya Archived 2014-09-12 at the Wayback Machine.