သောမတ် ဘာဘင်တန် မကောလေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
The Right Honourable
The Lord Macaulay
PC
Thomas Babington Macaulay2.jpg
Photogravure of Macaulay by Antoine Claudet
Secretary at War
တာဝန်သက်တမ်း
27 September 1839 – 30 August 1841
ဧကရာဇ် Victoria of the United Kingdom
ဝန်ကြီးချုပ် William Lamb, 2nd Viscount Melbourne
ယခင်လူ Henry Grey, 3rd Earl Grey
ဆက်ခံသူ Henry Hardinge, 1st Viscount Hardinge
Paymaster-General
တာဝန်သက်တမ်း
7 July 1846 – 8 May 1848
ဧကရာဇ် Victoria
ဝန်ကြီးချုပ် John Russell, 1st Earl Russell
ယခင်လူ Bingham Baring, 2nd Baron Ashburton
ဆက်ခံသူ Granville Leveson-Gower, 2nd Earl Granville
ကိုယ်ရေး အချက်အလက်များ
မွေးဖွား 25 October 1800 (1800-10-25)
Leicestershire, England
ကွယ်လွန် ၂၈ ဒီဇင်ဘာ၊ ၁၈၅၉(1859-12-28) (အသက် ၅၉)
လန်ဒန်၊အင်္ဂလန်။
လူမျိုး ဗြိတိသျှ။
နိုင်ငံရေးပါတီ Whig
ကြင်ဖော်(များ) Unmarried
မိခင်ကျောင်း Trinity College, Cambridge
လက်မှတ်

လူတစ်ဦး တစ်ယောက်သည် မှတ်ဉာဏ် အလွန်ကောင်းပါသည်ဟု ဆိုစေကာမူ ထိုသူသည် မကောလေးအား မီနိုင်မည်မထင်။ မကောလေးအား ထူးထူးချွန်ချွန် မှတ်ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် ကမ္ဘာကျော်ခဲ့လေသည်။

သူသည် စာအုပ်တစ်အုပ်ကို တစ်ခေါက်တည်း ဖတ်ရရုံနှင့် ထိုစာအုပ်အတိုင်း တစ်သွေမတိမ်း အလွတ် ပြန်ဆိုပြောပြနိုင်သည်။ ဤမျှ မှတ်ဉာဏ်ကောင်းပေသည်။ ထိုပုဂ္ဂိုလ်ကြီးကား အင်္ဂလိပ်စာပေ သမိုင်းနှင့် အင်္ဂလန် နိုင်ငံသမိုင်းတွင် စာရေးဆရာကြီး အဖြစ်ဖြင့် လည်းကောင်း၊ နိုင်ငံပြု သုခမိန်အဖြစ်ဖြင့် လည်းကောင်း ထင်ရှားကျော်စောခဲ့သော လော့တောမတ် ဗက်ဗင်တန် မကောလေးပင်တည်း။

မကောလေးသည် ၁၈ဝဝ ပြည့်နှစ်တွင် ဖွားမြင်၍ ဖခင်မှာ ဇက်ခါရီမကောလေးဆိုသူ စကော့လူမျိုးဖြစ်၏။ မကောလေး၏ ဖခင်သည် စိတ်ဓာတ်ပြင်းထန်သော လူမှုပြုပြင်ရေးသမား တစ်ဦဖြစ်၍၊ ငွေဝယ်ကျွန်စနစ်ကို လွန်စွာ စက်ဆုပ်မုန်းတီးသူ ဖြစ်သည့်အတိုင်း၊ ထိုစနစ်ကို တိုက်ဖျက်ယင်းပင် ဥစ္စာပစ္စည်း ဆုတ်ယုတ်ပျက်စီးခဲ့ လေသည်။

မကောလေး၏ ဖခင်သည် မကောလေးအား ငယ်ရွယ်စဉ်ကပင် အထူးဂရုစိုက်၍ ပညာသင်ကြားပေးခဲ့သဖြင့် မကောလေးသည် ၃ နှစ်သားအရွယ်ကပင် စာဖတ်ဝါသနာ ထုံခဲ့လျက် လက်တစ်ဖက်မှ ပေါင်မုန့်ထောပတ် သုတ် တစ်ချက်ကိုကိုင်ယင်း စာဖတ်လေ့ရှိသော မကောလေး ကလေးအား ဧည့်သည်များက တွေ့မြင်ရသည့်အခါ ထိုကလေး၏ စာဖတ်ဝါသနာကြီးပုံကို အံ့ဩချီးမွမ်းကြလေသည်။

စကားပြောရာတွင်လည်း ကလေးနှင့် မမျှအောင် ခမ်းနားသော စာပေစကားတို့ကို ပြောလေ့ရှိသဖြင့် မိခင် ဖခင်တို့သည် သားငယ်ကလေးအား အထူးပင် ချစ်ခင်ကြသည်။ မကောလေးသည် အတန်ကြီးပြင်း လာသောအခါ ကိမ်းဗရစ်တက္ကသိုလ်တွင် ပညာများ ဆည်းပူးခဲ့ရာ၌ သင်္ချာဘာသာမှတစ်ပါး ကျန်ဘာသာရပ် အားလုံးတွင် ထူးချွန်ခဲ့လေသည်။ သင်္ချာဘာသာကိုကား သူသည် ကလေး အရွယ်ကပင် ဝါသနာမပါခဲ့ပေ။ တက္ကသိုလ်သို့မရောက်မီ မူလတန်းကျောင်း၌ နေရစဉ်ကပင် ကျောင်းတက်နေရသဖြင့် စာဖတ်ချင်တိုင်း မဖတ်ရသည့်အပြင် သူစိတ်မဝင်စားသော အတွက်အချက် ပုစ္ဆာများကို ဖြေနေရသဖြင့် ကျောင်းသွားရန်ကိုပင် ပျင်းရိ ခဲ့လေသည်။ ထို့ပြင် စကားအိုးကလေး ဖြစ်၍ ကျောင်းတွင် စကားပြောချင်တိုင်း မပြောရသည်ကို စိတ်ညစ်ညူးခဲ့သည်။

သို့သော်လည်း ကျောင်းမှန်မှန် တက်ခဲ့သဖြင့် ကျောင်းတွင်သာမက တက္ကသိုလ်သို့ရောက်ခဲ့သည့်တိုင် ထူးချွန်ခဲ့၍ ဆုအမျိုးမျိုး ရခဲ့၏။မကောလေးသည် ဂရိဘာသာ၊ လက်တင်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဒပ်ချဘာသာတို့ဖြင့် ရေးသားထားသော စာအုပ်များကိုလည်း ဖတ်ရှုနိုင်ခဲ့လေသည်။

မကောလေးသည် ဖခင်ကြီး၏ ဆန္ဒအတိုင်း ဥပဒေပညာရပ်များကို ဆည်းပူးလေ့လာခဲ့သဖြင့် ဥပဒေဘွဲ့ထူးကို ရရှိခဲ့သော်လည်း သူ၏အာရုံမှာ စာပေဖက်သို့သာ ညွတ်လျက်ရှိလေသည်။ ၁၈၂၅ ခုနှစ်တွင် မကောလေးသည် အက်ဒင်ဗာရာရီဗျူးခေါ် စာစောင်အတွက် ကဗျာစာဆို မီလတန်အကြောင်း ဆောင်းပါး တစ်ခုကို ရေးသားခဲ့ရာ တွင် ၂၅ နှစ်သားအရွယ် မကောလေး၏ ဂုဏ်သတင်းမှာ တစ်မုဟုတ်ချင်း လူသိများပြီးလျှင် ထင်ရှားခဲ့လေသည်။ ထိုအချိန်မှစ၍ မကောလေးသည် အက်ဒင်ဗာရာရီဗျူး စာစောင်ကြီး၏ ပထမတန်းစား စာရေးဆရာကြီးတစ်ဦး အဖြစ် အသိအမှတ်ပြုခြင်း ခံရပြီးနောက် သူရေးသားသမျှသော ဆောင်းပါးများကိုလည်း ထိုစာစောင်ကြီးတွင် မကြာခဏ ဖတ်ရှုကြရလေသည်။

မကောလေးသည် သူ၏ အသက်မွေးဝမ်းကျောင်းမှု အတွက် စာရေးခြင်းဖြင့် ရရှိသော ဝင်ငွေအပေါ်၌သာ အမီပြုရလေသည်။ သူ၏ ဖခင်သည် မူလက ပစ္စည်းဥစ္စာ အတော်အတန် ချမ်းသာကြွယ်ဝသူ ဖြစ်သော်လည်း မကောလေး ငယ်စဉ်ကပင် စီးပွားပျက်ခဲ့သောကြောင့် မကောလေး ကြီးပြင်းလာသောအခါ ဖခင်နှင့် နှမများကိုပင် မကောလေးကထောက်ပံ့ခဲ့ရလေသည်။ သို့သော်လည်း မကောလေး ကဲ့သို့သော ပါရမီရှင် စာရေးဆရာ တစ်ယောက်အဖို့ဆင်းရဲခြင်းသည် တာရှည်တည်မြဲ နေလိမ့်မည် မဟုတ်ပေ။ မကောလေးသည် အခြားသော စာရေးဆရာများကဲ့သို့စာရေးခြင်း အလုပ်တစ်ခုကိုသာ မလုပ်ကိုင်ဘဲ နိုင်ငံရေးခေါင်းဆောင် တစ်ဦးအနေဖြင့် ပါလီမန်အမတ်၏ တာဝန်များကိုလည်း တစ်ဖက်တစ်လမ်းမှ ထမ်းဆောင် ခဲ့လေသည်။

သူ့ခေတ်သူ့အခါက မကောလေးသည် ပထမတန်းစား ပြည်သူ့ကိုယ်စားလှယ် အမတ်တစ်ဦးပင် ဖြစ်သည်။ ပါလီမန်ထဲ၌ အချက်အလက်ကို ပိုင်ပိုင်နိုင်နိုင်နှင့် ပြတ်သားရှင်းလင်းစွာ စကားပြောဆိုရာတွင် မကော လေးကို မီသူမရှိပေ။ မကောလေးသည် ဝှစ်ပါတီ၏ ဝါဒနှင့် သဘောထားကို ထောက်ခံသူဖြစ်၏။ သို့ရာတွင် သူ့ကို ပါတီနိုင်ငံရေးသမားဟူ၍ကား မခေါ်နိုင်ချေ။ သူ၏စိတ်၌ မှန်ကန်ဖြောင့်မတ်သည်ဟု မထင်လျှင် သူသည် မည်သည့်ကိစ္စကိုမျှ လိုက်လောသည်မဟုတ်ပေ။ ပါလီမန် အမတ်ရာထူးကိုပင် စွန့်လွှတ်လိုက်ရန် ဦးလေးမည် မဟုတ်သော လူဖြောင့်ကြီး တစ်ဦးပေတည်း။ မကောလေး၏ နိုင်ငံပြု သုခမိန် တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့သော ကိစ္စများတွင် အရေးပါ အရာရောက်ဆုံးသော ကိစ္စတစ်ခုကား အိန္ဒိယနိုင်ငံသို့ဥပဒေ အတိုင်ပင်ခံ အရာရှိအဖြစ် သွားရောက်ပြီးလျှင် ဗြိတိသျှ အုပ်ချုပ်ရေးစနစ်ကြီး တစ်ခုလုံးကို ပိုမိုကောင်းမွန်အောင် ပြုပြင်ခဲ့ခြင်းပင် ဖြစ်လေသည်။ သူ၏ လုပ်ငန်းတွင် သူသည် ပညာဉာဏ် အမြော်အမြင် ပြည့်စုံစွာဖြင့် တော်ဖြောင့်မှန်ကန်သော လမ်းစဉ်များအတိုင်း ပြုလုပ်ဆောင် ရွက်ခဲ့သည့် အတွက်လည်း နှောင်းကာ လတိုင်အောင် သူ၏ ဂုဏ်ကျေးဇူးများကို အိန္ဒိယနိုင်ငံက အစဉ်အောက်မေ့ လျက် ရှိကြပေသည်။ မကောလေးသည် မိမိ၏ တာဝန်အလျောက် နိုင်ငံရေးလုပ်ငန်းများကို ထမ်းဆောင်လျက် နေရသော်လည်း သူအပျော်မွေ့ဆုံး အလုပ် သည်ကား စာရေးခြင်း အလုပ်သာဖြစ်၏။ ထိုစာရေးခြင်း အလုပ်ကပင် သူ၏ ကြီးပွားတိုးတက်ရေးကို ဖန်တီးခဲ့ပေသည်။

ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝလာသောအခါ သူသည် နိုင်ငံရေးမှ ထွက်ပြီးလျှင် စာရေးခြင်းဖြင့်သာ အချိန်ကို ကုန်လွန်စေခဲ့သည်။ မကောလေးသည် ကဗျာများကိုလည်း အများ အပြား ရေးသားခဲ့၏။ အထင်ရှားဆုံး ကဗျာသည်ကား ၁၈၄၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော ရှေးခေတ် ရောမ နိုင်ငံ၏ တေးသံ မည်ရှိ ကဗျာပင် ဖြစ်ပေသည်။ မကောလေးသည် ၁၈၄၁ ခုနှစ်တွင် သူ၏ ကမ္ဘာကျော် အင်္ဂလန်နိုင်ငံ သမိုင်း စာအုပ်ကြီးကို စတင် ရေးသားခဲ့၏။ ၁၈၄၉ ခုနှစ်တွင် ပထမတွဲနှင့် ဒုတိယတွဲကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့၏။ ကျန်အတွဲများကိုလည်း တစ်တွဲပြီးတစ်တွဲ ထုတ်ဝေခဲ့လေသည်။ သို့ရာတွင် လုပ်ငန်းမှာ ကြီးမားလွန်းရကား မကေားလေး အနိစ္စရောက် သည့်တိုင်အောင် အပြီးမသတ်နိုင်ခဲ့ချေ။ ထိုနိုင်ငံသမိုင်း စာအုပ်ကြီးမှာ ပေါ်ပေါက်ခဲ့သမျှသော နိုင်ငံသမိုင်း စာအုပ်များတွင် အထင်ရှားဆုံးသော စာအုပ်ဖြစ်ပေသည်။

၁၈၅၇ ခုနှစ်တွင် မကောလေးသည် ဗဲရွန်ဘွဲ့ကို ရရှိလေသည်။ ထိုသို့ချီးမြှင့်ခြင်း ခံရပြီးနောက် ၂ နှစ် အကြာ ၁၈၅၉ ခုနှစ်တွင် ကွယ်လွန် အနိစ္စရောက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)