သောမတ်စ် ဟာဒီ

ဝီကီပီးဒီးယား မှ
သောမတ်စ် ဟာဒီ
၁၉၁၀ နှင့် ၁၉၁၅ ခုနှစ်များအကြားခန့်က တွေ့ရသော သောမတ်စ်ဟာဒီ
မွေးဖွား(1840-06-02)၂ ဇွန်၊ ၁၈၄၀
Stinsford, Dorset, အင်္ဂလန်နိုင်ငံ
ကွယ်လွန်၁၁ ဇန်နဝါရီ၊ ၁၉၂၈(1928-01-11) (အသက် ၈၇)
Dorchester, Dorset, အင်္ဂလန်
ထာဝရ အိပ်စက်ရာ
အလုပ်အကိုင်စာရေးဆရာ၊ ကဗျာဆရာ
မိခင်ကျောင်းKing's College London
စာပေလှုပ်ရှားမှုNaturalism, အောင်မြင်ရေးစာပေ
ထင်ရှားသည့်လက်ရာများTess of the d'Urbervilles,
Far from the Madding Crowd,
Collected Poems
Jude the Obscure
အိမ်ထောင်ဖက်
  • Emma Lavinia Gifford
    (၁၈၇၄–၁၉၁၂)
  • Florence Dugdale
    (၁၉၁၄–၂၈)

လက်မှတ်

သောမတ်စ် ဟာဒီ (အင်္ဂလိပ်: Thomas Hardy; ၂ ဇွန် ၁၈၄၀ – ၁၁ ဇန်နဝါရီ ၁၉၂၈) သည် အင်္ဂလိပ်လူမျိုး စာရေးဆရာနှင့် ကဗျာဆရာတစ်ဦး ဖြစ်သည်။

သောမတ်စ်ဟာဒီကို ၁၈၄ဝ ပြည့်နှစ် ဇွန်လ ၂ရက်နေ့တွင် အင်္ဂလန်နိုင်ငံတောင်ပိုင်း ဒေါ ဆက်ရှိုင်ယာခရိုင် ဒေါချက်စတားမြို့အနီး၌ ဖွားမြင်သည်။ မိမိနေရပ်ရှိ စာသင်ကျောင်းတွင် အခြေခံပညာကိုသင်ကြားပြီးနောက် လန်ဒန်မြို့ဘုရင့်ကောလိပ်ကျောင်း၌ ပညာဆက်သင်ခဲ့သည်။ အသက် ၁၆ အရွယ်တွင်ဗိသုကာ အတတ်ကိုသင်ကြားသည်။ ဟာဒီသည် ဗိသုကာအလုပ်ကို လုပ်ကိုင်နေစဉ် မိမိ၏ပင်ကိုဝါသနာအလျောက် စာပေများကိုလည်းရေးသားခဲ့သည်။ ၁၈၇၄ခုနှစ်တွင် Far from the Madding Crowdအမည်ရှိ ဝတ္ထုကို ရေးသားထုတ်ဝေပြီးနောက် ဟာဒီသည်စာပေလောကထဲသို့ ဝင်ရောက်ခဲ့လေသည်။

သောမတ်စ်ဟာဒီသည် မိမိ၏ချက်မြုပ်ရာအရပ်ကို စွဲလန်းခင်မင်သူဖြစ်သည့်အလျောက် သူရေးသောဝတ္ထုအများတွင် ထိုဒေသရှိ သဘာဝရှုခင်းကို နောက်ခံထား၍ ရေးသားလေ့ရှိသည်။ ဒေါချက်စတားမြို့နယ်ဒေသကိုလည်း ဝက်ဆက်ဟူသော ရှေးဟောင်းအမည်ဖြင့် မှည့်ခေါ်လေ့ရှိသည်။ ဟာဒီသည် တောကျေးလက်တွင်နေထိုင်သူတို့၏ သဘာဝဓလေ့ကို လည်းကောင်း၊ အရိုးခံစိတ်နေသဘောထားကိုလည်းကောင်း သဘောကျနှစ်သက်သူဖြစ်သည့်အပြင် သဘာဝကလူတို့၏ ကောင်းကျိုး၊ မကောင်းကျိုးကိုပြု ပြင်လျက် ရှိသည်ဟု ယုံကြည်သူလည်းဖြစ်သည်။

သောမတ်စ်ဟာဒီသည် ၁၈၇၁ ခုနှစ်မှ ၁၈၉၆ ခုနှစ်အထိဝတ္ထုပေါင်း ၁၄ ပုဒ်ကိုရေးပြီးနောက် ၁၈၉၈ ခုနှစ်မှစ၍ ကဗျာများကို စပ်ဆိုခဲ့လေသည်။ အထက်တွင်ဖော်ပြခဲ့သောဝတ္ထုနှစ်ပုဒ်အပြင် ထင်ရှားသောအခြားဝတ္ထုအချို့မှာ မျက်လုံးပြာတစ်စုံတိုင်းရင်းသားအိမ်ပြန်ခန်းကက်စတာဗရစ် မြို့တော်ဝန်နှင့် စိမ်းရောင်စိုသစ်ပင်အောက်တို့ဖြစ်သည်။ ဟာဒီ၏ကဗျာများတွင် ဝက်ဆက်ကဗျာများနှင့်သီ·ဒိုင်နပ်စတို့ ပါဝင်သည်။ ၁၉၁ဝ ပြည့်နှစ်တွင်အော်ဒါ·အော့ ·မဲ ရစ် ဘွဲ့ချီးမြှင့်ခြင်းခံရသည်။

တောမတ်ဟာဒီသည် ၁၉၂၈ ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့တွင်ဒေါချက်စတာမြို့အနီးရှိနေအိမ်၌ ကွယ်လွန်လေသည်။ သူ၏အရိုးပြာကို လန်ဒန်မြို့ ဝက်စမင်စတာအက်ဗေးရှိ စာဆိုထောင့်တွင် မြုပ်နှံသင်္ဂြိုဟ် ခဲ့ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)