သူရဲကောင်းလေးများ (ရုပ်ရှင်ဇာတ်ကား)
သူရဲကောင်းလေးများ | |
---|---|
အခြေခံအချက်အလက် | |
ဒါရိုက်တာ | မောင်တင်ဦး |
စာရေးသူ | မောင်သီဝ |
ဇာတ်လမ်း | တက္ကသိုလ်မောင်အောင်ဆွေ |
သရုပ်ဆောင် | ဇော်ဝမ်း၊ မေဝင်းမောင်၊ ဗိုလ်ဗကို၊ အံ့ကျော်၊ စံမတူ၊ ဦးဝမ်ချူး၊ ဝေသာလီမောင်ဖုန်း၊ ဒေါ်ခင်လေးဆွေ၊ စိန်သန်း၊ မြမောင်၊ ညီညီမင်း |
ထုတ်လုပ်ရေး ကုမ္ပဏီများ | မာလာဦးရုပ်ရှင် |
နိုင်ငံ | မြန်မာနိုင်ငံ |
ဘာသာစကား | မြန်မာဘာသာစကား |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ | ၁၉၈၁ |
သူရဲကောင်းလေးများ ရုပ်ရှင်ဇာတ်ကားသည် (၁၉၈၁)ခုနှစ်တွင် မာလာဦးရုပ်ရှင်မှ ရိုက်ကူးထုတ်လုပ်ခဲ့သော ကလေး သရုပ်ဆောင်အများအပြား ပါဝင်သည့် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သည်။ ဝတ္ထုမှာ ကလေး သူငယ်ဝတ္ထုများဖြင့် စာပေဆုများ ရရှိခဲ့သော စာရေးဆရာ တက္ကသိုလ်မောင်အောင်ဆွေ၏ ဝတ္ထုဇာတ်လမ်း ဖြစ်သည်။ ဇာတ်ညွှန်းကို မောင်သီဝက ရေးသားပြီး ဒါရိုက်တာအကယ်ဒမီ မောင်တင်ဦးက ရိုက်ကူး တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် ဇော်ဝမ်း၊ မေဝင်းမောင်၊ ဗိုလ်ဗကို၊ အံ့ကျော်၊ စံမတူ၊ ဦးဝမ်ချူး၊ ဝေသာလီမောင်ဖုန်း၊ ဒေါ်ခင်လေးဆွေ၊ စိန်သန်း၊ မြမောင်၊ ညီညီမင်းတို့နှင့်အတူ ကလေးသရုပ်ဆောင်များအဖြစ် အောင်ထွန်းလေး၊ ကျော်သက်မောင်၊ ဒေဝအောင်၊ အေးအေးမော်၊ မင်းမင်းသော် တို့ ပါဝင်ခဲ့သည်။
ဇာတ်ကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အထင်ကရအဖြစ် သမိုင်းတွင်ရစ်ခဲ့သော ဖက်ဆစ်တော်လှန်ရေးကို အခြေခံ၍ ဇာတ်လမ်းဖွဲ့ထားသည်။ ထိုဖက်ဆစ်တော်လှန်ရေးတွင် လူကြီးများနှင့်အတူ ကလေးများကလည်း ရွပ်ရွပ်ချွံချွံ ပါဝင်လှုပ်ရှား၍ အမျိုးသား ဇာတိသွေး၊ ဇာတိမာန်များအား ပြသခဲ့ကြပုံများကို ဖော်ကျူးရိုက်ကူးထား သော ကလေးသရုပ်ဆောင်များ၏ စွန့်စားခန်းဇာတ်ကား ဖြစ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် စာတမ်းငယ်များ