သုဝဏ္ဏဖူဆယ်အားကစားရုံ

ဝီကီပီးဒီးယား မှ

သုဝဏ္ဏဖူဆယ်အားကစားရုံသည် ရန်ကုန်မြို့ရှိ တည်ဆောက်လျက်ရှိသော နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားကွင်းဖြစ်သည်။သုဝဏ္ဏကွင်းအနီးတွင် ၂၀၁၉ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ရန် ရည်မှန်းထားသော်လည်း တရားဝင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။

၂၀၂၂ခုနှစ်က ​တွေ့ရစဉ်

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားပြိုင်ပွဲများကို ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင်သာ ကျင်းပနေခဲ့ရသည်။ ရန်ကုန်မြို့တွင် နိုင်ငံတကာ ဖူဆယ်ဘောလုံးပွဲများကို ကျင်းပရန်ရည်ရွယ်လျက် ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတကာအဆင့်မီဖူဆယ်ကွင်းအသစ် ဆောက်လုပ်ရေလုပ်ငန်းများ စတင်ခဲ့သည်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ မြန်မာနိုင်ငံအတွက် အားကစားရုံများတည်ဆောက်ရန် တစ်နှစ်လျှင် ခွဲတမ်း အမေရိကန်ဒေါ်လာ ၇သိန်းခွဲပေးအပ်ရာ ၃နှစ်စာခွဲတမ်း ၂မီလီယံဖြင့် ဤကွင်းကို တည်ဆောက်ခဲ့သည်။ တည်ဆောက်မှုကိုလည်း ဖီဖာမှ ကိုယ်တိုင်ကြီးကြပ်ခဲ့သည်။၂၀၂၀ပြည့်နှစ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှောင့်နှေးမှုများရှိခဲ့ပြီး ၂၀၂၁ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ကာ ဧပြီလတွင် ဖွင့်လှစ်မည်ဖြစ်သည်။ သို့ရာတွင် ၂၀၂၁အာဏာသိမ်းမှုများကြောင့် ၂၀၂၁ မေလအထိ ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။[၁][၂][၃]

အချက်အလက်များ[ပြင်ဆင်ရန်]

အရေးကြီးပုဂ္ဂိုလ်နားနေခန်း၊အဝတ်အစားလဲခန်းများ၊သတင်းစာရှင်းလင်းပွဲခန်းမ၊ဘောလုံးကွင်း၊ဒိုင်အဖွဲ့အ န်း၊ထိန်းချုပ်ခန်း စသည်တို့ကို နိုင်ငံတကာအဆက့်မီတည်ဆောက်ထားသည်။ ပရိသတ်အင်အား ၂၀၀၀ဝင်ဆံ့ပြီး လိုအပ်ပါက ပရိသတ် ၈၆၀ထပ်မံဝင်ဆံ့ရန်လည်း တိုးချဲ့နိုင်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]