မာတိကာသို့ ခုန်သွားရန်

သုဒိတာ

ဝီကီပီးဒီးယား မှ
သုဒိတာ
สุทิดา
ထိုင်းနိုင်ငံ၏ မိဖုရားခေါင်
သက်တမ်း၁ ​မေ ၂၀၁၉- လက်ရှိ
နန်းတက်ချိန်၄ ​မေ ၂၀၁၉
မွေးဖွား (1978-06-03) ၃ ဇွန်၊ ၁၉၇၈ (အသက် ၄၆)
ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
အိမ်ထောင်ဖက်ဝဇိရာလင်္ကရဏ (ရာမ ၁၀)
စံအိမ်မဟီ​ဒေါ
(ချက္ကရီမင်းဆက်)
ကိုးကွယ်မှုဗုဒ္ဓဘာသာ

သုဒိတာ(ထိုင်း: สุทิดาမွေးနာမည်: สุทิดา ติดใจ; သုဒိတာ တိတစေယ)သည် ထိုင်းနိုင်ငံ၏ မိဖုရား​ခေါင်၊ ဘုရင် ​လောင်ကွန်း၏ စတုတ္ထ​မြောက်မိဖုရား ဖြစ်သည်။

၁၉၇၈ ခု၊ ဇွန်လ ရက်တွင် မွေးသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဆက်ဆံရေးဘာသာ (Communication Arts) ဖြင့် အဆမ်းပရှင်း တက္ကသိုလ်မှ ဘွဲ့ရသည်။ ထို့နောက် ထိုင်း​လေ​ကြောင်း၏ ​လေယာဉ်မယ် ဖြစ်လာသည်။

စစ်မှုထမ်း ဘဝ

[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် ဩဂုတ်လတွင် အိမ်​ရှေ့မင်းသား ​လောင်ကွန်း၏ သက်​တော်​စောင့်အဖွဲ့တွင် တပ်မှူးအဖြစ် ခန့်အပ် ခံရသည်။

ရာထူး အဆင့်ဆင့်

[ပြင်ဆင်ရန်]
ခန့်အပ် ရက်စွဲ အဆင့် မှတ်ချက်
၂၀၁၀ မေ ၁၄ ဒုဗိုလ်
၂၀၁၀ နိုဝင်ဘာ ၁၄ ဗိုလ်
၂၀၁၁ ဧပြီ ၁ ဗိုလ်ကြီး
၂၀၁၁ အောက်တိုဘာ ၁ ဗိုလ်မှူး
၂၀၁၂ ဧပြီ ၁ ဒုတိယ ဗိုလ်မှူးကြီး
၂၀၁၂ အောက်တိုဘာ ၁ ဗိုလ်မှူးကြီး
၂၀၁၃ နိုဝင်ဘာ ၁၀ ဗိုလ်မှူးချုပ်
၂၀၁၆ ဩဂုတ် ၂၆ ဒုတိယ ဗိုလ်ချုပ်
၂၀၁၆ ဒီဇင်ဘာ ၁၀ ဗိုလ်ချုပ်

မိဖုရား​ခေါင်

[ပြင်ဆင်ရန်]

အိမ်ရှေ့မင်းသား လောင်ကွန်းမှာ စုဝတီနှင့် ပြတ်စဲပြီးနောက် စုသီတာနှင့် ဇာတ်လမ်းဖြစ်လာသည်။

၂၀၁၉ခုနှစ် ​မေလ၁ရက်​နေ့တွင် ဘုရင် ​လောင်ကွန်း၏ မိဖုရား​ခေါင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။[]ဘုရင်​လောင်ကွန်းသည် ​မေလ၄ရက်မှ၆ရက်​နေ့အတွင်းတွင် နန်းသိမ်းပွဲကျင်းပခဲ့သည်။လက်မှတ်​ရေးထိုးပွဲကို ဘန်​ကောက်မြို့၊ ​တော်ဝင်နန်း​တော်၌ ကျင်းပခဲ့ပြီး နှမ​တော် မင်းသမီးကြီး သီရိဒုံနှင့် ဘုရင်ခံ​ဟောင်း ပရမ်တို့က အသိသက်​သေအဖြစ် ​ဆောင်ရွက်ခဲ့ကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]