သိုးတို့၏ဆိတ်ငြိမ်မှု (ရုပ်ရှင်)
သိုးတို့၏ဆိတ်ငြိမ်မှု | |
---|---|
![]() ရုံတင်ပိုစတာ | |
ဒါရိုက်တာ | ဂျိုနသတ်ဒမ်မီ |
ထုတ်လုပ်သူ | |
ဇာတ်ညွှန်း | Ted Tally |
အခြေခံထားသည်မှာ | Thomas Harris ၏ The Silence of the Lambs |
သရုပ်ဆောင် | |
ဂီတမှူး | Howard Shore |
ဓာတ်ပုံ | Tak Fujimoto |
တည်းဖြတ် | Craig McKay |
ထုတ်လုပ်ရေး ကုမ္ပဏီ | Strong Heart Productions |
ထုတ်ဝေသူ | Orion Pictures |
ဖြန့်ချိသည့်နေ့ |
|
ကြာမြင့်ချိန် | 118 minutes[၁] |
နိုင်ငံ | United States |
ဘာသာစကား | English |
ကုန်ကျငွေ | $19 million[၂] |
Box office | $272.7 million[၂] |
ရောင်းရငွေ | $272.7 million[၂] |
သိုးတို့၏ဆိတ်ငြိမ်မှု (အင်္ဂလိပ်: The Silence of the Lambs) သည် ၁၉၉၁ ခုထွက် အမေရိကန် စိတ်ပညာဆိုင်ရာ ဘယာနကဇာတ်ကား ဖြစ်ပြီး ဂျိုနသန်ဒမ်မီ ရိုက်ကူးသည်။ ဇာတ်ညွှန်းကို တတ်တော်လီရေးပြီး စာရေးဆရာ သောမတ် ဟားရစ်၏ ၁၉၈၈ ခုထွက်ဝတ္ထုကို ဇာတ်အိမ်ယူသည်။ ဇာတ်ကားတွင် ဂျိုဒီဖော်စတာက မိန်းကလေးများကိုသတ်ကာ အရေခွံခွါတတ်သည့် စိတ္တဇလူသတ်သမား ကျွဲကြီးဘီ (တတ်လဗိုင်း) ကို လိုက်ဖမ်းသော အက်ဘီအိုင်သင်တန်းသား ကလဲရိုက်စတာလင်အဖြစ် ပါဝင်သည်။ ထိုသူကိုဖမ်းရန် စိတ်ရောဂါကုဆရာဝန်အဖြစ်မှ လူသားစား စိတ္တဇလူသတ်ကောင်အဖြစ်ပြောင်းလဲသွားသည့် ထောင်ကျနေသော ဒေါက်တာ ဟန်နီဘယ်လက်တာ (အန်တိုနီဟော့ပကင်း) ထံမှ အကြံဉာဏ်ယူသည်။
ဤဇာတ်ကားကို ၁၉၉၁ ခု၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရုံတင်ကာ တကမ္ဘာလုံးအတွက် ဒေါ်လာ ၂၇၂.၇ သန်း ရခဲ့ပြီး ကုန်ကျစရိတ်မှာ ၁၉ သန်းသာ ရှိသဖြင့် ၁၉၉၁ ခုတွင် ပဉ္စမမြောက် အမြတ်အစွန်းအများဆုံးဇာတ်ကား ဖြစ်ခဲ့သည်။