သိန်းသိန်းအေး

ဝီကီပီးဒီးယား မှ
သိန်းသိန်းအေး
နာမည်အပြည့်အစုံ သိန်းသိန်းအေး
မွေးဖွား မြန်မာ
နှစ်များ ရာထူး
၂၀၀၅ – ကွင်းလယ်ဒိုင်လူကြီး
နိုင်ငံတကာ
နှစ်များ လိဂ် ရာထူး
၂၀၀၈ – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု ကွင်းလယ်ဒိုင်လူကြီး


သိန်းသိန်းအေး သည် မြန်မာနိုင်ငံသား အမျိုးသမီးဘောလုံးဒိုင်လူကြီးတစ်ဦး ဖြစ်သည်။ သူသည် ၂၀၀၈ ခုနှစ်မှစ၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏အသိအမှတ်ပြုဒိုင်လူကြီးတစ်ဦးဖြစ်ကာ ယခုလက်ရှိတွင်လည်း ပြည်တွင်းဘောလုံးပြိုင်ပွဲများနှင့် အာရှအမျိုးသမီးဘောလုံးပြိုင်ပွဲများကို တာဝန်ယူကိုင်တွယ်လျက်ရှိနေသူတစ်ဦးဖြစ်သည်။ သူ၏ထင်ရှားသောအောင်မြင်မှုမှာ ၂၀၁၆ ခုနှစ်တွင် ပါပူအာနယူးဂီနီနိုင်ငံ ၌ကျင်းပခဲ့သော အသက် ၂၀ နှစ်အောက် အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူသည် မြန်မာနိုင်ငံဘောလုံးဒိုင်လူကြီးလောကတွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတစ်ခုကို တာဝန်ယူကိုင်တွယ်ခွင့်ရခဲ့သော ပထမဆုံးကွင်းလယ်ဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။ ထို့အပြင် သူ၏စွမ်းဆောင်ရည်များကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှဘောလုံးအဖွဲ့ချုပ် တို့မှချီးမြှင့်သော တစ်နှစ်တာအကောင်းဆုံးဒိုင်လူကြီးဆုများကို ရရှိခဲ့သူလည်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]