သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့၏ ဓာတ်တော်များ

ဝီကီပီးဒီးယား မှ
သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့၏ ဓာတ်တော်များကို ပထမဆုံး တွေ့ရှိခဲ့သည့် ဆန်ချီစေတီတော် အမှတ်(၃)

သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့၏ ဓာတ်တော်များ ဆိုသည်မှာ ဂေါတမဗုဒ္ဓ၏ လက်ယာတော်ရံ သျှင်သာရိပုတ္တရာနှင့် လက်ဝဲတော်ရံ သျှင်မောဂ္ဂလာန်တို့၏ မီးသင်္ဂြိုဟ်၍ ကျန်ရှိနေခဲ့သည့် ဓာတ်တော်များကို ဆိုလိုသည်။ အသျှင်သာရိပုတ္တရာနှင့် အသျှင်မောဂ္ဂလာန်တို့သည် ကလေးဘဝကတည်းကပင် သူငယ်ချင်းများ ဖြစ်ကြသည်။ သူတို့နှစ်ဦးသည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင်ပင် ရဟန်းဝတ်ခဲ့ကြဟာ အာသဝေါကုန်ခမ်းသည့် ရဟန္တာ ဖြစ်သွားကြသူများ ဖြစ်သည်။ ဗုဒ္ဓသည် သူတို့နှစ်ဦးအား သူ၏ လက်ယာရံ အဂ္ဂသာဝကနှင့် လက်ဝဲရံ အဂ္ဂသာဝက အဖြစ်ကြေညာခဲ့သည်။ ဤသာဝကနှစ်ဦး မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီ လအနည်းငယ်၌ပင် ရှေးခေတ်အိန္ဒိမြို့တော် ရာဇဂြိုဟ် (ပါဠိ: ရာဇဂဟ)တွင် ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့ကြပြီး မီးသင်္ဂြိုဟ်ခဲ့ကြသည်။ ဗုဒ္ဓစာပေများအရ ကျန်ရှိနေခဲ့သည့် ဓာတ်တော်များကို ထိုအချိန်အကာလ ထင်ရှားသည့် စေတီပုထိုးများတွင် ဌာပနာခဲ့ကြသည်ဟု ပါရှိသည်။ အသျှင်သာရိပုတ္တရာ၏ ဓာတ်တော်များကို ဇေတဝန်ကျောင်းတော်တွင် ဌာပနာခဲ့ကာ အသျှင်မောဂ္ဂလာန်၏ ဓာတ်တော်များကိုမူ ဝေဠုဝန်ကျောင်းတော်တွင် ဌာပနာခဲ့ကြသည်။ သို့သော်လည်း ၁၉၉၉ ခုနှစ် လက်ရှိကာလမဟုတ်သည့် ရှေးဟောင်းသုတေသနဆိုင်ရာ အစီရင်ခံမှုများတွင် ဤအချက်ကို လက်ခံခဲ့ကြသည်။ သို့သော် ၁၈၅၁ ခုနှစ်တွင် တွေ့ရှိမှုများ၌မူ ဌာပနာများကို အခြားသောနေရာများတွင် လုပ်ခဲ့ကြသည်ကို တွေ့ရှိခဲ့ကြသည်။

၁၈၅၁ ခုနှစ်တွင် ဗြိတိသျှ ရှေးဟောင်းသုတေသနပညာရှင်များ ဖြစ်ကြသည့် ဗိုလ်ချုပ် Alexander Cunningham နှင့် ကပ္ပတိန် Fredrick Maisey တို့သည် ဓာတ်တော်များသည် အိန္ဒိယမြို့တော်များဖြစ်သည့် ဆန်ချီနှင့် Satdhara ရှိ စေတီတော်များကို တူးဖော်ရာမှ ဓာတ်တော်များကို တွေ့ရှိခဲ့ကြသည်။ ပညာရှင်များက ဓာတ်တော်များကို သာဝကတို့ ပရိနိဗ္ဗာန်ပြုပြီးနောက် ရာဇဂြိုဟ် ရှိ စေတီတော်များတွင် ဌာပနာခဲ့သည်။ သို့သော် ထိုဓာတ်တော်များကို နောက်ပိုင်း အသောကဘုရင်ကဲ့သို့သော အိန္ဒိယဘုရင်တို့သည် ပြန်လည်ကာ ဖြန့်ဝေခဲ့ကြသည်ဟု ပညာရှင်တို့က မှတ်ချက်ချခဲ့သည်။ ရှာဖွေမှုများ ပြုလုပ်ပြီးနောက်တွင် Satdhara ရှိ ဓာတ်တော်များကို လန်ဒန်မြို့၊ ဗစ်တိုးရီးယားနှင့် အဲလဘတ်ပြတိုက်သို့ ၁၈၆၆ ခုနှစ်တွင် ပို့ဆောင်ခဲ့သည်။ ဆန်ချီရှိ ဓာတ်တော်များမှာမူ သင်္ဘောဖြင့် သယ်ဆောင်ရာတွင် ပျောက်ဆုံးခဲ့ရပြီး ဓာတ်တော်များအစား သဲများသာကျန်ရှိနေခဲ့သည်။ ၁၉ ရာစုနောက်ပိုင်းတွင် အာရှတိုက်တောင်ပိုင်းတွင် ဗုဒ္ဓဘာသာနိုးကြားတက်ကြွမှုများဖြစ်ပေါ်လာခဲ့ပြီးနောက်တွင် မဟာဗာဓိအဖွဲ့ကဲ့သို့ ဗုဒ္ဓဘာသာအဖွဲ့အစည်းများသည် ဗြိတိသျှအစိုးရအား ဓာတ်တော်များကို အာရှတိုက်သို့ ပြန်လည်ပေးအပ်ရန် ဖိအားပေးခဲ့သည်။ ဤသို့ သင့်တင့်လျှောက်ပတ်သည့် တောင်းဆိုမှုများကြောင့် ဗြိတိသျှအစိုးရသည် လက်ခံခဲ့ရသည်။

၁၉၄၇ ခုနှစ်တွင် ဓာတ်တော်များကို သီရိလင်္ကာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထိုဓာတ်တော်များကို ကိုလမ်ဘိုပြတိုက်တွင် နှစ်နှစ်နီးပါး ပြသထားခဲ့သည်။ ထို့နောက် ၁၉၄၉ ခုနှစ်တွင် အာရှတိုက်တစ်ဝှမ်းသို့ လှည့်လည်ကာ အပူဇော်ခံခဲ့သည်။ ထို့နောက်တွင် ဝေစုခွဲကာ ဓာတ်တော်များကို ရန်ကုန်မြို့ရှိ ကမ္ဘာအေးစေတီ၊ သီရိလင်္ကာနိုင်ငံ ကိုလမ်ဘိုမြို့ရှိ မဟာဗောဓိအဖွဲ့ဘုရားနှင့် အိန္ဒိယနိုင်ငံ၊ ဆန်ချီရှိ Chethiyagiri ဝိဟာရတို့တွင် ဌာပနာခဲ့သည်။

သာရိပုတ္တရာ ပရိနိဗ္ဗာန်ပြုပုံကို ရေးဆွဲထားသည့် ထိုင်းပန်းချီ

သာရိပုတ္တရာနှင့် မောဂ္ဂလာန်[ပြင်ဆင်ရန်]

အသျှင်မောဂ္ဂလန်ပရိနိဗ္ဗာန်ပြုပုံ သရုပ်ဖော်

အသျှင်သာရိပုတ္တရာနှင့် အသျှင်မောဂ္ဂလန်တို့သည် မြတ်စွာဘုရား၏ လက်ယာရံအဂ္ဂသာဝကနှင့် လက်ဝဲရံ အဂ္ဂသာဝကတို့ ဖြစ်သည်။ အသျှင်သာရိပုတ္တရာသည် ပညာအရာတွင် ထူးချွန်ပြီး အသျှင်မောဂ္ဂလန်သည် တန်ခိုးအရာတွင် ထူးချွန်သည်။ ဗုဒ္ဓစာပေများတွင် သူတို့နှစ်ဦးသည် ငယ်စဉ်ကလေးဘဝကတည်းက သူငယ်ချင်းနှစ်ဦး ဖြစ်ကြပြီး လူငယ်ကဘဝတွင် သူတို့သည် ကိုးကွယ်ယုံကြည်မှုကို ရှာဖွေခဲ့ကြသူများ ဖြစ်ကြသည်။ မတူညီသည့် ဆရာကြီးများထံတါင် စစ်မှန်သည့်ကိုးကွယ်ယုံကြည်မှုကို ရှာခဲ့ကြရာမှ သူတို့နှစ်ဦးသည် ဗုဒ္ဓနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်တွင် သူတို့နှစ်ဦးသည် ရဟန်းဖြစ်ခဲ့ကြပြီး မြတ်စွာဘုရားသည် သူတို့နှစ်ဦးအား လက်ယာရံနှင့် လက်ဝဲရံအဖြစ် ကြေညာခဲ့သည်။

ဗုဒ္ဓစာပေများတွင် အသျှင်သာရိပုတ္တရာနှင့် အသျှင်မောဂ္ဂလန်တို့သည် မြတ်စွာဘုရားပရိနိဗ္ဗာန်မပြုမီ လအနည်းငယ် မတိုင်မီကပင် နှစ်ဦးစလုံး ပရိနိဗ္ဗာန်ပြုခဲ့သည်။ အသျှင်သာရိပုတ္တရာသည် ရာဇဂြိုဟ် ရှိသူ၏ သူ၏အိမ်တွင်ပင် ပရိနိဗ္ဗာန်ပြုခဲ့သည်။ အသျှင်သာရိပုတ္တရာ၏ တပည့်ဖြစ်သူ စုန္ဒမထေရ် ယသည် သာဝတ္ထိပြည်ရှိ မြတ်စွာဘုရားထံသို့ ဓာတ်တော်များကို သယ်ဆောင်လာခဲ့သည်။ ထို့နောက် ဇေတဝန်ကျောင်းရှိ စေတီတစ်ခုတွင် ဌာပနာခဲ့သည်။ အသျှင်မောဂ္ဂလန်သည် ရာဇဂြိုဟ် အနီးရှိ ဂူတစ်ခုတွင် လူဆိုးတစ်စု၏ လက်ချက်ဖြင့် ပရိနိဗ္ဗာန်ပြုခဲ့ရသည်။ ဗုဒ္ဓစာပေများအရ အသျှင်မောဂ္ဂလန်၏ ဓာတ်တော်များကို ရာဇဂြိုဟ် ရှိ ဝေဠုဝန်ကျောင်းတော်တွင် စေတီတည်ကာ ဌာပနာခဲ့သည်။ ရာစုနှစ်ပေါင်းများစွာကြာပြီးနောက်တွင် အသောကဘုရင်သည် ဓာတ်တော်များကို အိန္ဒိယနိုင်ငံ မတ္တရာမြို့ (သို့) မထူရမြို့ (Mathura) မြို့တွင် တွေ့ရှိခဲ့ရသည်ဟု ရွှမ်ကျန့် (Xuanzang - ထန်ခေတ် အနောက်ဘက်သို့(မဇ္ဇိမဒေသ) ခရီးသွားခဲ့သော ဆရာတော်) က ပြောကြားခဲ့သည်။

ပျောက်ဆုံးဓာတ်တော်များကို တူးဖော်ခြင်း[ပြင်ဆင်ရန်]

၁၉၉၉ ခုနှစ်တွင် ရှေးဟောင်းသုတေသနဆိုင်ရာ အစီရင်ခံစာမဟုတ်သည်များတွင် ဗုဒ္ဓစာပေများနှင့် တရုတ်ဘုရားဖူးများ ဖော်ပြခဲ့သည့် နေရာများတွင် ဓာတ်တော်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ သို့သော် ၁၉ ရာစုတို့က ဗြိတိသျှတို့သည် ထိုသက်ဆိုင်ရာနေရာများနှင့် အခြားသောနေရာများကို ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။[၁]

ဆန်ချီရှိ ဓာတ်တော်များ[ပြင်ဆင်ရန်]

၁၈၅၁ ခုနှစ်တွင် ဗြိတိသျှရှေးဟောင်းသုတေသနပညာရှင်များဖြစ်သည့် ဗိုလ်မှူးကြီး အလက်ဇန်းဒါး ကာနင်ငန် (Alexander Cunningham) နှင့် ကပ္ပတိန် ဖရက်ဒရစ် မေစီ တို့သည် အိန္ဒိယနိုင်ငံ၊ မဇ္ဈဒေသ ပြည်နယ်၊ ဘိုပါးမြို့တော် အနီးရှိ ဆန်ချီရှိ နေရာတစ်ခုကို ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုနေရာသည် ဘီစီ သုံးရာစုရှိ ဗုဒ္ဓစေတီများစွာတည်ရှိသည့် နေရာလည်း ဖြစ်သည်။ စေတီများကို တူးဖော်မှုများပြုလုပ်ခြင်းသည် ဆာ တောမတ်စ် ဟားဘာ့တ် မဒ်ဒေါ့ (Sir Thomas Herbert Maddock) လက်ထက်မှ ပြီးဆုံးခဲ့သည်။ ဆာ တောမတ်စ်သည် စေတီတော်များ၏ အပြင်ဘက်ကို တူးဖော်ခဲ့ကြသည်။ သို့သော်လည်း အတွင်းပိုင်းကို မရောက်နိုင်ဘဲ ရှိနေခဲ့သည်။ ကာနင်ငန် နှင့် မေစီတို့သည် စေတီတော်များကို အလယ်ခေါင်မှ ထောင့်မှန်ကျတူးဖော်ခြင်းဖြင့် ဆန်ချီရှိ စေတီတော်များစွာကို အောင်မြင်စွာ တူးဖော်မှုများ ပြုလုပ်နိုင်ခဲ့သည်။ လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်း၌ ထိုနှစ်ဦးသည် စေတီတော်အမှတ် (၃) ကို တူးဖော်ခဲ့ကြသည်။ ထိုအခါတွင် နဂိုအတိုင်းမပျက်မစီးဘဲ ရှိနေသည့် အခန်းတွင် သဲကျောက်သေတ္တာနှစ်ကို တွေ့ရှိခဲ့သည်။ သေတ္တာတစ်ခုချင်းစီတွင် ကံ့ကူဆံကြုတ်တစ်ခုစီရှိကြပြီး ထိုအထဲတွင် လူသားအရိုးအပိုင်းအစများကို တွေ့ခဲ့ကြသည်။ သေတ္တာများ၏ နှုတ်ခမ်းတွင် ဗြဟ္မီဘာသာစကားဖြင့် ရေးထွင်းပြီး စာများရေးထိုးထားသည်။ မြောက်ဘက်သေတ္တာရှိ နှုတ်ခမ်းတွင် “မဟာမောဂ္ဂလန်” (မဟာမောဂ္ဂလန်၏ ဓာတ်တော်ဟု ဆိုလိုသည်) ဟု ရေးထွင်းထားပြီး တောင်ဘက်ရှိ သေတ္တာတွင် “သာရိပုတ္တရာ” (သာရိပုတ္တရာ၏ ဓာတ်တော် ဟု ဆိုလိုသည်) ဟု ရေးထွင်းထားသည်။ ထိုကြောင့် ထိုအရိုးဓာတ်တော်အပိုင်းအစများသည် အသျှင်သာရိပုတ္တရာနှင့် အသျှင်မောဂ္ဂလန်တို့၏ ဓာတ်တော်များဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဓာတ်တော်သေတ္တာများ ဆက်စပ်ကာတည်ရှိနေသည်မှာလည်း ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ရည်ရွယ်ချက်ရှိသည်။[၂][၃] ၎င်းကို Cunningham က အောက်ပါအတိုင်း ဖော်ပြခဲ့သည် -

–Sariputra and Mahamoggallana were the principal followers of the Buddha, and were usually styled his right and left hand disciples. Their ashes thus preserved after death the same positions to the right and left of Buddha which they had themselves occupied in life. — 

Alexander Cunningham, The Bhilsa Topes

–(ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့သည် ဗုဒ္ဓ၏ အဂ္ဂသာဝကကြီးများဖြစ်သည့်အပြင် လက်ယာ၊ လက်ဝဲရံများလည်း ဖြစ်ကြပေသည်။ ထို့ကြောင့်ပင် ၎င်းတို့၏ အရိုးပြာ (ဓာတ်တော်) များကို ၎င်းတို့ အသက်ရှိစဉ် ထမ်းဆောင်ခဲ့သော လက်ယာ၊ လက်ဝဲ ရာထူးအတိုင်း ပရိနိဗ္ဗာန်စံပြီးနောက် ထိုပုံစံ (လက်ယာ/ဝဲ) ဖြင့် ထိန်းသိမ်းထားရှိခဲ့သည်။) — 

အလက်ဇန်းဒါး ကာနင်ငန်သည် အသျှင်သာရိပုတ္တရာနှင့် အသျှင်မောဂ္ဂလန်တို့၏ ဓာတ်တော်များကို ရှာဖွရာတွင် ပါဝင်ခဲ့သည့် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး ဖြစ်သည်။

ကာနင်ငန်က ရှေးခေတ်ကာလ အိန္ဒိယလူမျိုးတို့သည် အရှ့ဘက်ကို မျက်နှာမူကာ ထိုင်လေ့ရှိကြသည်။ မျက်နှာမူရာ အရှေ့ဘက်ကို (ပရ-para) ၊လက်ယာဘက် တောင်ဘက်ကို (ဒက္ခိဏ-dakshina)၊ လက်ဝဲဘက် မြောက်ဘက်ကို (ဝါမ-váma) ဟု ခေါ်ဆိုခဲ့ကြသဖြင့် သာရိပုတ္တရာ၏ ဓာတ်တော်ကြုတ်သည် တောင်ဘက်တွင် မောဂ္ဂလာန်၏ ဓာတ်တော်ကြုတ်သည် မြောက်ဘက်တွင် တည်ရှိနေခြင်း ဖြစ်သည်။ ဤသည်ပင် မြတ်စွာဘုရားသည် အရှေ့ဘက်သို့ မျက်နှာမူကာ ထိုင်နေလေ့ရှိပြီး အသျှင်သာရိပုတ္တရာနှင့် အသျှင်မောဂ္ဂလာန်တို့သည် လက်ယာရံနှင့် လက်ဝဲရံတို့ဖြစ်သည့်အတွက်ကြောင့် ဓာတ်တော်များကို တောင်ဘက်နှင့် မြောက်ဘက်တွင် ထားရှိခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။[၄]

Satdhara ရှိ ဓာတ်တော်များ[ပြင်ဆင်ရန်]

ဗြိတိန်၌ ပြသထားသည်များ[ပြင်ဆင်ရန်]

၁၈၇၃ ခုနှစ်တွင် ဗစ်တိုးရီးယားနှင့် အဲဘတ်ပြတိုက်ကို သရုပ်ဖော်ထားပုံ၊ နောက်ပိုင်း၌ ဤပြတိုက်ကို South Kensington ဟု ခေါ်ခဲ့သည်။

အာရှတွင် လှည့်လည်ပူဇော်မှု[ပြင်ဆင်ရန်]

ကိုလမ်ဘိုအမျိုးသားပြတိုက် (ကိုလမ်ဘိုပြတိုက်ဟုလည်း ခေါ်)၊ ဤပြတိုက်တွင် ဗြိတိသျှမှ ဓာတ်တော်များကို ပြန်လည်ပင့်ဆောင်လာပြီးနောက် နှစ်နှစ်နီးပါး ဓာတ်တော်များ စံပယ်တော်မူကြသည်

ဗြိတိသျှမှ ဓာတ်တော်များ ပြန်လည်ပင့်ဆောင်လာပြီးနောက်တွင် သီရိလင်္ကာနိုင်ငံရှိ၊ ကိုလမ်ဘိုပြတိုက် (ယခုအခေါ် - ကိုလမ်ဘိုအမျိုးသားပြတိုက်) တွင် ဓာတ်တော်များကို ထားရှိခဲ့သည်။ ပြတိုက်သို့ ဘာသာအမျိုးမျိုးမှ လာရောက်လည်ပတ်ကြည့်ရှုသူ လူဦးရေနှစ်သန်းခန့်ရှိခဲ့သည်။[၄] ဗစ်တိုးရီးယားနှင့် အဲဘတ်ပြတိုက်တွင် မူရင်းဓာတ်တော်များကို အင်္ဂတေကြုတ်ထဲတွင် ထားရှိခဲ့၍ ပွားထားသည့် ကြုတ်များကိုသာ လွှဲပြောင်းပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၏ အကြီးတန်းကော်မရှင်က မူရင်းဓာတ်တော်များကို ပို့ဆောင်ပေးပါရန် တောင်းဆိုခဲ့ရာ ၁၉၄၈ ခုနှစ်တွင် မူလဓာတ်တော်များကို သီရိလင်္ကာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။ ဓာတ်တော်များသည် ၁၉၄၉ ခုနှစ် ကာလကတ္တားသို့ မပို့ဆောင်မီ သီရိလင်္ကာနိုင်ငံတွင် နှစ်နှစ်နီးပါး စံပယ်တော်မူခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး (Jawaharlal Nehru) က ဓာတ်တော်များကို လက်ခံရယူခဲ့ပြီး အိန္ဒိယနိုင်ငံ၏ မဟာဗောဓိအဖွဲ့အစည်းက တရားဝင်လွှဲပြောင်းပေးခဲ့သည်။ ဓာတ်တော်များကို အဖွဲ့၏ ရုံးချုပ်ရှိ ဓမ္မရာဇိကဝိဟာရတွင် ထားရှိခဲ့သည်။ နှစ်ပတ်ကြာကာလတွင် ဟိန္ဒူနှင့် မွတ်စလင် စသည့် အတောမသတ်နိုင်အောင်များပြားသည့် လာရောက်ကြည့်ရှုသူများ များပြားခဲ့သည်။ [၄]ထို့နောက်တွင် ဓာတ်တော်များကို အိန္ဒိယနိုင်ငံမြောက်ပိုင်းသို့ လှည့်လည်ကြာ အပူဇော်ခံခဲ့သည်။

၁၉၅၀ ခုနှစ်တွင် ဓာတ်တော်များကို ပို့ဆောင်ခဲ့ကာ နှစ်လကြာ ပူဇော်ခံခဲ့သည်။ ဓာတ်တော်များကို ရန်ကုန်မြို့တွင် လက်ခံထားရှိခဲ့သည်။ ထိုအချိန်သည် သီရိလင်္ကာရှိ ဗုဒ္ဓ၏ ဓာတ်တော်များအပူဇော်ခံရောက်ရှိချိန်နှင့် တိုက်ဆိုင်ခဲ့သည်။ မြို့အများစုမှ လူအများသည် ဓာတ်တော်များရောက်ရှိလာချိန်တွင် လာရောက်ဖူးမြှော်ကြသည်။ မြို့တွင် ဓာတ်တော်များ စံပယ်တော်မူစဉ်ကာလတွင်လည်း ဘုရားဖူးများသည် လာရောက်ကာ ဖူးမြော်ကြသည်မှာ အတောမသတ်နိုင်ပင် ရှိခဲ့သည်။[၅] ဒုတိယမြောက်လတွင် ဓာတ်တော်များကို မြစ်လမ်းခရီးမှတစ်ဆင့် မြန်မာနိုင်ငံအဝှမ်းသို့ လှည့်လည်ကာ အပူဇော်ခံရာ ဆိုက်ကပ်ရာအနီးအနားရှိ ရွာများမှ လူများစွာတို့သည် လာရောက်ဖူးမြော်ခဲ့ကြသည်။ မြန်မာ့သတင်းများ၏ ဖော်ပြချက်များအရ ဓာတ်တော်သို့ လာရောက်ကာ ဖူးမြော်ကြသူများထဲတွင် လူနည်းစုလူမျိုးဒေသများမှ ဘုရားဖူးများပင် ရှိခဲ့သည်။ ဓာတ်တော်များကို ဖူးမြော်နိုင်ရန် နီပေါ၊ တိဘက်နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ပို့ဆောင်ခဲ့သည်။[၄]

ပြန်လည်ကာ ဌာပနာမှုများ[ပြင်ဆင်ရန်]

မြန်မာ[ပြင်ဆင်ရန်]

ကမ္ဘာအေးဘုရား၊ ဤဘုရားတွင် ဓာတ်တော်များကို ဌာပနာထားသည်

၁၉၅၀ ခုနှစ်တွင် ဓာတ်တော်များကို မြန်မာနိုင်ငံ၌ လှည့်လည်ကာ အပူဇော်ခံပြီးနောက်တွင် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုက အိန္ဒိယအား ဓာတ်တော်များအား မြန်မာနိုင်ငံအတွက် ထာဝရကိုးကွယ်နိုင်ရန်အလို့ငှါ ခွဲဝေပေးရန် ပြောခဲ့သည်။ ထိုနှစ်ကာလာကြာပြီးနောက်ပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး က ၎င်း၏ မကြာခင်က လွတ်လပ်သည့် အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံနှင့် ချစ်ကြည်မှုပြယုဂ်တစ်ခုအဖြစ် ဓာတ်တော်များကို ခွဲဝေပေးရန် သဘောတူခဲ့သည်။ မြန်မာနိုင်ငံအတွက် ခွဲဝေပေးခဲ့သည့် ဓာတ်တော်များသည် ၁၉၅၁ ခုနှစ်တွင် ကာလကတ္တားမှ ရောက်ရှိခဲ့သည်။ ထိုရောက်ရှိခဲ့သည့် နေ့သည် ဗုဒ္ဓဆီမှ ဓာတ်တော်အချို့ရခဲသည့်နေ့နှင့် တူညီနေသည်။ ပထမဆုံးရောက်ရှိခဲ့သလိုပင် ဓာတ်တော်များ ရောက်ရှိခဲ့သည့်အခါတွင် ကြီးမားသည့် လူအုပ်ကြီးက လာရောက်ဖူးမြော်ကြသည်။ ထို့နောက်တွင် ဓာတ်တော်များကို မြန်မာနိုင်ငံအဝှမ်းသို့ လှည့်လည်အပူဇော်ခံခဲ့သည်။ ဓာတ်တော်များကို ဗိုလ်တစ်ထောင်ဘုရားအနီးတွင် တည်ရှိသည့် ဒုတိယကမ္ဘာစစ်က ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ထားသော ဗိမာန်တွင် ထားရှိခဲ့သည်။ မြန်မာနိုင်ငံတော်အစိုးရက ဗိုလ်တစ်ထောင်ဘုရားကို ပြုပြင်မွမ်းမံပြီးနောက် ထားရှိရန် မူလကရည်ရွယ်ခဲ့သော်လည်း ၁၉၅၂ ခုနှစ်တွင် ကမ္ဘာအေးဘုရားသည် ဆောက်လုပ်ပြီးစီးခဲ့သဖြင့် ဝန်ကြီးချုပ်ဦးနုက ဓာတ်တော်များကို ကမ္ဘာအေးဘုရားတွင် အပြီးတိုင် ဌာပနာရန် ဆုံးဖြတ်ခဲ့သည်။[၆]

သီရိလင်္ကာ[ပြင်ဆင်ရန်]

သီရိလင်္ကာနိုင်ငံသည်လည်း ဓာတ်တော်များကို ခွဲတမ်းရရှိခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ထိုဓာတ်တော်များကို ဆန်ချီမှ ပင့်ဆောင်လာခဲ့ပြီး ကိုလမ်ဘိုမြို့ရှိ မဟာဗောဓိအဖွဲ့တည်ရှိရာ ကျောင်းတော်တွင် ထားရှိခဲ့သည်။ ဓာတ်တော်များကို နှစ်စဉ် ဗုဒ္ဓဖွားမြင်တော်မူရနေ့တွင် အကြည်ညိုခံ ပြသထားသည်။[၇][၈] ၂၀၁၅ ခုနှစ်တွင် မဟာဗောဓိအဖွဲ့သည် နှစ်စဉ်အပူဇော်ခံပြသသည့် ပွဲတော်ရက်မဟုတ်ဘဲ အစဉ်အလာကို ချိုးဖောက်ကာ ဓာတ်တော်များကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ပြသခဲ့သည်။ ထိုအတွက်ကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။ ထိုအခါ အဖွဲ့၏ အကြီးအကဲက ၁၉၈၄ ခုနှစ်ကတည်းက ကျောင်းတော်အတွင်းသို့ ပုပ်ရဟန်းမင်းမဟုတ်သူများ လာရောက်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် “ဘာသာရေး ခေါင်းဆောင်များသည် ခွဲခြားခြင်းအစား အဖွဲ့အစည်းကို ညီညွတ်စေရန် အပြုသဘောဆောင်ကြသည်” ဟု ထပ်လောင်းကာ ဖော်ပြခဲ့သည်။[၈]

အိန္ဒိယ[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံရှိ ဓာတ်တော်များကိုမူ ၁၉၅၂ ခုနှစ်တွင် ဆန်ချီရှိ စေတီယဂီရိဝိဟာရ (Chethiyagiri Vihara) တွင် ထားရှိခဲ့သည်။ ၎င်းကို ဓာတ်တော်များအား ကောင်းမွန်စွာ ထားရှိနိုင်ရန် မဟာဗောဓိအဖွဲ့က ဆောက်လုပ်ခဲ့သည်။[၉][၁၀] ထိုဝိဟာရဆောက်လုပ်ရာတွင် Nawab of Bhopal က ထောက်ပံ့လှူဒါန်းခဲ့ပြီး မြေနေရာခွင့်ပြုမိန့်ကိုလည်း Bhopal ဒေသအစိုးရက ဆောင်ရွက်ပေးခဲ့သည်။ [၁၀] ဓာတ်တော်များကို နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ နိုင်ငံတကာဗုဒ္ဓဘာသာပွဲတော်၌ အပူဇော်ခံ ထားရှိသည်။ ၂၀၁၆ ခုနှစ်တွင် အပူဇော်ခံထားရှိမှုသို့ ထိုင်းမင်းသမီး သီရိတုံ လာရောက်ဖူးမြော်ခဲ့သည်။[၁၁][၁၂]

အမွေအနှစ်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Daulton 1999, p. 104-105.
  2. Le 2010, p. 148.
  3. Cunningham 1854, p. 297.
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ Thera၊ Nyanaponika။ The Life of Sariputta, compiled and translated from the Pali texts by Nyanaponika Thera.။ 22 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-04-26 တွင် ပြန်စစ်ပြီး။
  5. Daulton 1999, p. 111-112.
  6. Daulton 1999, p. 111-121.
  7. "Sacred Relics of Lord Buddha brought to Sirasa Vesak Zone; thousands gather to pay homage"၊ News First၊ 3 May 2015။ 1 May 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 30 September 2017။ 
  8. ၈.၀ ၈.၁ "Buddhist center breaks tradition, shows pope revered relic"၊ Catholic Philly၊ 15 January 2015။ 1 May 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 30 September 2017။ 
  9. Daulton 1999, p. 110-111.
  10. ၁၀.၀ ၁၀.၁ Maha Thera Tripitakavagisvaracarya 1892, p. 189.
  11. "Relics of the Buddha's chief disciples exhibited in Sanchi"၊ Hindustan Times၊ 27 November 2016။ 1 May 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 6 May 2017။ 
  12. "Thai princess visits Sanchi"၊ Hindustan Times၊ 22 November 2016။ Archived from the original on 6 May 2017။