သာထွန်း၊ ဦး (ရှေ့နေချုပ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရှေ့နေချုပ် ဦးသာထွန်းသည် နိုင်ငံတော်ရှေ့နေချုပ်၊ အငြိမ်းစား သံအမတ်ကြီး ဖြစ်ပြီး မြို့မကျောင်းသားဟောင်း တစ်ဦးဖြစ်သည်။ ၁၉၄၆ ခုနစ် အထွေထွေ သပိတ်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သပိတ်မှောက် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ၊ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ်၊ ဦးသန်းဆွေ (သံအမတ်ကြီး ဦးသန်းဆွေ)၊ ဦးမျိုးမြင့် (မြို့မ-ဦးသန်းကြွယ်၏ညီ၊တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် (၈) ၊ လူထု ပညာရေးမှူး)၊ ဦးမျိုးသန့် (မြို့မ-ဦးသန်းကြွယ်၏ညီ၊ ပါလီမန်ဒီမိုကရေစီ ဝန်ကြီးချုပ် ဦးနု အစိုးရ၏ သတင်း ပြန်ကြားရေးမှူး၊ မန်းနေးဂျင်း ဒါရိုက်တာ ဘီအိုစီ)၊ ဦးရဲမြင့် (ဗိုလ်ကြီးရဲမြင့်အောင်)၊ ဒေါက်တာ သန်းထွန်း (သမိုင်းပါမောက္ခ)၊ ဦးညွန့်လွင် (ဗိုလ်မှူးညွန့်လွင်)၊ သံမဏိ ဦးကျင်လှိုင် (ဆောက်လုပ်ရေး ဒုတိယ ဝန်ကြီး)၊ ဦးရန်ဝေး ၁၉၄၈ - ၄၉ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ဥက္ကဋ္ဌ ၊ ဒေါက်တာ မောင်မောင်ကျော် ၁၉၄၉ - ၅၀ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ဥက္ကဋ္ဌ ၊ ဦးစိန်လှ ၁၉၄၇ - ၄၈ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ဥက္ကဋ္ဌ ၊ ဦးရွှေတင် (ရေကြောင်းသိပ္ပံကျောင်းအုပ်ကြီး Captain ရွှေတင်) စသော ကျောင်းသားခေါင်းဆောင် များနှင့်အတူ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။ သူ၏ ဇနီးမှာ ဒေါ်ထိပ်တင်ညွန့် ဖြစ်သည်။ ဒေါ်ထိပ်တင်ညွန့် သည် ကနောင်မင်းသားကြီး၏ မြစ်တော်စပ်သည်။ နဂါးဗိုလ် ထိပ်တင်ဒွေး၏သမီးတော်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  • မြို့မကျောင်း စိန်ရတု (၁၉၂၀-၁၉၇၅) အထိမ်းအမှတ် စာစောင်နှင့် ဗဟိုပြခန်း မှတ်တမ်းဓာတ်ပုံ
  • ရန်ကုန်တက္ကသိုလ် စိန်ရတု (၁၉၂၀-၁၉၇၅) အထိမ်းအမှတ် စာစောင်နှင့် ဗဟိုပြခန်း မှတ်တမ်းဓာတ်ပုံ
  • နဂါးဗိုလ် ထိပ်တင်ဒွေး၏ရတနာသီခ ကုန်းဘောင်မဟာရာဇဝင် အကျဉ်း