သာဂတ

ဝီကီပီးဒီးယား မှ

အရှင်သာဂတထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်သာဂတထေရ် သည် ထိုအချိန်က ‘သောဘိတ’ အမည်ရသည့် ပုဏ္ဏားဖြစ်၏။ တစ်နေ့သောအခါ ပုဏ္ဏားသည် တပည့်တို့ဖြင့် မြတ်စွာဘုရား ရှိရာသို့ သွားတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပုဏ္ဏားအား တရားဟောကြားတော်မူ၏။ ထို့နောက် ပုဏ္ဏားသည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ကို ချီးမွမ်းပြောဆို၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထို့အခါပဒုမုတ္တရမြတ်စွာဘုရားသည် ပုဏ္ဏားအား ရွှင်လန်းစွာ ငါဘုရားကို ချီးမွမ်းသည့်အကျိုးကြောင့် “အာယုကပ်တစ်သိန်းတို့ပတ်လုံး နတ်ပြည်၌ ဖြစ်မည်။ ထို့နောက် တုသိတာနတ်ပြည်မှ လွန်ခဲ့ပါက ဂေါတမမြတ်စွာဘုရားထက်ထက်တွင် ‘သာဂတ’ အမည်ဖြင့် တပည့်သာဝက ဖြစ်မည်” ဟု မိန့်တော်မူ၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သာဂတထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ကုဏ္ဍဓာနဝဂ်