သဟာယစာပေဆု

ဝီကီပီးဒီးယား မှ

သဟာယစာပေဆု သည် မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်မြို့မရှိ နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် သဟာယစာကြည့်တိုက်ကို ဂုဏ်ပြုသောအားဖြင့် စာဖတ်သူ၊ စာပေမြတ်နိုးသူတစုက ၂၀၀၇ ခုနှစ်မှစတင်၍ နှစ်စဉ် ရွေးချယ်ဂုဏ်ပြုနေသော စာပေဆုတစ်ဆု ဖြစ်သည်။

ရသစာပေ မတိမ်ကောရေးနှင့် ရှင်သန်ရေးကို အထောက်အကူပြုနိုင်ရန် အဓိကရည်ရွယ်ပြီး တစ်နှစ်တာအတွင်းထွက်ရှိခဲ့သော စာအုပ်များထဲမှ တစ်အုပ်ကို ရွေးချယ်၍ ဆုချီးမြှင့်သည်။

ဆုရွေးချယ်ရာတွင် လွတ်လပ်မှုရှိခြင်း၊ လုပ်ပိုင်ခွင့်များနှင့် ချုပ်ကိုင်ထားမှုမရှိခြင်းကို ကိုယ်စားပြုလျက် ဆုရွေးချယ်သောစာအုပ်ကို နှစ်စဉ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ကြေညာပြီး ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက် (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) တွင် ကျင်းပလေ့ရှိသည်။

သဟာယစာပေဆုရစာအုပ်စာရင်း[ပြင်ဆင်ရန်]

၂၀၀၇ - ညီပုလေး - ငြိမ်သက်တမိနစ်နှင့် အခြားဝတ္ထုတိုများ

၂၀၀၈ - The Wave မဂ္ဂဇင်း

၂၀၀၉ - အတွေးအမြင်မဂ္ဂဇင်း၊ ဂျူး - သူ မင်းကို ဘယ်တော့မှ... [ပူးတွဲပေးအပ်]

၂၀၁၀ - မိုဃ်းဇော် - ကြေးစား

၂၀၁၁ - ခင်ခင်ထူး - မအိမ်ကံ

၂၀၁၂ - နှင်းဆီအောင် - လက်ယက်တွင်းနှင့်ဝတ္ထုတိုစုစည်းမှု

၂၀၁၃ - နတ်မှူး - ကြယ်စင်များ၏ ရှုမျှော်ခင်းနှင့် ဝတ္ထုတိုများ

၂၀၁၄ - ဝေ (စီးပွားရေးတက္ကသိုလ်) - နှလုံးသားပေါ်သွေးတဲ့ဓားနှင့် မဂ္ဂဇင်းဝတ္ထုတိုများ

၂၀၁၅ - စံပယ်ဖြူနု - မြောက်ဖျားက အလွမ်းရာသီ

၂၀၁၆ - အဇ္ဈတ္တ - ရင်စေ့တံခါး ဝတ္ထုတိုများ

၂၀၁၇ - ညီပုလေး - ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်

၂၀၁၈ - မိုးကျော်ဇင် - ရန်ကုန်မြစ်၏တစ်နေရာ မဂ္ဂဇင်းဝတ္ထုတိုများ

၂၀၁၉ - စိုးဘားဒိုင် - လှိုင်းကြည်ဖြူရဲ့ ပင်လယ်

၂၀၂၀ - နတ်မောက်အနီချို - လမ်းဆုံးတော့ ရွာ မဂ္ဂဇင်းဝတ္ထုရှည်များ

၂၀၂၁ - ရေအေး - ဝတ္ထုတိုများ (၂၀၀၃ - ၂၀၂၀)