သရဲဒေါက်တာ (ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ)

ဝီကီပီးဒီးယား မှ
Ghost Doctor
အမျိုးအစားစိတ်ကူးယဉ်၊ ဆေးပညာဒရမ်မာ[၁]
ရေးသားသူKim Sun-soo
ဒါရိုက်တာBoo Seong-cheol
သရုပ်ဆောင်
နိုင်ငံ တောင်ကိုရီးယား
ဘာသာစကားကိုရီးယားဘာသာစကား
အပိုင်းပေါင်း၁၆[၁]
ထုတ်လုပ်မှု
အမှုဆောင် ထုတ်လုပ်သူLee Hae-young
ပြသချိန်၆၀မိနစ်[၁]
ထုတ်လုပ်သည့် ကုမ္ပဏီ
ဖြန့်ချိသူ
  • tvN
  • TVING
  • iQiyi
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းtvN
ရုပ်ပုံအမျိုးအစား1080i(HDTV)
အသံထွက်အမျိုးအစားဒေါ်ဘီ ဒစ်ဂျစ်တယ်
မူလပြသမှုဇန်နဝါရီ ၃၊ ၂၀၂၂ (၂၀၂၂-၀၁-၀၃) – ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂ (၂၀၂၂-၀၂-၂၂)
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်
ထုတ်လုပ်မှု ဝက်ဘ်ဆိုဒ်

သရဲဒေါက်တာ (အင်္ဂလိပ်: Ghost Doctor) သည် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်သည်။ ရိန်း၊ ဂင်မ်ဘမ်း၊ ယူရီးနှင့် ဆွန်းနာအွန်းတို့က အဓိကသရုပ်ဆောင်ထားကာ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၃ရက်နေ့မှ ဖေဖော်ဝါရီ ၂၂ရက်နေ့အထိ tvN ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။ ထို့အပြင် TVING၊ iQiyi နှင့် Viu တို့မှလည်း ကြည့်ရှုနိုင်ခဲ့သည်။

အနှစ်ချုပ်[ပြင်ဆင်ရန်]

ဇာတ်လမ်းသည် စရိုက်နှင့် အရည်အချင်းမတူညီသော ဆရာဝန်နှစ်ဦးကို အဓိကရိုက်ကူးထားသော သဘာဝလွန် ဇာတ်လမ်းတွဲဖြစ်သည်။ မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်သော ခွဲစိတ်ဆရာဝန် ချာယောင်းမင်းသည် မတော်တဆမှုဖြစ်ပွားခဲ့ပြီး ၎င်း၏ဝိဉာဉ်သည် စာတွေ့တွင်တော်ပြီး လက်တွေ့တွင် အဆင်မပြေသော ဆရာဝန် ဂိုဆွန်းထက်၏ ခန္ဓာကိုယ်ကို ပူးကပ်ဝင်ရောက်နိုင်ခဲ့သည်။ ထိုမှတဆင့် ၎င်းတို့၏ အဖြစ်အပျက်များကို ရိုက်ကူးထားသည်။

ရိုက်ကူးခြင်း[ပြင်ဆင်ရန်]

အဓိကသရုပ်ဆောင်များ[ပြင်ဆင်ရန်]

  • ရိန်း — ချာယောင်းမင်း
  • ဂင်မ်ဘမ်း — ဂိုဆွန်းထက်
  • ယူရီး — ဂျန်ဆယ်ဂျင်း
  • ဆွန်းနာအွန်း — အိုဆူဂျောင်း

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Ghost Doctor (2022)။ December 20, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. ၂.၀ ၂.၁ Bae Hyo-joo (January 23, 2022)။ '고스트 닥터' 정지훈-김범, 톰과 제리 같은 케미 (in ko)။ Newsen။ January 23, 2022 တွင် ပြန်စစ်ပြီး။