သမာဓိရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
Samadhi Buddha statue at Mahamevnāwa Park in Anuradhapura, Sri Lanka.

သမာဓိရုပ်ပွားတော် သည် သီရိလင်္ကာနိုင်ငံ၊ အနုရာဒပူရမြို့၊ Mahamevnāwa ဥယျာဉ်တွင် တည်ရှိသည့် ထင်ရှားသော ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ Dhyana မုဒြာပုံစံ ပထမဆုံးဘုရားဖြစ်တော်မူချိန် တရားထိုင်နေဟန် ရုပ်ပွားတော် ဖြစ်သည်။ အမြင့် ၇ ပေ ၃ လက်မ ရှိပြီး dolomite marble စကျင်ကျောက်ကို ထွင်းထုထားသည်။ ၁၈၈၆ ခုနှစ်တွင် ရုပ်ပွားတော်ကို Mahamevnāwa ဥယျာဉ်တွင် တွေ့ရှိခဲ့သည်။ ဤရုပ်ပွားတော်သည် ခေတ်ကာလတူသည့် တိုလုဝိလရုပ်ပွားတော် (Toluvila statue) နှင့် ဆင်တူသည်။ သမာဓိရုပ်ပွားတော် Gupta ခေတ်ကာလက ဗုဒ္ဓရုပ်ပွားတော်များနှင့် ဆင်တူပြီး မူလရုပ်ပွားတော်သည် ရွှေချထားပြီး မျက်လုံးတော်မှာလည်း အဖိုးထိုက်သည့် ကျောက်မျက်ရတနာဖြင့် ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသည်။[၁] ဤရုပ်ပွားတော်သည် ဗောဓိပင်ကျောင်းတော် ပတ်ဝန်းကျင်တွင်တည်ရှိသည့် ရုပ်ပွားတော်လေးခုအနက်မှ တစ်ခု ဖြစ်သည်။ [၂]ဤရုပ်ပွားတော်သည် အကောင်းပကတိအတိုင်း အပျက်အစီးများစွာမရှိသည့် တစ်ခုတည်းသော ရုပ်ပွားတော်လည်း ဖြစ်သည်။

ရုပ်ပွားတော်ကို ၄ - ၆ ရာစုက တည်ထားခဲ့သည်။ ဤရုပ်ပွားတော်ကို သီရိလင်္ကာရှိ အကောင်းဆုံးဗုဒ္ဓရုပ်ပွားတော်တစ်ဆူ အဖြစ် သတ်မှတ်ကြသည်။ အိန္ဒိယဝန်ကြီးချုပ် သီရိလင်္ကာသို့ လာရောက်ခဲ့စဉ်က ဤရုပ်ပွားတော်၏ ပုံစံတူ ကျွန်းသားဖြင့် ပြုလုပ်ထားသည့် ရုပ်ပွားတော်ကို လက်ဆောက်အဖြစ် ပေးခဲ့သည်။[၃][၄]


အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည့် Jawaharlal Nehru သည် Dehradun ထောင်အတွင်းရှိစဉ်က ဤရုပ်ပွားတော်၏ ဓာတ်ပုံကို ထားရှိကာ ကြည်ညိုခဲ့သည်။ သူသည် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာသည့်အခါတွင် ရုပ်ပွားတော်အစစ်ကို ကြည်ညိုရန် အနုရာဒပူရသို့ လာရောက်ခဲ့သည်။[၅]

President Maithripala presented PM Narendra Modi the Samadhi Buddha replica. 2019
Boy with Samadhi Buddha, Anuradhapur, 1870

၂၅ ပေရှိသည့် ရုပ်ပွားတော်၏ ပုံစံတူ ရုပ်တုကို ရဟန်းတစ်ပါးဖြစ်သည့် Embulawitiya Medhananda Thero က ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ ကဖန့်ကလင်မြို့ရှိ နယူးဂျာစီဗုဒ္ဓဝိဟာရနှင့် တရားစင်တာ ((NJBV) တွင် ထားရှိခဲ့သည်။ ဤရုပ်ပွားတော်သည် ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသားတစ်ခု ဖြစ်သည်ဟု မြို့ကောင်စီက ဆိုခဲ့သည်။[၆]

Kurunegala, Rambodagalla ရှိ သမာဓိရုပ်ပွားတော်[ပြင်ဆင်ရန်]

ဘာမီယံ ဗုဒ္ဓရုပ်ပွားတော် ပျက်စီးမှုကို တန်ပြန်သည့်အနေဖြင့် ၂၀၀၁ ခုနှစ်တွင် Kurunegala ရှိ Rambodagalla ၌ သမာဓိဗုဒ္ဓရုပ်ပွားတော်ကို စတင်ပြုလုပ်ခဲ့သည်။ ဤရုပ်ပွားတော်ကို အိန္ဒိယလူမျိုး ပန်းပုပညာရှင် Muthu Muthiah Sathapathi က ဦးဆောင်ကာ ကျောက်ဆောင်ကို ထွင်ထုကာ ပြုလုပ်ခဲ့သည်။ ၆၇.၅ ပေ မြင့်ပြီး ၁၃ နှစ်အကြာတွင် ပြီးစီးခဲ့သည်။[၇] ၎င်းရုပ်ပွားတော်၏ ပုံစံသည် အနုရာဒပူရရှိ သမာဓိရုပ်ပွားတော်၏ ပုံစံကိုယူကာ ပြုလုပ်ထားသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 8°22′12″N 80°23′53″E / 8.36987°N 80.39817°E / 8.36987; 80.39817

ကိုးကား[ပြင်ဆင်ရန်]