သမန္တဇာစေတီတော်

ဝီကီပီးဒီးယား မှ

သမန္တဇာစေတီတော် သည် မုံရွာခရိုင်အမြင့်မြို့ပေါင်းဝရွာတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၈၆၄ ခုနှစ်တွင် ဖြစ်၏။ အသင်္ခယာစောယွမ်း၏ နောင်တော်ဖြစ်သူ တရဖျားကြီးသည် ညီတော်၏ မိဖုရားဖြစ်သူ ယင်းယမိဖုရားကို ယူကာ မင်းပြု၏။ သက္ကရာဇ် ၆၉၈ ခုနှစ်တွင် သားတော်တောင်တက်မင်းသားသည် မိဖုရားငယ်များနှင့် တိုင်ပင်၍ ထီးနန်းကို ပြန်လည်ရယူခဲ့သည်။ ခမည်းတော်ကိုမူ ဖမ်းဆီးခဲ့သည်။ ထိုအခါ အသင်္ခယာစောယွမ်း၏ မိဖုရားဖြစ်သူနှင့် သားတော်သမီးတော်တို့သည် ထွက်ပြေးရာ သမန္တဇာဘုရားသို့ ရောက်လေသည်။

ထိုအချိန်တွင် သားတော် ကျစွာမင်းသည် ခြေထောက်နာကျင်သဖြင့် ဘုရားရှေ့သို့ မဝင်နိုင်ဘဲ ရှိ၏။ ထိုအခါ မယ်တော်သည် သားတော်၏ ဝတ်ရုံကို ယူကာ စေတီတော်တွင် လှူ၏။ ထီးနန်းရရှိပါက အလှူကောင်းမှုပြုရန် အဓိဋ္ဌာန်လေသည်။

ထို့နောက်တွင် အမတ်ကြီး နန္ဒပကြံက ကျစွာမင်းသားကို ဝှက်ထားခဲ့သည်။ ၇၀၁ ခုနှစ်တွင် ဘိသိက်သွန်းကာ မင်းမြှောက်သဖြင့် ကျစွာမင်းဟု ထင်ရှားခဲ့သည်။ ထိုအခါ အဓိဋ္ဌာန်ခဲ့သည့်အတိုင်း ၇၀၅ ခုနှစ်တွင် မင်းကြီးနှင့် မယ်တော်သည် သမန္တဇာစေတီတော်ကို ရွှေသင်္ကန်းကပ်ခဲ့သည်။ ဝတ္တုကံမြေကိုလှူဒါန်း၍ ကျောက်စာရေးထိုးကာ စိုက်ထူခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၁၄၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်နေ့တွင် အမရပူရမြို့တည် ဆင်ဖြူရှင်မင်းသည် ဝတ္တကံမြေများကို ဆက်လက်၍ ရေစက်ချကာ လှူခဲ့သည်။ ကျောက်စာအသစ်လည်း ထိုးခဲ့ပြန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၆၄၊ ၂၆၅။