သဗျာ
Windowpane oyster | |
---|---|
A cleaned shell of the capiz ready for processing, with the V-shaped ligament ridge showing | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Mollusca |
မျိုးပေါင်း: | Bivalvia |
မျိုးစဉ်: | Pectinida |
မျိုးရင်း: | Placunidae |
မျိုးစု: | Placuna |
မျိုးစိတ်: | P. placenta
|
ဒွိနာမ | |
Placuna placenta |
သဗျာ (အင်္ဂလိပ်: Windowpane oyster; (Placuna placenta)) သည် ခရုကောင် အမျိုးအစားထဲတွင် ပါဝင်သော အခွံမာနှစ်ခြမ်းဖွင့်ပိတ်ရသော ကမာကဲ့သို့သောသတ္တဝါဖြစ်သည်။ ကမာကောင်ကဲ့သို့ပင် အသားကိုစား၍ရသော်လည်း အခွံကိုလို၍ ဖမ်းဆီးခံရမှု ပိုများသည်။ သဗျာခွံသည် ကမာခွံကဲ့သို့ အနည်းငယ်မျှ မခုံးဘဲ ပြားချပ်ပါးလှပ်နေသည် ဟု ဒေသခံများက ဆိုစမှတ်ပြုသည်။ သဗျာခွံကို အလှအပအဆင်တန်ဆာ၊ လက်ဝတ်ရတနာအဖြစ်သာ မကဘဲ ပြတင်းတံခါးချပ် အနေဖြင့်ပါ အသုံးပြုခဲ့ကြသည်။ ကမာခွံထက် ပိုပါးလွှာ၍ အလင်းမှုန်ပေါက်ရောက်မှု ပိုများသဖြင့် မီးအိမ် မီးဆိုင်း ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။[၁]
မြန်မာနိုင်ငံတွင် ငရုတ်ကောင်းကျွန်းနှင့် မော်တင်စွန်းအနီးရှိ ဟိုင်းကြီးကျွန်းအနီး နွံပေါများရာဒေသများတွင် တွေ့ရှိနိုင်သည်။ ရခိုင်ပြည်နယ်ဘက်တွင်လည်း တွေ့ရှိနိုင်သည် ဟု သိရသည်။[ကိုးကားချက်လိုသည်]
အာဖရိကတိုက် ယီမင်နိုင်ငံ အေဒင်ပင်လယ်ကွေ့မှသည် ဖိလစ်ပိုင်ကျွန်းစုများအထိ အများအပြားတွေ့ရသည်။ ၎င်းဒေသရှိ ကာပိဇ်ပြည်နယ်သည် သဗျာဖြင့် ပြုလုပ်သော ကုန်ပစ္စည်းအများအပြားထွက်ရာဒေသအဖြစ် ကျော်ကြားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Fisheries and aquaculture of window-pane shells". Malacological Society of London. Retrieved on 2011-10-23.