သန်းသန်းထွေး (ဘောလုံးသမား)

ဝီကီပီးဒီးယား မှ
သန်းသန်းထွေး
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ သန်းသန်းထွေး
မွေးသက္ကရာဇ် (1986-07-24) ၂၄ ဇူလိုင်၊ ၁၉၈၆ (အသက် ၃၇)
မွေးရပ်ဇာတိ ညောင်တုန်းမြို့နယ်မြန်မာနိုင်ငံ
ကစားသည့်နေရာ အလယ်တန်း
နိုင်ငံကိုယ်စားပြုအသင်း
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၀၉– ၂၀၁၅ မြန်မာ ၈၀ (၂၀)

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ၁ အောက်တိုဘာလ ၂၀၁၅ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

သန်းသန်းထွေးသည် အနားယူသွားပြီဖြစ်သော မြန်မာအမျိုးသမီး ဘောလုံးလက်ရွေးစင်တစ်ဦးဖြစ်ပြီး မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းမှ အလယ်တန်းကစားသမားတစ်ဦးလည်း ဖြစ်သည်။ သူမသည် မြန်မာအမျိုးသမီး ဘောလုံးအသင်းအတွက် ၁၅ နှစ်မျှကစားပေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အသက်အရွယ် ကြီးမြင့်လာပြီဖြစ်သဖြင့် အနားယူခဲ့သည်။ သူမသည် သူမ၏ တိကျသော အဝေးကန်ချက်များကြောင့် ထင်ရှားသည်။ သူမသည် သူမ၏ နောက်ဆုံးဂိုးအား တရုတ်တိုင်ပေအသင်းနှင့် ၂၂ စက်တင်ဘာလ ၂၀၁၅ တွင်ကစားခဲ့သော ၂၀၁၅–၁၆ အာရှအမျိုးသမီး အိုလံပစ်ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် သွင်းယူခဲ့သည်။ သန်းသန်းထွေးသည် မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးသမား ကျော်ကိုကိုနှင့်အတူ HIV/AIDS ရောဂါ အသိပညာတိုးပွားရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Roebuck၊ Matt။ "Footballers assist HIV awareness campaign"၊ Myanmar Times၊ 30 March 2014။ 9 July 2015 တွင် ပြန်စစ်ပြီး 

ပြင်ပလင့်များ[ပြင်ဆင်ရန်]