သန်းသန်းဆင့် (အဆိုတော်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သန်းသန်းဆင့်သည် မြန်မာသံစဉ် သီဆိုသော အဆိုတော် တေးသံရှင်တစ်ဦးဖြစ်သည်။၁၉၄၄ခုနှစ်၊​အောက်တိုဘာလတွင် အဖ ဦးသန်းနိုင်နှင့် အမိ ဒေါ်ကြည်တို့မှ ဧရာဝတီတိုင်းဒေသကြီးကျိုက်လတ်မြို့၌ မွေးဖွားသည်။ ၁၉၅၈-ခုနှစ်တွင် ဂီတလောကထဲသို့ ဝင်ရောက်လာပြီး စိန်ဝေလျှံဂီတာတင်အုံးတို့ထံတွင် တပည့်ခံ သင်ကြားရင်း ချိန်ဆည်းဆာ နှင့် အကိုကြီးရယ် စိုးရိမ်မိတယ် သီချင်းများကို စတင် အသံလွှင့်ခဲ့သည်။ အကိုကြီးရယ် စိုးရိမ်မိတယ် သီချင်းကို သစ်ဆန်းအဖွဲ့မှ ဂီတာတင်အုံးက ရေးစပ်ပြီး သူမအတွက် တေးသံရှင်အဖြစ် ထင်ပေါ်စေသည့် သီချင်းတစ်ပုဒ် ဖြစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ယဉ်ကျေးမှုဌာန၌ ဝင်ရောက်အမှုထမ်းခဲ့သည်။


သူ၏ အောင်မြင်ကျော်ကြားသော တေးအချို့မှာ ဆီမလူးတဲ့ ပေဖူးလွှာ၊ ညောင်ရေသဘင်၊ ရွှေဘုံမှာ စံချင်သူပါ၊ မလေးလက်ခတ်သံ၊ သဘင်သည်မလေးနှင်းဆီ၊ ဝိုင်းဝိုင်းလည်၊ တုံ့လှည့်မေတ္တာ၊ ချိန်ဆည်းဆာ စသည့်သီချင်းများ ဖြစ်သည်။ ဝိုင်းဝိုင်းလည်တေးသည် အငြိမ့်မင်းသမီးဘဝကို ပုံဖော်ထားသော တေးဖြစ်၍ မြန်မာ့အသံက မကြာခဏ ထုတ်လွှင့်ပေးနေရသော နာမည်ကျော် တေးတစ်ပုဒ် ဖြစ်သည်။


၁၉၆၀-ခုနှစ်တွင် ရုပ်ရှင်လောကသို့ ကူးပြောင်းခဲ့ပြီး ရွှေထုတ်တဲ့ မြပုဝါ သည် သူ၏ ပထမဦးဆုံး သရုပ်ဆောင်သည့် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ဆက်လက်၍ အရိုင်းစံပယ်၊ အချစ်နှင့် စစ်၊ မှားတဲ့အခါလဲ မှားပေမပေါ့၊ အောင်ပင်လယ် စသည့်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။၁၉၈၈ခုနှစ်၊ဇူလိုင်လ ၁ရက်​နေ့တွင် ကွယ်လွန်သည်။[၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. တေး-၁၀၀၀ စာအုပ်မှ
  2. တင်နိုင်တိုး၏ ပါလီမန်​ခေတ်ထင်​ပေါ်​​​​ျော်ြကားမြန်မာအမျိုးသမီးများစာအုပ်မှ