မာတိကာသို့ ခုန်သွားရန်

သဒိသံ ပါကံ ဇနေတိ

ဝီကီပီးဒီးယား မှ

သဒိသံ ပါကံ ဇနေတိ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“သဒိသံ ပါကံ ဇနေတိ” ဆိုသည်မှာ ပါဠိစကားဖြစ်ပြီး “သဒိသံ” (တူသော)၊ “ပါကံ” (အကျိုးကို)၊ “ဇနေတိ” (ဖြစ်စေ၏) ဟု အဓိပ္ပာယ်ရသည်။ “ကံတူ အကျိုးပေး” နှင့် အတူတူဖြစ်သည်။ ဆိုလိုသည်မှာ မိမိပြုလုပ်ခဲ့သော ကံအပေါ်မူတည်၍ တူညီသော အကျိုးကို ခံစားရမည်ဟု ဆိုလိုသည်။ ကောင်းသောကံ ပြုလုပ်ပါက ကောင်းကျိုးကို ခံစားရမည်ဖြစ်ပြီး မကောင်းသောကံ ပြုလုပ်ပါက မကောင်းသော အကျိုးကို ခံစားရမည်ဖြစ်သည်။ ဤဆိုရိုးစကားသည် ဗုဒ္ဓဘာသာ၏ ကံနှင့် အကျိုးပေးခြင်း သဘောတရားကို အဓိကထား ဖော်ပြသည်။ “ကံတူ အကျိုးပေး” ဟုလည်း အသုံးပြုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ယခုကာလသူများ၏ သဒ္ဓါတရားတွေကတော့…စေတနာအားလျော်စွာ အကျိုးပေးရပြန်သောကြောင့် သဒိသံ ပါကံ ဇနေတိ ဟူသော စကားအရအကျိုးနုံ အကျိုးမွဲ အကျိုးကော်စေးနှဲ အကျိုးဆင်းရဲတွေ ပေးဦးမှာပဲ၊" []
  • "အတိတ်ကံပဲ ဖြစ်ဖြစ်၊ ပစ္စုပ္ပန်ကံပဲ ဖြစ်ဖြစ် သဒိသံ ပါကံ ဇနေတိ ဆိုတဲ့အတိုင်း ကံဆိုတာ တူတဲ့အကျိုးကို ပေးတတ်တယ်။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၈၆] ဒေတိ။ ၁၄။
  3. [၁၃၂၂] ပြည်တိ။ ၄၅။