ကံတူ အကျိုးပေး
ကံတူ အကျိုးပေး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁] သဒိသံ ပါကံ ဇနေတိ နှင့် အတူတူဖြစ်သည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ကံတူ အကျိုးပေး ဆိုသည်မှာ မိမိပြုလုပ်ခဲ့သော ကောင်းမှု မကောင်းမှုနှင့် တူညီသော ကောင်းကျိုး ဆိုးကျိုးကို ရရှိခြင်းကို ဆိုလိုသည်။ ဤဆိုရိုးစကားတွင် အဓိပ္ပာယ် နှစ်မျိုး ပါဝင်နိုင်သည်ကို တွေ့ရှိရသည်။
၁။ မိမိပြုလုပ်ခဲ့သော ကောင်းမှု မကောင်းမှုနှင့် တူညီသော ကောင်းကျိုးဆိုးကျိုးကို ရရှိခြင်း။ ဆိုလိုသည်မှာ ကောင်းသော အပြုအမူ (ကုသိုလ်) ပြုလုပ်ပါက ကောင်းကျိုး (ချမ်းသာသုခ) ကို ခံစားရမည်ဖြစ်ပြီး၊ မကောင်းသော အပြုအမူ (အကုသိုလ်) ပြုလုပ်ပါက ဆိုးကျိုး (ဆင်းရဲဒုက္ခ) ကို ခံစားရမည်ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ ကံ၊ ကံ၏ အကျိုးပေးတရားကို ထင်ဟပ်စေသည်။
၂။ ပြုခဲ့သော ကောင်းမှု မကောင်းမှု ကံချင်း တူကြသဖြင့် ကောင်းကျိုး ဆိုးကျိုး ခံစားရာ၌ တူကြခြင်း။ ဆိုလိုသည်မှာ လူနှစ်ဦး သို့မဟုတ် အများအပြားသည် အတိတ်ဘဝများတွင် ပြုခဲ့သော ကံတူညီမှုကြောင့် ယခုဘဝတွင် တူညီသော အခြေအနေများ၊ အတွေ့အကြုံများကို ကြုံတွေ့ရခြင်းဖြစ်သည်။ ဥပမာအားဖြင့် လူနှစ်ဦးစလုံးသည် အတိတ်ဘဝက ရက်ရောသော ဒါနကုသိုလ် ပြုခဲ့ပါက ယခုဘဝတွင် ချမ်းသာကြွယ်ဝခြင်းကို တူညီစွာ ခံစားရနိုင်သည် သို့မဟုတ် လူနှစ်ဦးစလုံးသည် အတိတ်ဘဝက သူတစ်ပါးကို ဒုက္ခပေးခဲ့ပါက ယခုဘဝတွင် ဆင်းရဲဒုက္ခကို တူညီစွာ ခံစားရနိုင်သည်ဟု ဆိုလိုသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး လျှောက်ထားသည်မှာ ကံတူ အကျိုးပေးပေါ့ဘုရား၊ကံပစ်ချရာ ခံရစမြဲပေါ့၊ ကံဘုံကံနယ်ထဲက မလွတ်ကြသေးဘဲကိုး၊ ဆရာတော်မှာတော့ ကုသိုလ်ကံကောင်းပါပေရဲ့၊ တခြား မသွားရဘဲနှင့် ကိုယ့်မြို့ကိုယ့်ရွာမှာ နေ၍ စာတတ်ရတယ်၊ တပည့်တော်မှာတော့ ကိုယ့်မြို့ကိုယ့်ရွာက ခွာပြီး မန္တလေးမြို့တက်၍ အပင်ပန်းဒုက္ခခံပြီး စာသင်ယူ ရပါတယ်။ [၂]
- မင်းနှင့် ငါသည် ကံတူ အကျိုးပေး ဆိုဘိသကဲ့သို့၊ [၃]
- အင်း…ကံတူ အကျိုးပေးဆိုတာလို ဖြစ်နေပါကလား မအုံးရယ်၊ ကျုပ်မှာလည်း မအုံးလို အပူသည်ပဲ၊ [၄]
- ခင်ဗျားနှင့်ကျွန်တော် ကံတူအကျိုးပေးထင်ပါရဲ့၊ ကျွန်တော့်မှာလည်း စပါးတွေက သောက်သောက်လဲ ရှုံးတာပဲ၊ [၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၂၈၈] လယ်တီ။ ၁၅၈။ ကိုးကား အမှား - Invalid parameter "'leti158" in
<ref>tag. The supported parameters are: details, dir, follow, group, name. - ↑ [၁၂၆၇] စကား၊ ပ။ ၆၃။ ကိုးကား အမှား - Invalid parameter "'sakapa63" in
<ref>tag. The supported parameters are: details, dir, follow, group, name. - ↑ [၁၂၈၀-ခန့်] ပီဝတ္ထု။ ၂၆၈။ ကိုးကား အမှား - Invalid parameter "'pewuttu268" in
<ref>tag. The supported parameters are: details, dir, follow, group, name. - ↑ [၁၂၉၇] ကျိုးဆောင်။ ၁၂၆။ ကိုးကား အမှား - Invalid parameter "'kyosaung126" in
<ref>tag. The supported parameters are: details, dir, follow, group, name.