သစ်တောက်နီ

ဝီကီပီးဒီးယား မှ
Blythipicus pyrrhotis
Bay Woodpecker Blythipicus pyrrhotis Mizoram (2).JPG
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Piciformes
မျိုးရင်း: Picidae
မျိုးဇာတ်: Campephilini
မျိုးစု: Blythipicus
မျိုးစိတ်:
B. pyrrhotis
ဒွိနာမ
Blythipicus pyrrhotis
(Hodgson, 1837)

သစ်တောက်နီ သည် အနီရင့်ရောင်ဖြစ်ပြီး အပေါ်ပိုင်းတွင် အနက်စင်းများ ရှိသည်။ နှုတ်သီးမှာ အနက်ရောင်ဖြစ်သည်။ အဖိုများတွင် အနီရောင် ပါးစုန့်ကွက် ရှိသည်။ ကိုယ်အလျား ၁၂ လက္မခန့် ရှိသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၀၀၀ အထိ မြေပြန့်လွင်ပြင်နှင့် တောင်ခြေရှိ သစ်တောများတွင် တွေ့ရသည်။ သစ်ပင်ပေါ်နှင့် မြေပြန့်တွင် ပရွက်ဆိတ်နှင့် ခြများကို စားသောက်သည်။ နှာမှုတ်သံဖြင့် ကျွိ ကျွိ ကျွိ ဟု ခေါ်သံပေးသည်။ ဖေဖော်ဝါရီလနှင့် ဇွန်လအတွင်း သားပေါက်သည်။ ဌာနေငှက် ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Blythipicus pyrrhotis". IUCN Red List of Threatened Species 2012. IUCN. 
  2. ကျော်ညွန့်လွင်; ခင်မမသွင် (၂၀၀၃)။ မြန်မာနိုင်ငံ ငှက်များ။ ချိုတေးသံစာပေ။ pp. ဍ။