သစ်တောက်ကုပ်ဝါ

ဝီကီပီးဒီးယား မှ
Chrysophlegma flavinucha
Subspecies Picus flavinucha kumaonense from Uttarakhand, India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Piciformes
မျိုးရင်း: Picidae
မျိုးဇာတ်: Picini
မျိုးစု: Chrysophlegma
မျိုးစိတ်:
C. flavinucha
ဒွိနာမ
Chrysophlegma flavinucha
Gould, 1834
Synonyms

Picus flavinucha

သစ်တောက်ကုပ်ဝါ (Chrysophlegma flavinucha)[၂] သည် အဝါရောင် အမောက်၊ နီညိုရောင်ဦးရစ်နှင့် စိမ်းဖန့်ဖန့် အရောင်ရှိ ငှက်ဖြစ်သည်။ အရှေ့တောင်အာရှဒေသ၊ ဆူမတြာကျွန်းနီပေါနိုင်ငံဟိမဝန္တာ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့တွင် တွေ့ရှိရသည်။ အဖိုများမှာ အောက်ခြေ ကြောင်ကျားကျားနှင့် အဝါရောင် လည်ချောင်းရှိသည်။ အမများမှာ ကြောင်ကျားကျား လည်ချောင်းနှင့် နီညိုရင့်ရောင် ပါးစုန့်ကွက်ရှိသည်။ ကိုယ်အလျား ၁၃လက္မခွဲခန့် ရှိသည်။ ပေ ၉၀၀၀ ထိသစ်တောများတွင် တွေ့ရသည်။ သစ်ပင်ထိပ်ဖျားတွင် ကျက်စားသကဲ့သို့ အောက်ခြေတောများတွင်လည်း ကျက်စားသည်။ မြေပြင်ပေါ် ဆင်းသက်ခဲသည်။ ရာသက်ပန် ဖိုမစုံတွဲနေသည်။ ကွီး..ကွီး..ကွီး..ကွီး..ကွီ..ကွီ..ဝီ..ဝီ..ဝပ် ဟု အရှိန်မြှင့်ကာ ခေါ်သံပေးသည်။ ဖေဖော်ဝါရီလမှ မေလအတွင်းသာ သားပေါက်သည်။ ဌာနေငှက် ဖြစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Chrysophlegma flavinucha". IUCN Red List of Threatened Species 2012. IUCN. 
  2. "Chrysophlegma flavinucha" . IUCN Red List of Threatened Species. IUCN. 
  3. ကျော်ညွန့်လွင်; ခင်မမသွင် (၂၀၀၃)။ မြန်မာနိုင်ငံ ငှက်များ။ ချိုတေးသံစာပေ။ pp. ဍ။