သင်း (အဝတ်အစား)

ဝီကီပီးဒီးယား မှ
သင်းအဝတ်အစားဝတ်ဆင်ထားသည့်လာအိုအမျိုးသမီးများ

သင်း ( လာအို: ສິ້ນ, လာအိုအသံထွက်: [sȉn] ; ထိုင်း: ซิ่น , RTGSsin, ထိုင်းအသံထွက်: [sîn] ; Tai Nuea : ᥔᥤᥢᥲ) သို့ ( ထိုင်း: ผ้าซิ่น, RTGSpha sin ), သည် ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ထိုင်းအမျိုးသမီးများဝတ်ဆင်လေ့ရှိသော လာအိုနှင့် ထိုင်း အမျိုးသမီးများဝတ်ဆင်ကြသော ရိုးရာအ၀ တ်အထည်ဖြစ်သည်။ ဤအဝတ်အစား၏ ပုံစံကိုကြည့်ခြင်းဖြင့် ဘယ်ဒေသကလာသည်၊ ဘယ်အရပ်ကလာသည်ကို ကောင်းစွာသိနိုင်သည်။ ထိုင်းနိုင်ငံတွင် ယခုအခါ သင်းအဝတ်အစားကို အထူးပွဲများတွင် ဝတ်ဆင်လေ့ရှိလာကြပါပြီ။ သို့သော်လာအိုတွင် သင်းအဝတ်အစားကိုနေ့စဉ်ပုံမှန်ပုံမှန်ဝတ်ဆင်ကြသည်။[ကိုးကားချက်လိုသည်]

ဆက်စပ်ပစ္စည်းများ[ပြင်ဆင်ရန်]

ပုံမှန် တိုင်ယွမ်သင်းအထည်

သင်းထည်သို့ သင်း (အဝတ်အစား)ကို ပုံမှန်အားဖြင့် အစိတ်အပိုင်းသုံးမျိုးဖြင့်ဖွဲ့စည်းထားသည်။

ချည်ထည်[ပြင်ဆင်ရန်]

သင်း (အဝတ်အစား)ကို ပိုးထည် သို့မဟုတ်လက်လုပ်ချည် ဖြင့်ပြုလုပ်ကြသည်။ သူတို့၏ရိုးရာဝတ်စုံများတွင် ဒီဇိုင်းကာလာဖွဲ့စည်းတည်ဆောက်ပုံသည် ဒေသအလိုက်အမျိုးမျိုးဖန်တီးယူကြသည်။အထူးသဖြင့်နာမည်ကြီး ရက်ကန်းသမားများကဖန်တီးလျှင် အကောင်းစားပိုးထည်များသည် အဝတ်တစ်စလျှင် ဘတ် ၅၀၀၀၀ ကျော်တန်ဖိုးရှိသည်။ ဈေးသက်သာသည့်အထည်များသည် ဘတ် ၃၀၀၀ ခန့်ကုန်ကျပါသည်။ [၁]

ပြခန်း[ပြင်ဆင်ရန်]

ကြည့်ရှုပါ[ပြင်ဆင်ရန်]

  1. Template error: argument title is required.