သင်ပုန်းကွန်ပျူတာ

ဝီကီပီးဒီးယား မှ
Apple ၏ iPad (ဘယ်) နှင့်Amazon's Fire (ညာ) တို့သည် စီးပွားရေးအရ အအောင်မြင်ဆုံး သင်ပုန်းကွန်ပျူတာများ ဖြစ်ကြသည်။

သင်ပုန်းကွန်ပျူတာတစ်လုံးကို ယေဘူယျအားဖြင့် Tablet ဟု အတိုခေါက် ခေါ်ကြပြီး ပြောင်းနိုင်ရွေ့နိုင်သော ကွန်ပျူတာတလုံးဖြစ်သည်နှင့်အညီ အတွင်း၌ အားပြန်သွင်းနိုင်သော ဘတ္ထရီ၊ အလုပ်လုပ်နေသော ဆားကစ်ပြားများ၊ အရောင်ပြသနိုင်ခြင်းနှင့် လက်ဖြင့် တို့ထိနိုင်ခြင်းများအားလုံးကို ပါးလွှာစွာ ပြုလုပ်ထုပ်ပိုးထားခြင်းဖြစ်သည်။. သင်ပုန်းကွန်ပျူတာ အများစုတွင် ပုံရိပ်များအား အမြဲတမ်း တည့်မတ်စွာ ပြသစေနိုင်သော ဖြောင့်မတ်မီတာတခု၊ မိုက်ခရိုဖုန်းတခု နှင့် ဒီဂျစ်တယ် ကင်မရာတခု ပါဝင်သော ထောက်လှမ်းကိရိယာများလည်း ပါဝင်သည်။ တို့ထိမျက်နှာပြင်ပြသခြင်းတွင်မူ ကွန်ပျူတာတွင် အသုံးပြုသော မောက်၊ ထွက်ပတ် နှင့် ကီးဘုတ်များအစား မှော်တံ သို့ လက်ချောင်းများဖြင့် အသုံးပြုရသည့် ဂတ်ချားများအသုံးပြုသည်။ 

သင်ပုန်းကွန်ပျူတာများသည် စမတ်ဖုန်းများ သို့ တကိုယ်ရေသုံး ဒီဂျစ်တယ် အထောက်အကူပစ္စည်းများထက် ပိုမိုကြီးမားပြီး ထောင့်ဖြတ်အနေဖြင့် တိုင်းတာလျှင် မျက်နှာပြင်သည် ၇လက္မ (၁၈စင်တီမီတာ) သို့ ထို့ထက်ပိုကြီးနိုင်သည်။ မည်သို့ပင်ဖြစ်စေ အများစုမှာ ကီးဘုတ်ယောင် အသုံးပြုပြီး မိုဘိုင်းလ်ထိန်းချုပ်စနစ်ထည့်သွင်းထားသည့် ခေတ်သစ် စမတ်ဖုန်းတခု၏ ပါဝင်မှုများနှင့် အတူတူပင်ဖြစ်သည်။ ၎င်းတို့တွင် ကီးဘုတ်အစစ်မပါရှိသည်ကိုအစားထိုးနိုင်သည့်အနေဖြင့် ဘလူးတုသ် သို့ ယူအက်စ်ဘီကီးဘုတ် များဖြင့် ချိတ်ဆက်၍ အသုံးပြုနိုင်အောင် ဖန်တီးပေးထားကြသည်။

ဤသင်ပုန်းကွန်ပျူတာပုံစံအား ၂၀ရာစုအလယ်ခေတ်တွင် စိတ်ကူးပုံဖော်ခဲ့ကြသည်။ စတိန်းလီ ခဘ်ရစ်၏ စိတ်ကူးယဉ် သင်ပုန်းကွန်ပျူတာအား ၁၉၆၈ ထွက် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ကားဖြစ်သည့် A Space Odyssey တွင် တွေ့မြင်နိုင်သည်။ ထို့နောက် ဆယ်စုနှစ်နှစ်ခုအကြာတွင် အစမ်းထုတ်လုပ်ပြီး ဖွံ့ဖြိုးတိုးတတ်လာခဲ့သည်။ အက်ပဲလ်သည် လူကြိုက်များမှုရရှိရန်ပထမဆုံးသောအစုလိုက်ဈေးကွက်တက်ဘလက်ဖြစ်သည့်အိုင်ပက်ဒ်ကိုထုတ်ပြန်ခဲ့သည်။ ထိုနောက်တက်ဘလက်များသည်နေရာအနှံ့တွင်လျင်မြန်စွာမြင့်တက်လာခဲ့ပြီးမကြာမီတွင်ကိုယ်ရေးကိုယ်တာ၊ ပညာရေးနှင့်အလုပ်ခွင်အသုံးချမှုများအတွက်အသုံးပြုသောထုတ်ကုန်အမျိုးအစားကြီးဖြစ်လာခဲ့သည်။ တက်ဘလက်ကွန်ပျူတာအတွက်လူကြိုက်များသောအသုံးပြုမှုမှာ တင်ဆက်နည်းများကိုကြည့်ရှုခြင်း၊ ဗွီဒီယိုတွေ့ဆုံခြင်း၊ အီလက်ထရွန်းနစ်- စာအုပ်များဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဓာတ်ပုံများဝေမျှခြင်းနှင့်အခြားအရာများဖြစ်သည်။ ၎င်းတို့တွင် ကီးဘုတ်အစစ်မပါရှိသည်ကိုအစားထိုးနိုင်သည့်အနေဖြင့် ဘလူးတုသ် သို့ ယူအက်စ်ဘီကီးဘုတ် များဖြင့် ချိတ်ဆက်၍ အသုံးပြုနိုင်အောင် ဖန်တီးပေးထားကြသည်။ ဤသင်ပုန်းကွန်ပျူတာပုံစံအား ၂၀ရာစုအလယ်ခေတ်တွင် စိတ်ကူးပုံဖော်ခဲ့ကြသည်။ စတိန်းလီ ခဘ်ရစ်၏ စိတ်ကူးယဉ် သင်ပုန်းကွန်ပျူတာအား ၁၉၆၈ ထွက် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ကားဖြစ်သည့် A Space Odyssey တွင် တွေ့မြင်နိုင်သည်။ ထို့နောက် ဆယ်စုနှစ်နှစ်ခုအကြာတွင် အစမ်းထုတ်လုပ်ပြီး ဖွံ့ဖြိုးတိုးတတ်လာခဲ့သည်။ အက်ပဲလ်သည် လူကြိုက်များမှုရရှိရန်ပထမဆုံးသောအစုလိုက်ဈေးကွက်တက်ဘလက်ဖြစ်သည့်အိုင်ပက်ဒ်ကိုထုတ်ပြန်ခဲ့သည်။ ထိုနောက်တက်ဘလက်များသည်နေရာအနှံ့တွင်လျင်မြန်စွာမြင့်တက်လာခဲ့ပြီးမကြာမီတွင်ကိုယ်ရေးကိုယ်တာ၊ ပညာရေးနှင့်အလုပ်ခွင်အသုံးချမှုများအတွက်အသုံးပြုသောထုတ်ကုန်အမျိုးအစားကြီးဖြစ်လာခဲ့သည်။ တက်ဘလက်ကွန်ပျူတာအတွက်လူကြိုက်များသောအသုံးပြုမှုမှာတင်ဆက်နည်းများကိုကြည့်ရှုခြင်း၊ ဗွီဒီယိုတွေ့ဆုံခြင်း၊ အီး - စာအုပ်များဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဓာတ်ပုံများဝေမျှခြင်းနှင့်အခြားအရာများဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

၁၈၈၈ခုနှစ် တယ်လတိုဂရပ်

သင်ပုန်းကွန်ပျူတာနှင့် ၎င်း၏ဆက်စပ်စနစ်များသည် ရေးဆွဲရာတွင်အသုံးပြုသည့် ကွန်ပျူတာ ကလောင်တံစနစ်နှင့်အတူမွေးဖွားလာခဲ့သည်။ သတင်းအချက်အလက်များအားဖော်ပြထားသည့် ချပ်ပြားတစ်ပြားပေါ်၌ ဒေတာအချက်အလက်များ ထည့်သွင်းခြင်းနှင့် ထုတ်ယူခြင်းတွင်အသုံးပြုသည့် လျှပ်စစ်ပစ္စည်းများသည် ၁၈၈၈ခုနှစ်အစောပိုင်းတွင် တယ်လတီတွတ်ဂရပ်နှင့် တည်ရှိနေပြီးဖြစ်သည်။ ထိုကိရိယာသည် ပုံဖော်ရန်အတွက် စက္ကူပြားတစ်ချက်၊ လျှပ်စစ်သံလိုက်စက်ကိရိယာများနှင့်တွဲထားသည့်အထိန်းချုပ်ခံ ကလောင်တံတခုအား အသုံးပြုထားသည်။ ၂၀ ရာစုတစ်လျှောက်လုံးတွင် ဤထူးခြားသောလက္ခဏာများပါသောကိရိယာများကို အသေးစိတ်ပုံစံများ၊ ရှေ့ပြေးပုံစံများ (သို့) စီးပွားဖြစ်ထုတ်ကုန်များအဖြစ်စိတ်ကူး ဖန်တီးခဲ့ကြသည်။ များစွာသောပညာရေးနှင့်သုတေသနစနစ်များအပြင်ကုမ္ပဏီတော်တော်များများသည် ၁၉၈၀ ပြည့်လွန်နှစ်များ၌ စီးပွားဖြစ်ထုတ်ကုန်များဖြန့်ချိခဲ့ပြီး input / output အမျိုးအစားအမျိုးမျိုးကိုစမ်းသပ်ခဲ့ကြသည်။

သင်ပုန်းကွန်ပျူတာဖွံ့ဖြိုးတိုးတက်မှုသည် အဓိကနည်းပညာဆိုင်ရာတိုးတက်မှုများစွာအား လမ်းဖွင့်ပေးနိုင်ခဲ့သည်။ ကွန်ပျူတာပစ္စည်းများနှင့် မိုဘိုင်းလ် ပစ္စည်းများ၏ အခြေခံဖြစ်သော MOSFET transistor နည်းပညာ (Moore's law) ၏ သေးငယ်ပြီး ချုံချဲနိုင်ခြင်းနည်းပညာများ လျင်မြန်လာခြင်းသည် သေးငယ်ပြီး သယ်ဆောင်နိုင်သောစမတ်ပစ္စည်းများကိုတည်ဆောက်နိုင်ခဲ့သည်။ နောက်ထပ်အရေးကြီးသောစွမ်းဆောင်နိုင်သည့်အချက်တစ်ခုမှာ တက်ဘလက်များအတွက်မရှိမဖြစ်လိုအပ်သောစွမ်းအင်အရင်းအမြစ်ဖြစ်သည် lithium-ion battery များကို ၁၉၉၁ ခုနှစ်တွင် Sony နှင့် Asahi Kasei က စီးပွားဖြစ်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရှေ့ပြေးပုံစံနှင့် စိတ်ကူးယဉ်သင်ပုန်းကွန်ပျူတာများ[ပြင်ဆင်ရန်]

၂၀ရာစုနှစ် ဒုတိယအအလယ်ပိုင်း၏ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းများအတွင်း သင်ပုန်းကွန်ပျူတာကို အတော်အတန်တွေ့ရသည်။ ဤသည်ကပင် ပရိသတ်များပိုမိုကျန်ပြန့်လာစေရန်နှင့် ပိုမိုးတိုးတတ်လာရန်လမ်းပြကူညီပေးခဲ့သည်။ ဥပမာအနေဖြင့်

အိုက်စစ်မော့စီမို့က ဖောင်တေးရှင်း(၁၉၅၁)ဆိုသည့် သူ၏ ဝတ္ထုတွင် ကယ်ကူလေတာပြားတခုအား ပုံဖော်ပြခဲ့သည်။

စတနစ်လော လမ် ကြယ်များမှ အပြန်(၁၉၆၁) ဝတ္ထုတွင် အော့ပတွန် အား ပုံဖော်ခဲ့သည်။

ဂျန်း ရော့ဒန်ဘယ်ရီ၏ စတာတရက် ဇာတ်လမ်းတွဲများတွင် ဆင်တူ ကိရိယာများစွာအား ပုံဖော်ပြခဲ့သည်။

အခြားအကြောင်းအရာများ[ပြင်ဆင်ရန်]

ကွန်ပျူတာ

မိုဘိုင်းလ်ဖုန်း

အင်တာနက်

အန်းဒရွိုက်

အက်ပဲ

ကိုးကား[ပြင်ဆင်ရန်]