မာတိကာသို့ ခုန်သွားရန်

ဝေါလ်မတ်

ဝီကီပီးဒီးယား မှ
Walmart Inc.
အမျိုးအစားအများပိုင်
လုပ်ငန်းလက်လီရောင်းဝယ်ရေးလုပ်ငန်း
ရှယ်ယာရောင်းဝယ်ရာနေရာ
ISINUS9311421039
တည်ထောင်သည့်နှစ်
  • ဇူလိုင် ၂၊ ၁၉၆၂; ၆၃ နှစ် အကြာက (၁၉၆၂-၀၇-02)
  • ရော်ဂျာမြို့ အာကင်ဆောပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
တည်ထောင်သူများဆမ် ဝေါ်လ်တန်
ဌာနချုပ်ဘန်တွန်ဗီးလ်၊ အာကင်ဆောပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
တည်နေရာတကမ္ဘာလုံးတွင် စတိုး ၁၁,၇၁၉ ခု(January 31, 2018)[][]
ဝန်ဆောင်မှု ဧရိယာတကမ္ဘာလုံး
အရေးပါ ပုဂ္ဂိုလ်များ
ထုတ်ကုန်ပစ္စည်း
  • အီလက်ထရွန်းနစ်
  • ရုပ်ရှင်နှင့် ဂီတ
  • အိမ်သုံး ပရိဘောဂများ
  • အိမ်အလှဆင်ပစ္စည်းများ
  • အဝတ်အထည်
  • ဖိနပ်
  • ရတနာ
  • အရုပ်
  • ကျန်းမာရေးနှင့် အလှကုန်
  • အိမ်မွေးတိရစ္ဆာန် ပစ္စည်းများ
  • အားကစားနှင့် ကိုယ်ကာယ ပစ္စည်းများ
  • မော်တော်ကား ပစ္စည်းများ
  • ဓာတ်ပုံကူး
  • လက်မှုပစ္စည်းများ
  • ပါတီပွဲသုံး ပစ္စည်းများ
  • ဟင်းချက်စရာများ
ဝန်ဆောင်မှု
  • Walmart-2-Walmart
  • Walmart MoneyCard
  • Pickup Today
  • Walmart.com
  • Walmart Pay
ဝင်ငွေIncrease US$၅၀၀.၃၄ ဘီလီယံ (၂၀၁၈)[]
အခွန်မဆောင်မီ ဝင်ငွေDecrease US$၂၀.၄၃၇ ဘီလီယံ (၂၀၁၈)[]
အသားတင် ဝင်ငွေDecrease US$၉.၈၆၂ ဘီလီယံ (၂၀၁၈)[]
ရင်းနှီးမြှုပ်နှံမှုIncrease US$၂၀၄.၅၂ ဘီလီယံ (၂၀၁၈)[]
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease US$၇၇.၈၆၉ ဘီလီယံ (၂၀၁၈)[]
ပိုင်ရှင်များဝေါ်လ်တန် မိသားစု (51%)
အလုပ်သမားဦးရေ
  • ၂.၃ သန်း၊ တကမ္ဘာလုံး (၂၀၁၇)
  • ၁.၄ သန်း, အမေရိကန်ပြည်ထောင်စု (၂၀၁၇)[]
ဌာနခွဲများ
  • ဝေါလ်မတ် ယူအက်စ်
  • ဝေါလ်မတ် အင်တာနေရှင်နယ်
  • ဆမ် ကလပ်
  • ဂလိုဘယ် အီးကွန်းမန့်
ကုမ္ပဏီခွဲ
  • ဝေါလ်မတ် ကနေဒါ
  • ဝေါလ်မတ် မက္ကဆီကို
  • ဝေါလ်မတ် ချီလီ
  • ဝေါလ်မတ် ဒီ မက္ကဆီကို ဝိုင် ဆန်ထရိုအမေရိကား
  • ဝေါလ်မတ်လက်ဘ်
  • ဝေါလ်မတ် အိမ်နီးနားဈေး
  • အက်စ်ဒါ
  • အာမီဂို ဆူပါမတ်ကက်
  • ဗူဒူး
  • မတ်စ်မတ်
  • ဆေးယု ဂရု
  • ဘွမ်ပရက်ကို
  • လီဒါ
  • Jet.com
  • ဟေးလ်နီဒယ်
  • မုစ်ဂျော၊ မော့ဒ်ကလို့
ဝက်ဘ်ဆိုက်
ကိုးကား []

ဝေါလ်မတ် အင့် သည် အမေရိကန်ပိုင် နိုင်ငံတကာ လက်လီရောင်းချရေး ကော်ပိုရေးရှင်း တစ်ခု ဖြစ်ပြီး ဟိုက်ပါမတ်ကက်များ၊ လျှော့ဈေး ဒီပတ်မန့် စတိုးများ နှင့် ကုန်စုံဆိုင်များကို ဆိုင်ခွဲပေါင်းများစွာဖြင့် လည်ပတ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခု ဖြစ်သည်။ [] ရုံးချုပ်မှာ အာကင်ဆောပြည်နယ်၊ ဘန်တွန်ဗီးလ်တွင်ရှိပြီး ထိုကုမ္ပဏီအား ဆမ်ဝေါလ်တန်မှ ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ၁၉၆၉ ခုနှစ် အောက်တိုဘာ ၃၁ ခုနှစ်တွင် ကုမ္ပဏီ အဖြစ် ဖွဲ့စည်းခဲ့သည်။ ၎င်းသည် ဆမ်ကလပ် လက်လီ ကုန်လှောင်ရုံများကိုလည်း လည်ပတ်လုပ်ကိုင်နေသည်။ [][]၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ တွင် ဝေါလ်မတ်တွင် စတိုးဆိုင်နှင့် ကလပ်ပေါင်း ၁၁,၇၁၈ ခု ရှိပြီး နိုင်ငံပေါင်း ၂၈ ခုတွင် နာမည် ၅၉ ခုဖြင့် လုပ်ကိုင်လည်ပတ်လျက် ရှိသည်။ [][][] ကုမ္ပဏီသည် အမေရိကန်နှင့် ကနေဒါတွင် ဝေါလ်မတ် အမည်ဖြင့်လည်းကောင်း၊ မက္ကဆီကိုနိုင်ငံနှင့် အလယ်အမေရိက တွင် ဝေါလ်မတ် ဒီ မက္ကဆီကို စန်ထရို အမေရိကား အဖြစ် လည်းကောင်း၊ ယူနိုက်တက် ကင်းဒမ်းတွင် အက်စ်ဒါ အမည်ဖြင့်လည်းကောင်း၊ ဂျပန်တွင် ဆေးယု ဂရု အမည်ဖြင့်လည်းကောင်း အိန္ဒိယနိုင်ငံတွင် ဘက်စ်ပရိုက်စ် အမည်ဖြင့်လည်းကောင်း လုပ်ကိုင်လည်ပတ်နေသည်။ ထို့ပြင် အာဂျင်တီးနား၊ ချီလီ၊ ဘရာဇီး နှင့် ကနေဒါနိုင်ငံတို့တွင်လည်း အပြည့်အဝ ပိုင်ဆိုင်သော လုပ်ငန်းများ ရှိသည်။

ဝေါလ်မတ်သည် ၂၀၁၆ ခုနှစ် ဖော်ကျွန်း မဂ္ဂဇင်း၏ နိုင်ငံတကာ အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်း အရ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄၈၀ ဘီလီယံဖြင့် ကမ္ဘာပေါ်တွင် ဝင်ငွေအရ အကြီးမားဆုံးသော ကုမ္ပဏီဖြစ်ပြီး ဝန်ထမ်းပေါင်း ၂.၃ သန်းဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးသော အလုပ်ရှင် ဖြစ်သည်။ ထိုကုမ္ပဏီအား ဝေါ်လ်တန်ကုမ္ပဏီမှ ထိန်းချုပ်ထားပြီး အများနှင့် ဆိုင်ရာတွင် ရှယ်ယာ အရောင်းအဝယ်ပြုသော ကုမ္ပဏီ ဖြစ်သည်။ ဆမ်ဝေါ်လ်တန် ၏ အမွေကို ဆက်ခံသူများသည် ကုမ္ပဏီ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဦးပိုင်ကုမ္ပဏီ ဖြစ်သော ဝေါ်လ်တန်အင်တာပရိုက်စ်မှ လည်းကောင်း တစ်ဦးချင်း ပိုင်ဆိုင်မှု အရလည်းကောင်း ပိုင်ဆိုင်ကြသည်။ [၁၀] ဝေါလ်မတ်သည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်၏ အကြီးဆုံးသော လက်လီ ကုန်စုံရောင်းဝယ်သူ ဖြစ်ပြီး ဝေါလ်မတ်၏ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၇၈.၆၁၄ ဘီလီယံ၏ ၆၂.၃ ရာခိုင်နှုန်းသည် အမေရိကန် အခြေစိုက်လုပ်ငန်းမှ ရရှိခြင်း ဖြစ်သည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Information for Walmart Investors: Unit Counts & Square Footage March 4, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 20, 2018 တွင် ပြန်စစ်ပြီး။
  2. 1 2 Unit Counts by Country January 31, 2017 February 22, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 20, 2018 တွင် ပြန်စစ်ပြီး။
  3. 1 2 3 4 5 Wal Mart Stores Inc 2018 Annual Results (PDF)။ Walmart (February 21, 2018)။
  4. Walmart Locations Around the World – United States September 26, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. Walmart Corporate: United Kingdom Walmart။ January 4, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 19, 2014 တွင် ပြန်စစ်ပြီး။
  6. Form 8K – Walmart Inc. U.S. Securities and Exchange Commission (February 1, 2018)။ February 1, 2018 တွင် ပြန်စစ်ပြီး။
  7. Walmart 2015 Annual Report Walmart။ July 9, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 6, 2015 တွင် ပြန်စစ်ပြီး။
  8. Walmart Corporate: Locations Walmart။ January 17, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 19, 2014 တွင် ပြန်စစ်ပြီး။
  9. http://d18rn0p25nwr6d.cloudfront.net/CIK-0000104169/a25e7acb-aa07-49f3-8c0c-0c69e5a8d372.pdf
  10. Share Ownership Wal Mart 2013 Proxy statement October 12, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 10, 2014 တွင် ပြန်စစ်ပြီး။