ဝေယံအောင်
| ဝေယံအောင် | |
|---|---|
| မွေးဖွား | ၂၂ ဇူလိုင်၊ ၁၉၉၁ မင်းဘူး, မြန်မာ |
| နိုင်ငံလူမျိုး | မြန်မာ |
| အခြား အမည်များ | သီဟသူ |
| အလုပ်အကိုင် | အလှမယ်ပြိုင်ပွဲ အမျိုးသားဒါရိုက်တာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ |
| အဖွဲ့အစည်း | ရွှေမြေမြန်မာအလှမယ် တည်ထောင်သူ မစ္စတာမြန်မာ တည်ထောင်သူ |
ဝေယံအောင် (၁၉၉၁ ခုနှစ်ဇူလိုင်လ ၂၂ ဇူလိုင် ၁၉၉၁ မွေးဖွား) သည် နိုင်ငံ့ဂုဏ်ဆောင်အလှမယ်များအား နိုင်ငံတကာသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့သည့် ရွှေမြေမြန်မာအလှမယ်အား ပူးတွဲတည်ထောင်သူ မြန်မာလူငယ်တစ်ဦး ဖြစ်သည်။၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် Gen Z အဖွဲ့ဝင်များ နှင့်အတူ ထိုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေသို့ သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားခဲ့သူလည်း ဖြစ်သည်။
အစောပိုင်းဘဝနှင့် လုပ်ဆောင်မှုများ
[ပြင်ဆင်ရန်]ဝေယံအောင်ကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ မွေးဖွားခဲ့သည်။ သူသည် ရွှေမြေမြန်မာအလှမယ် ကို ၂၀၁၃ တွင် သူ၏သူငယ်ချင်းဖြစ်သူ ဟန်ဇော်လတ် နှင့်အတူ တည်ထောင်ခဲ့ကြသည်။
နိုင်ငံရေးလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအာဏာသိမ်းပွဲအပြီးတွင် သူသည်လူထုစုဝေးပွဲများ နှင့် လူမှုကွန်ရက်များမှတဆင့် အာ ဏာသိမ်းမှုအား ဆန့်ကျင်ခဲ့သည်။သူသည် စစ်တပ်အာဏာသိမ်းမှုကိုရှုတ်ချခဲ့ပြီး ဖေဖော်ဝါရီလမှစတင်ကာဆန္ဒပြမှုများတွင် Gen Z Burma အဖွဲ့ဝင်တစ်ဦးအနေဖြင့် တက်ကြွစွာ ပါဝင်ခဲ့သည်။[၁]
စစ်တပ်သည် လူသိများသည့် ၎င်း၏ အာဏာသိမ်းမှုဆန့်ကျင်ခြင်းနှင့်စပ်လျဉ်းပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့သည်။
စစ်ကောင်စီ၏ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် Gen Z Burma အဖွဲ့ဝင် ဝေယံအောင် သည် အမှုဖွင့်ခံထားရသည့်အခြားသော ရွှေမြေမြန်မာအလှမယ် အား ပူးတွဲတည်ထောင်သူ ဟန်ဇော်လတ် အပြင် Alvin တို့နှင့် လွတ်မြောက်နယ်မြေ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခဲ့ကြသည်။
နိုင်ငံတကာဆုရ အလှမယ်များအား မွေးထုတ်ပေးသည့် လုပ်ငန်းကိုလည်း သူက စွန့်လွှတ်ခဲ့ရသည်။
ထိုင်း-မြန်မာနယ်စပ် တောတွင်းနေရာမှနေ၍ သူသည် အခြားသော Gen Z များကဲ့သို့ မြန်မာ့ဒီမိုကရေစီအရေးကို ပါဝင်လှုပ်ရှားခဲ့သည်။ထို့နောက် နယ်စပ်မှတဆင့် အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံခဲ့သည်။[၂]
၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ တွင် ဝေယံအောင်သည် အမေရိကန်ပြည်ထောင်စု၊ Johns Hopkins တက္ကသိုလ် မှပေးအပ်သည့် Science in Education Policy ဘွဲ့လွန်တန်းပညာသင်ဆုကို ရရှိခဲ့သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နောင်တ မရှိတဲ့ ခရီးကြမ်းကို ချီတက်လာတာ (၄) လ ပြည့်ပြီ။ The Irrawaddy (၃၁ မေ ၂၀၂၁)။ ၈ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အုပ်တချပ် သဲတပွင့် တာဝန်ယူပေးနိုင်တာကို ကျေနပ်နေမိတယ်။ The Irrawaddy (၇ ဇွန် ၂၀၂၁)။ ၈ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာပြည်က လူငယ်များ။ RFA (၃ မတ် ၂၀၂၅)။ ၈ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။