ဝေဖာ

ဝီကီပီးဒီးယား မှ
ဝေဖာ
Akbar Mashti.JPG
Ice cream sandwiches prepared with wafers
အမျိုးအစားကွတ်ကီး
Cookbook: ဝေဖာ  Media: ဝေဖာ

ဝေဖာ (အင်္ဂလိပ်: Wafer) သည် ကြွပ်၍ ပြားပြားပါးပါးဖြစ်သော မုန့်ခြောက်ဖြစ်သည်။ ရေခဲမုန့်အား တန်ဆာဆင်ရန်အတွက် အသုံးများပြီး အချို့သော မုန့်ချိုများတွင်လည်း အဆာပလာအဖြစ် ထည့်တတ်သည်။ ဝေဖာကို အလွှာအထပ်ထပ်ဆင့်ကာ ကြား၌ ကရင်ထည့်၍ မုန့်ခြောက်အဖြစ် စီမံတတ်သေးသည်။ ပုံမှန်ထုတ်လုပ်လေ့ရှိသည်မှာ ဖိစက်မှထွက်သည့် လေးထောင့်ကွက်ပုံဖြစ်သည်။ သို့သော် မုန့်တိုက်၏အလိုအတိုင်း ကွက်ပျောက်ဖြစ်စေ၊ ပုံဆန်းများဖြင့်ဖြစ်စေ ရှိနိုင်သည်။ ကစ်ကတ်နှင့် ကော်ဖီခရစ်ကဲ့သို့သော ချော့ကလက်ချောင်းတို့၌ ဝေဖာလွှာကြား၌ ချော့ကလက်ထည့်သည်။

ကွဲပြားသော စီမံခြင်းများ[ပြင်ဆင်ရန်]

နို့ဝေဖာ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ဝေဖာအကြား၌ နို့ဆီ၊ သကြားနှင့် အုန်းသီးတို့ထည့်ကာ နို့ဝေဖာအမည်ဖြင့် သရေစာအတွက် ရောင်းချသည်။