ဝေဒခေတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အာရိယန်လူမျိုးစုသည် (ခရစ်တော်မပေါ်မီ) ဘီစီ၁၇၅၀ ခန့်တွင် အနောက်မြောက်ဖက်မှနေ၍ အိန္ဒိယပြည်တွင်းသို့ ဝင်ရောက်လာလေသည်။ ထိုသူတို့သည် ဝေဒ (ခေါ်) ဘာသာရေးကျမ်းများကို ယူဆောင်လာကြသည်။ ထိုဝေဒကျမ်းများတွင် ကောင်းကင်တွင် နေသောနတ်၊ မြေပြင်တွင်နေသောနတ်၊ သဘာဝကို အုပ်စိုးသောနတ်၊ ခံစားမှုကို ဖန်ဆင်းပေးတတ်သောနတ် စသောနတ်ဘုရားများကို ဖော်ပြထားသည်။ တန်ခိုးရှင်ဖြစ်ကြသော ထိုနတ်ဘုရားတို့၏ စောင့်ရှောက်မှုကို ရရန်နှင့် နှိပ်ကွပ်မှုမှ လွတ်မြောက်ရန် ယစ်ပူဇော်ပွဲများ ပြုလုပ်လာကြလေသည်။ ထိုခေတ်၏ ဘာသာရေးသည် ဝေဒကျမ်းများ အဆိုအမိန့်အရ ယစ်ပူဇော်ပွဲတို့သာ လွှမ်းမိုးနေလေသည်။

ထို့နောက် ဝေဒကျမ်းများကို အခြေခံကာ ဗြာဟ္မဏကျမ်းအာရညတကျမ်းဥပနိသျှဒ်ကျမ်းတို့ ထွန်းကားလာကြလေသည်။ နတ်အများကို ကိုးကွယ်နေရာမှ နတ်တစ်ပါးတည်းကိုသာ နတ်ဘုရားကြီးအဖြစ် ကိုးကွယ်လာကြသည်။ ထိုနတ်ဘုရားနှင့် လူသားတို့ကို ဆက်သွယ်ပေးရန် ဗြာဟ္မဏခေါ်သော လူတန်းစားတစ်ရပ် ပေါ်ထွက်လာခဲ့သည်။ ဤသို့လျှင် အိန္ဒိယနိုင်ငံသမိုင်း၌-

  • ခတ္တိယရှင်ဘုရင်မျိုး၊
  • ဗြာဟ္မဏပညာရှိမျိုး၊
  • ဝေဿလယ်သမားမျိုး၊
  • သုဒ္ဒကျွန်မျိုး ဟူ၍ အမျိုးလေးစား ခွဲခြားပေါ်ပေါက်လာခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မိုးကုတ်၊ ခါတော်မှီကျောင်းတိုက် ဆရာတော် အရှင်ပညိန္ဒာဘိဝံသ(ပထမကျော်-ဘီအေ)၏ မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓဘာသာစစ်တမ်း